Wednesday, 29 March 2017

ကြီးလေးကြီး

နာမည်အကြီးဆုံး တရား
နာမည်အကြီးဆုံး ဇာတ်ကား
နာမည်အကြီးဆုံး သတင်း
နာမည်အကြီးဆုံး သီချင်း
ချဉ်ခြင်းတွေ တပ်နေမိတယ်။
ကောင်းခြင်း ဆိုးခြင်း မလိုဘူး
ကောင်းကျိုး ဆိုးကျိုးလဲ မလိုဘူး
တစ်မျိုးတစ်ဖုံ ရိုက်ဆော်ဟီးပြီး
နာမည်ကြီးဖို့ပဲ လိုတယ်။
အပိုမစွက်တဲ့
ဟောချက် ပြောချက်
လော်ချက် အော်ချက်
ဟိုအချက် ဒီအချက်
အဲဒီ အချက်တွေ သဘောကျလွန်းလို့။

(၂၉  မတ်လ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။