Saturday 18 August 2012

လန်ဒန်နွေသရုပ်


(ကိုကို + ပျိုပျို + နွေ)

နွေပူ နွေခေါင် လူပျိကြီးတို့
ကိုယ်လုံးတီးနဲ့ နေကြတယ်။

ကညာမျိုးစုံ ပျိုတွေထဲက
မျက်လုံးရွဲနဲ့  ကြည့်ကြတယ်။ 

မျက်လုံးဆိုတာ ငမ်းဖို့လားကွဲ့
ချွေးထွက်အားကြောင့် ရှက်ဖူးကွယ်။ 

ပျိုလဲအိုက်တယ် ကိုကိုများရဲ့
အ၀တ်ပါးနဲ့ နေကြည့်မယ်

ကြည့်မယ် ကြည့်မယ်။ 


(ပျိုပျို + ကိုကို + နွေ)

နွေပူ နွေခေါင် အပျိုကြီးမို့
ကိုယ်လုံးတီးနဲ့ နေကြည့်တယ်။

မဟာလူပျို ဟိုငနဲက
မျက်လုံးရွဲနဲ့ ငမ်းသေးတယ်။

မျက်လုံးဆိုတာ ငမ်းဖို့လားဟဲ့
ချွေးထွက်အားကြောင့် ရှက်ဖူးရယ်။

ရှင်လဲအိုက်ရင် ပျိုမေထားနှင့်
အ၀တ်စားမဲ့ နေကြည့်ကွယ်။

ကြည့်ကွယ် ကြည့်ကွယ်။

<0>  <0>
()
---

(၁၀၊၀၈၊၂၀၁၂၊ စနေနေ့ 
ညနေ ၆ နာရီ ၂၇ မိနစ်)

မှတ်ချက်။
ဆရာမင်းသုဝဏ်၏ သပြေသီးကောက် ကဗျာကို မှီးပြီး လန်ဒန်နွေသရုပ်ကို ပုံဖော်ထားပါသည်။း))))
ပျိုလဲအိုက်တယ် ကိုကိုများနဲ့
အ၀တ်စားမဲ့ နေကြည့်မယ်။

20 comments:

mstint said...

ရင်ထဲကဆန္ဒတွေကို စာမျက်နှာပေါ်ချပြလိုက်တယ်ပေါ့ တဂျီးမင်းရေ။ ကဗျာတစ်ပုဒ် လက်တမ်းထိုး စပ်နိုင်တဲ့ ပါရမီရှင်တွေကို အားကျမိတယ်။ အကြာကြီးးမျှော်မှ ဖတ်ရတဲ့ပို့စ်တစ်ပုဒ်ကတိုလွန်းနေတယ် မဖတ်ခင်ပြီးဆုံးသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

good

တူမလေး said...

ဦးလေးရေ...... လန်ဒန်နွေသရုပ်ကိုဖန်တီးထားတာကောင်းပါတယ်....

သိင်္ဂါကျော် said...

သူတို့ ခမျာလည်း ဒီလို နွေရာသီလေး ရောက်မှ ဖော်ရ ချွတ်ရ ရှာတာကိုး လုပ်ပါစေလေ..

ကူးကူးလှိုင် said...

လန်ဒန်ရဲ့နွေသရုပ်ကို မျက်လုံးထဲမြင်ယောင်သွားပါကြောင်း ...

သောကြာမေ said...

မဟာလူပျို ဟိုငနဲဆိုတာ သဂျီးလားဟင်! သူတို့အချင်းချင်းကတော့ ရိုးနေပြီမို့လို့ ဖြစ်နိုင်ချေကတော့ သဂျီးပဲရှိတော့တယ်

မေဓာဝီ said...

နွေလယ်ခေါင်မှာ သဂျင်းမီးက
ကိုယ်လုံးတီးတွေ လိုက်ချောင်းတယ်။

ကညာမျိုးစုံ ပျိုအိုမရွေးပေါ့
အပြေးအလွှား ငမ်းလို့ရယ်။

ဘိလပ်ဆိုတာ ဒီလိုပဲကွယ့်
နေပူတဲ့အခါ အ၀တ်ချွတ်မယ်။

မျက်လုံးကျွတ်အောင် အကြည့်သရမ်းလို့
ခြေလှမ်းများတောင် မှားပေါ့ကွယ်။

ရှက်ဖွယ် ရှက်ဖွယ်။ ... ။

@_@
ဆရာကြီးမင်းသုဝဏ်၏ အလွန်ချစ်ဖွယ်ကောင်းသော သပြေသီးကောက် ကဗျာကို အလွန်စက်ဆုပ်ဖွယ်ဖြစ်အောင် ဖျက်လိုဖျက်ဆီးလုပ်သည့် တုံးဖလားသူကြီး ကိုကိုမောင်အား အထက်ပါ ကဗျာဖြင့် ရှုံ့ချအပ်ပါသည်။

ပုံ
မေဓာဝီ

သဒ္ဓါလှိုင်း said...

