Wednesday, 29 March 2017

အောင်သပြေ



မပွင့်လန်းပေမဲ့
ပန်းအမည်ရတဲ့သူပါ။
ရာဇ၀င်နန်းရိုးထဲက
တော်ဝင်ပန်းမျိုးလိုလဲ
လှတန်ခိုး မကြွယ်ပါဘူး။
ပန်းအမြုံဘ၀ပေမို့
လှဂုဏ်အတွက်တော့
အရွက်တွေတဝေေ၀
အညွှန့်တွေ တလူလူ
ဟို တောင်ထိပ်ကမူလေးမှာ
အောင်နိမိတ်ထူနေကြလေရဲ့။ 
အပွင့်ကြောင့်သေ
အသီးကြောင့်ကြေ တဲ့
ဒါပေမဲ့
သည်သပြေကတော့
အရွက်တောင် ကောင်းကောင်း မဝေရရှာပါဘူး။
ဘုရားခန်း အိမ်ဦးခန်း
ရှေ့တန်းနောက်တန်း
ဟော်နန်းတွေသာမက
အခန်းအလှအတွက်လဲ ချိုးကြသတဲ့လေ။
ချိုးလိုက်စမ်းပါ
ချိုးလိုက်ကြစမ်းပါ
မညှိုးနွမ်းခင်ထိတော့
သင်တို့ အောင်ပန်းအတွက်ပဲပေါ့။

(၅ ဇန်န၀ါရီ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။