Wednesday, 29 March 2017

"အကွဲ" တေးထပ်

အဆဲသန် ကွဲပြန်ကြ
ကွဲသန်လှ ခါခါ။ 
ကွဲဥာဏ်က ကွဲပြန်လျှင်
ကွဲဟန်ပင် လွန်များ။
ကွဲနည်းစုတ် ကွဲလုပ်တွေကို
ကွဲယုတ်စေ ကွဲဖို့ လေထွား။
ကွဲတသ ကွဲကြရာဝယ်
ကွဲလှမယ် ထင်မှား။
ကွဲကြကွယ် ထင်အရှားဟာမို့
သင်အများ ကွဲမှာ။ 
ကွဲကြသူ လူအများရယ်က
ဇမ္ဗူရှား ကွဲကြသည်သာ။
ကွဲသမျှ ကွဲသဟာကို
ကွဲမကြာ ကွဲစေဖို့။
ကွဲလျှက်သာ ကွဲလို့နေ
ကွဲရစ်ကြလေ။
အကွဲစွမ်းတဲ့ ကွဲကန်းတွေရယ်
ကွဲစမ်းကွယ် ဆက်ကွဲရှာကြလေး…။

(၁၄ မတ်လ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။