Monday 15 October 2012

"ကျောင်းအပ်ပွဲ" တဲ့

မုဒိတာကျောင်းအပ်ပွဲတဲ့။ သွားလိုက်ကြဦးနော်။ ပျော်ပျော်ပါးပါးပေါ့။ ဒီကျောင်းအပ်ပွဲကိုမန်မာမုဒိတာ လူငယ်များအဖွဲ့ ဘလော့ကနေ ကူးယူလာတာ။ ပြည်ပက အလှူရှင်တွေအနေနဲ့ ကျောင်းအပ်ပွဲနေ့မှာ သာဓု တစ်လုံးတစ်ဝကြီး ခေါ်နိုင်ပါတယ်။ ပြည်တွင်းက အလှူရှင် စေတနာရှင်တွေအနေနဲ့ကတော့ ကိုယ်တိုင် သွားရောက်ပြီး ကျောင်းရေစက်ချပွဲ ဆင်နွှဲနိုင်ကြပါတယ်။ မုဒိတာရဲ့ အသီးအပွင့်လေးတွေပေါ့။ ၀မ်းသာကြည်နူးဖို့ကောင်းပါတယ်။ကားမစပ်။ ဘလော့ပေါ် ပျောက်နေပေမဲ့ စာတွေ မဖတ်ဖူးလို့တော့ မထင်စေချင်ဘူး။ ဖတ်နေကျ ဘလော့တွေရဲ့ ပို့စ်အသစ် အတော်များများကို ကသုတ်ကယက် ခပ်သွက်သွက်တော့ ဖတ်ဖြစ်ပါသေးတယ်။ ကိုယ် မအားတာထက် စိတ်မအားတာက ပို မအားသလို ဖြစ်နေပါ၍။ ။
... 
 
ကျောင်းအပ်ပွဲ

အားလုံးမင်္ဂလာပါ..
မတွေ့တာကြာတော့ မုဒိတာရဲ့ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်သွားတာတောင် နည်းနည်းကြာသွားပြီ။ကျွန်တော်တို့ရဲ့ နိုင်ငံတကာမှ အလှုရှင်များ၏ စုပေါင်းလှုဒါန်းမှုဖြင့် (29.8.2012)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း ကျောင်းဆောင် ဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်တာကြောင့် အခုလာမဲ့ တနင်္ဂနွေနေ့မှာ ကျောင်းဆောင်အား ရေစက်ချပြီး ဆရာတော်အား အပ်နှံတော့မှာ ဖြစ်ပါတယ်။အစီအစဉ်ကို အောက်မှာ ဆက်လက် ဖတ်ရှုပါခင်ဗျား..





အခုလာမဲ့ တနင်္ဂနွေနေ့မနက် ( ၉း၃၀ ) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွာမှာ ဖြစ်ပြီး ကျောင်းရှိ သဃာင်္တော်များ၏ နေ့ဆွမ်းအချိန်အမှီ သွားရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်ရှိနေတဲ့ အလှုရှင်များကိုယ်စား မြန်မာနိုင်ငံမှ မိသားစုဝင်တွေလိုက်ပါပြီး ကိုယ်တိုင်ရေစက်ချနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။လိုက်ပါမည့် ပရိတ်သတ်အရေအတွက်ကိုကြည့်ပြီး သင့်တော်မည့် ခရီးသည်ယာဉ်ကို စီစဉ်မှာဖြစ်တဲ့အတွက် မိမိတို့ကိုယ်တိုင် ရေစက်ချ လှုဒါန်းလိုတဲ့ မည်သူမဆို  အောက်ပါ ဖုံးနံပါတ်များသို့ဆက်သွယ်ပြီး (၁၉.၁၀.၂၀၁၂-သောကြာ) ရက်နေ့နောက်ဆုံးထားပြီး စာရင်းပေးကြပါရန် -လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်..။

၁။ကိုကျော်စွာစိုးမြတ် - 094 210 598 27  ၊ ( andrew189kc@gmail.com)
၂။ဒေါ်အိအိစိုး- 095 152 463 ၊ (
ei.soe64@gmail.com )
၃။အဘီး - 094 200 874 35 ၊ ( phoeheadphyu@gmail.com )


မြို့နယ်သံဃာ့နာယကဆရာတော်နှင့် ကျောင်းရှိသံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်မှာဖြစ်ပြီး လိုက်ပါမည့် မုဒိတာအဖွဲ့သားများ၊ အလှုရှင်များ နှင့် ကျောင်းရှိ
စာသင်သားကလေငယ်များအား နေ့လည်စာဖြင့် ဧည့်ခံမှာ ဖြစ်ပါတယ်ခင်ဗျား..။
 (၁)
(၂)

  (၃)
(၄)
 (၅)

 ပန်းကလေးများ ပွင့်တော့မည်..
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G) ကိုယ်စား
ကိုရင်
07:56 (GMT) 

.

5 comments:

ကိုရင် said...

ဆိုတော့ကာ ဦးဇနကဘက်လည်း လက်တို့လိုက်ပါအုံး..
ကိုကိုမောင်ရော နေကောင်းရဲ့လား သူကြီးမင်းရဲ့.. :D

တောက်ပကြယ်စင် said...

သူကြီးမင်းရေ မင်္ဂလာပါ။
အမလေး တော်ပါသေးရဲ့။ ကသုတ်ကယက်လာတဲ့အထဲမှာ ဘုန်းဘုန်းကျောင်းလည်း ပါလောက်ပါရဲ့နော်။ ဟာဟ။
စိတ်ချမ်းမြေ့ဖွယ် မြင်ကွင်းလေး လာကြည့်သွားတယ်။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

mstint said...

မအားမလပ်တဲ့ကြားက ကုသိုလ်ရေးရာလေး လုပ်နိုင်တာ မင်္ဂလာတစ်ပါးပါ တဂျီးမင်းရေ။
သာဓု သာဓု သာဓု

မေတ္တာဖြင့်
အန်တီတင့်

နွေတေးရှင် (မင်းဧရာ) said...

သူကြီး......
အလုပ်တွေများနေ ထင်ပါ့ ။

လှုဒါန်းမှု့အစုစု အတွက် ပျော်ရွှင်ကြည်နူးနေလျှက်ပါဗျာ။

SHWE ZIN U said...

သူကြီး

စိတ်ကြည်နူးရပါတယ် သာဓု ပါ ဒါနဲ့ အသစ်လေး ဘာလေး ရေးဖို့ စိတ်ကူးများ မရတော့ဘူးလား မျှော်နေပဗျာ

ခင်တဲ့
ရွှေစင်ဦး