Monday, 11 April 2016

လန်ဒန်ဝိဟာ ဖိတ်ခေါ်လွှာ

လာကြလေကွယ် လုပ်အားပေးဖို့
ကုသိုလ်ရေးမို့ ဖိတ်ခေါ်တယ်။
ထမနဲကို ယောက်မကြီးနဲ့
ချွေးတွေသီးလို့ ထိုးကြတယ်။
ဆရာတော်ကိုယ်တိုင် နှမ်းတွေဖြူးလို့
စိတ်ရွှင်မြူးဖို့ ကောင်းလှတယ်။
စတုဒိသာ အလှူပွဲမို့
ပါဆယ်ဆွဲလဲ ခွင့်ပြုတယ်။
မြည်းကာစမ်းကာ အ၀တီးလို့
တ၀ကြီးပဲ စားပစ်တယ်။
လာကြလေကွယ် ကျွေးနေမြဲမို့
ကလေးဆွဲလို့ ပြေးခဲ့ကွယ်။
ကျွေးမယ် ကျွေးမယ်။

(၂၉  ဖေဖော်ဝါရီ ၂၀၁၆)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။