Wednesday, 29 March 2017

"အဆဲ" တေးထပ်


အမြဲ စွာ လွဲမာန
ဆဲတာက ဖုံဖုံ။
ငရဲရွာက စုံစုံ့စုံတယ်
တုန်တုန့်တုန် ရန်များ။
အဆဲကြမ်းတဲ့ ဖြဲသရမ်းတွေကို
ငရဲခန်းဆို၊ ကြိုလို့ ပို့ထား။
မြင်သမျှ ဆဲဖို့ပြင်တယ်
ကဲလို့ရယ် စိတ်မှား။
မဲညို့ ခြယ် ဟိတ်များသဟာမို့
စိတ်ကစား ဆဲရှာ။
ဖရုသာ ထိုဝစီပုပ်ကို
အပီလုပ် ဆဲကြသည်သာ။
လူတကာ့ မုန်းစရာကို
ပြုံးစရာ ထင်လွဲလို့။
စဉ်မြဲစွာ ဆဲရစ်ပေ
လူ့အန္ဓတွေ။ 
ဘုရားမကြိုက်တဲ့ စကားမိုက်တွေကို
ဟားတိုက်မပြေ ဆက်ဆဲနေကြလေး။
(၁၅ မတ်လ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။