လန်ဒန်နွေသရုပ်ကို ထင်ဟပ်စေတာပဲး)

ခင်မင်လျက်
သဒ္ဓါ

ဘုန်း၂တောက် said...

စိတ်ထဲမှာ အသံနေအသံထားနဲ့ ဖတ်ကြည့်လိုက်တယ်။ ဆိုလို့ကောင်းတယ်။

မေဓာ့ကဗျာကိုလည်း အသံနေအသံထားနဲ့ ဖတ်ကြည့်သေးတယ်။ ဆိုလို့ကောင်းတယ်။

သူကြီးမင်း (တုံးဖလား) said...

မေဓာဝီဟာ ဘိလပ်သမီးမို့
ကိုယ်လုံးတီးနဲ့ နေဖူးမယ်။

ကိုကိုလူပျို ဟိုဒီကြည့်လို့
ရှက်ဖွယ်လိလိ ကြုံဖူးမယ်။

ရှက်ရမ်းရမ်းကာ ရန်တွေလုပ်တော့
သူကြီးငုတ်တုတ် ထိုင်မေ့တယ်။

ပျိုကြီးဇာတာ နက္ခတ်ထိလို့
တအိအိနဲ့ ငိုရှိုက်တယ်။

မိုက်တယ် မိုက်တယ်။
.

မှတ်ချက်။
ကျွန်ုပ်၏ ကဗျာကို ပြောင်မြောက်စွာ ရှုံ့ချထားသည့် ဘိလပ်သမီး မေဓာဝီအား အထက်ပါကဗျာဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါသည်။း×)

ပုံ
သူကြီးမင်း

မေဓာဝီ said...

မေဓာဝီဟာ မြန်မာမှာမွေးတဲ့
မြန်မာ့သမီး စစ်စစ်ကွယ်။

အင်္ကျီလုံခြည် လုံအောင်ဝတ်လို့
ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်။

ရန်မလုပ်ပါ အမှန်သရုပ်ကို
တိုတိုတုတ်တုတ် ပြောတတ်တယ်။

ကဗျာတွေကို ဖျက်ကာဆီးတဲ့
တုံးဖလား သဂျီးကြောင့် စိတ်ပျက်တယ်။

ခက်တယ် ... ခက်တယ် ... ။

Candy said...

တဂျင်းမီးတို့ လုပ်ချလိုက်ပြန်ပြီ ဟီးဟီးဟီး :D :D

သူကြီးမင်း (တုံးဖလား) said...

ဝါဆိုဝါခေါင် တွေးတွေပျောက်လို့
ပြေသီးကောက်ဖို့ မေ့ကြတယ်။

ဂျွန်ဂျူလိုင်တွေ လှိုင်လှိုင်သုံးလို့
မြန်မာ့ထုံးကို ခေါက်ထားတယ်။

ကိုမောင့်ကဗျာ ကြော်ငြာနည်းကြောင့်
သပြေသီးကို သတိရမယ်။

ဆရာ့ဂုဏ်ကို ပြန်ဖော်ထုတ်ဖို့
ဒီလိုလုပ်ပြီး လိုက်ရေးတယ်။

တွေးကွယ် တွေးကွယ်။

.

မေဓာဝီ said...

မဆိုင်တာတွေ လျှောက်ကာဖြီးတဲ့
ဒီသဂျီးက ဆိုးလှတယ်။

ကိုယ်လုံးတီးသာ တွင်တွင်ရေးတော့
ကဗျာလေးက ပျက်ပေါ့ကွယ်။

သပြေသီးကို မဆိုထားနဲ့
သပြေပန်းလဲ ပါဘူးကွယ်။

နွေနေပူတာ အကြောင်းပြလို့
ငမ်းကြောထတာ စာဖွဲ့တယ်။

ဆိုးတယ် ... ဆိုးတယ် ... ။

Anonymous said...

