Wednesday, 29 March 2017

နှစ်သစ်ဆုတောင်း



ဟိုလှိမ့်ဒီလူး
မိန်းမူးမူးဖြင့်
နှစ်ကူးကိုလဲ ရောက်ခဲ့ပြီ။
နှစ်သစ်ဦးမှာ
ကုသိုလ်ရှာ
တော်ရာကိုလဲ လုပ်ရမည်။
စိတ်သစ်လူသစ်
ကုသိုလ်သစ်
တိုးရစ်ဖို့လဲ ပြုရမည်။
စီးပွါးဥစ္စာ
ရတနာ
ကျန်းမာဖို့လဲ ကျင့်ရမည်။
ပညာပြည့်ဝ
နှလုံးလှ
အေးမြဖို့လဲ ဆောင်ရမည်။
ကြည်လင်စိတ်များ
တိုးကာပွါး
တရားကိုလဲ မှတ်ရမည်။
ကောင်းမြတ်ဆုပေါင်း
ပြည့်စေကြောင်း
ဆုတောင်းလို့လဲ ပေးလိုက်သည်။

(၁ ဇန်န၀ါရီ ၂၀၁၇)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။