Wednesday, 29 March 2017

နင်းပြား

ဖြောင့်ဖြောင့် ငြင်းသူတွေ
ဆောင့်ဆောင့်နင်းပေမဲ့
တောင့်တောင့် တင်းခံကြတဲ့
အနင်းခံ သူတို့ဘ၀။
ထုထောင်းလို့ခြယ်လှယ်လဲ
စုပေါင်းလို့ မကာကွယ်လိုပါဘူး
အလွယ်ကလေးသာ နင်းသွား
နင်းပြားဘ၀ဆိုတာ
အငြင်းပွါးခွင့်မရှိ။ 
ဆိုရိုးစကားက လန်းတယ်
"ကြမ်းကျွံရင် ပြန်နှုတ်လို့ရ
စကားကျွံရင် ပြန်နှုတ်လို့မရ" တဲ့
ရန်လုပ်သူကိုတောင်
ပြန်နှုတ်ခွင့်ပေးထားလေရဲ့။ 
ရှိစေတော့…
ရှိစေတော့……။
တဘောင်တွေတော့ ထည့်မတွက်တော့ပါဘူး
ညီနောင်တွေ ရှောင်မထွက်သရွေ့တော့
အရောင်တွေ ပြောင်လက်နေစေရပါ့မယ်
အရောင်တွေ ပြောင်လက်နေစေရပါ့မယ်။

(၉  ဇန်န၀ါရီ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။