ဟား......ပျော်စရာကြီးဟေ့!
ကလောင်စွမ်းထက်တဲ့ပညာရှင်နှစ်ဦးရဲ့ ကဗျာတိုက်ပွဲ ကြားမှာတို့များက ကဗျာကောင်းကောင်းလေးတွေဖတ် ရတာအမြတ်ပေါ့နော်....အို..ဒါနဲ့ တိုက်တိုက်ဆိုင် ဆိုင် ကိုကိုမောင်နဲ့ မမမေတို့မွေးနေ့က တစ်လတည်းမှာ မရှေးမနှောင်းရက်ကလေးတွေနော်၊ မွေးခုနှစ်ကရော အတူတူပဲလားဟင်...ဖြေပေးပါအုံးသဂျီးရေ....

လွင်ပြင်လှိုင်းငယ် said...

သဂျီးမင်းကဗျာက အရမ်းကောင်းတယ်ဗျို့

မင်းဧရာ said...

သကြီးမင်း နဲ့ မမေဓါတို့ကတော့
သိပ်ကိုတော်ကြတာဘဲဗျာ။

မြသွေးနီ said...

အပြန်အလှန်ကဗျာချိုးကြတာ သဘောကျမိတယ် သဂျီးရေ..။ မမေကလည်း ချက်ကျလက်ကျ ဖွဲ့တတ်ပါ့။

မိုးခါး said...

ဟီးဟီးဟီးး :D

Anonymous said...

Consider about games. A Super Bowl party for youngsters is not complete without games. So ensure that you prepare a list of games that the kids will truly enjoy. There are also specialized types of men's messenger bags sometimes identified as courier bags. These are bags designed with regard to the bicycle or motorcycle courier profession. A few of the features any such bag offers you may not find in other bags are: Quick production main strap buckle, Cross strap backing, Fully watertight lining, Heavyduty manufacturing materials and contruction methods, And often will carry an entire lifetime warranty.My best retiementSupplements: To make the mommy to be feel unique on the day of the shower, Give her a individualized gift. Consider getting an expecting tshirt or button to wear during the shower. To make an iron on transfer simply purchase a tshirt and some transfer paper at your own discount store.[url=http://www.boosbag.com]bags sale mmm23[/url] When you are bags of fertilizer, You will notice a small white and blue bag at the end left hand corner of your window, Or in the area of the fuel tank. The super grow bag may well a small x5 next to it, Meaning that you have 5 bags of fertilizer to spread on your friends plots. Each bag will fertilizer a single plot and will also be given 2 EXP for each plot fertilized.Make use of them[url=http://www.boosbag.com]http://www.boosbag.com[/url] Buying refurbished Oreck vacuums can be a trying experience. Oreck is very recognized name in vacuum cleaners and their products are very good quality. Sadly i must say, Not everyone can afford a new vacuum. Paint a bouquet of a flower arrangement, Hollywood film movie super actresses, exits, And practically any pattern you can imagine. So if you're really creative, You can glue accessory such as beads, Sequins, Paper electrical cable connections, Fabricated flowers, And other types of scrapbook accessories. Leave the basket with near immediate effect to allow the paint and/or glue to dry,Bob and weave inside the bag. Start this routine and every other one with a 10 minute warmup composed of jumping rope or light jogging. Come to the bag and varied between throwing jabs, Hook varieties, Uppercuts and a combination. Internet marketing will still be tied to the corrugated shipping box for the foreseeable future. Changes in method could translate to the box. One day we could witness the roll-out of a smart box that can automatically display virtual advertisements or ship from one location to another in a matter of seconds.Decorate your flip flops to differentiate your slippers from everyone else's at the beach or at the swimming pool steps. It's a fun project to bring out your attitude and get creative. Even students can do this project, But may need a grown up to tie the garbage bags securely to the strap of the house house shoes.Leg flabsHermes still lives strong with the elite and rich still buying the luxury brand and others and also require a smaller budget seeking similar styles elsewhere, The bearing is as great as ever. It could even be said, The encourage of Hermes is greaterthan those of Chanel and Louis Vuitton. Having said that, TheChanel handbag range and their influences differ, BothHermes and have their different mark with designs and very nearly for their handbag range,