Saturday 18 July 2009

ဆွိုင်းဖလူးရယ်... ရက်စက်တယ် (ရှစ်လုံးဖွဲ့ကဗျာ)


ကပ်ဆွိုင်းဖလူး..............ထူးလှရောဂါ
ကမ္ဘာအနှံ့.....................ကြောက်လန့်နေတာ
ကိုကိုမောင်လဲ................ကြောက်ကဲနေရှာ
ကျောင်းအတက်.............ပျက်ကွက်ချင်စရာ။


ကျောင်းအတက်ပျက်......ရတက်ပူအင်
မပျက်မကွက်.................ဆက်တက်လျက်ပင်
ကျောင်းစာအခက်..........ထည့်တွက်ပူပင်
ကျောင်းအပျက်..............ကင်းလျက်ပျော်မရွှင်။


မပျော်ရွှင်ဘဲ................သွားမြဲနေတာ
သွားတာသွားရ..............စိတ်ကမပါ
ရထားကကြပ်................ပူးကပ်နေရာ
ကြောက်တဲ့စိတ်............ယိုဖိတ်နေကြရှာ။


ကြောက်ရတဲ့အထဲ.........၀မ်းနည်းချင်စရာ
ကြားရသတင်း...............ချက်ချင်းဗျာပါ
ဆရာမတစ်ယောက်......ကျောင်းရောက်မလာ
ဆွိုင်းဖလူး.....................ကူးစက်ခံရရှာ။


ကူးစက်သတင်း.............ကြားချင်းရင်တုန်
ကျောင်းသားအများ.......ကြောက်ပွါးစုံစုံ
ငရဲပြည်လား.................ရောက်သွားသည့်ပုံ
မျက်နှာပျက်.................ကျောင်းတက်နေလေကုန်။

.....

8 comments:

ခြေလှမ်းသစ် said...

ဟုတ်ပါပေတယ်.. ဒီဆွိုင်းဖလူးကို ကမ္ဘာက ပျောက် အောင် အမြစ်ပျက် ချေမုန်းရမယ်လေ.. ကမ္ဘသူ ကမ္ဘာသား တရပ်လုံးကို သတ်နေတဲ့ ဒီကပ် ရောဂါကို .. ကျနော်တို့ နိုင်တဲ့ဖက်က ၀ိုင်းတိုက်ကြပါလို့ ..
ကိုဇော်

Apprenticeship said...

အဲဒီလောက်လဲ မကြောက်ပါနဲ့ မှန်မှန်အိပ် မှန်မှန်စား :D

မိုးစက်အိမ် said...

အကိုရေ အခြေအနေ မကောင်းရင်
Mask အမြဲ တပ်ထားလိုက် အရမ်းဆိုး
လာရင်တော. ကျောင်းသာလစ်တော. ဗျို.
ဒါမျိုးဆိုအားပေးတယ် ငါ.အစ်ကိုရေ ... :)

လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

မလန့်ပါနဲ့.....ကိုယ့်ရဲ့ဆရာ
ထိုနေရာကား.....ဆေးဝါးပေါတာ
မဖြစ်ချင်တော့....မှတ်ပေါ့နည်းနာ
အကြံလေပေး..ကျောင်းပြေးပါတော့ဗျာ...
*******
မိုးစက်အိမ်က...ဝေငှမေတ္တာ
သုံးပါစေကြောင်း..နှာခေါင်းဖုံးသာ
မြန်ပြည်တလုံး...အုန်းအုန်းညံကာ
၅၀ တန်က..ဖြစ်ရ ကျပ် ၃၀၀...

(မေတ္တာပို့သံ၊၀တ်ရ္ဂတ်သံလေးနဲ့ ၃ ခေါက်လိုက်ဆိုပါ။ပြီးမှ သာဓု ၂ ခါသာခေါ်လိုက်ပါ.)

ပျော်ပါစေ..

သူကြီးမင်း (တုံးဖလား) said...

ဟဲ ဟဲ
ကိုလင်းကြယ်ဖြူတို့တော့ လုပ်ပြီ။
သုံးခေါက်လိုက်ဆိုပြီးမှ သာဓုက နှစ်ခါဘဲ ခေါ်ရမယ်ဆိုတော့...

နောက်သာဓုတစ်ခါ ထပ်ခေါ်ဖို့ ဘယ်လောက်များ စောင့်ရပါ့ဦးမလဲ။

Ko Min Htet said...

ဆွိုင်ဖလူးတဲ့၊ ရက်စက်ရောဂါ
လူတိုင်းစိတ်ဓာတ်၊ ချောက်လှန့်နေတာ၊
ကျောင်းသွားရက်တိုင်း၊ သက်လှိုင်းမပါ၊
ကျနော်လဲ၊ ခင်ဗျားလိုပဲဗျာ။

မသက်ဇင် said...

ကိုကိုမောင် ကျောင်းတက်နေပြီလား
မအားတာနဲ့ မရောက်ဖြစ်တာပါ။
အကြွေးတွေလာဖတ်သွားပါတယ်
ခင်မင်လျက်