Monday, 11 April 2016

ပြုံးအားရွှင်ကြည်ကြည်

ပန်းရံဆရာ လက်ရာကောင်းတဲ့
တို့ရွာကျောင်းက ထိုစေတီ။
မြင်သူတကာ လွန်လှပလို့
လလိတတဲ့ ထိုနာမည်။
လပြည့်ကဆုန် ထီးတင်ပွဲမို့
သူကြီးအမြဲ ဖိတ်ခေါ်သည်။
ဆွေမျိုးဥာတကာ မိတ်ဆွေပေါင်းတို့
အိတ်တွေဖောင်းဖို့ ဆုတောင်းမည်။
ထီးတော်တင်ပွဲ၊ ဆင်ကာနွှဲ၊ သင်လဲ ကုသိုလ်စည်။
ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၊ ပျော်မွေ့နေကြမည်။
အဲဒါမှ အမုန်းမပွါး တုံးဖလား ပြုံးအားရွှင်ကြည်ကြည်။

(၂၆ မတ်ခ်ျ ၂၀၁၆)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။