Monday, 11 April 2016

သိမ်းပတ်ဝေ့လည် ထိုနဒီ

လန်ဒန်မြို့ကို ကွေ့ဖြတ်စီးတဲ့
သိမ်းမြစ်ကြီးပေါ့ ထိုနဒီ။
လျှောက်သွားမိလျှင် လွန်ကြည်နူးပေါ့
သိပ်ရွှင်မြူးဖို့ ကောင်းလှသည်။
မြစ်ကမ်းဝဲယာ ဟိုတယ်များနဲ့
ဆောက်ဦများလဲ လွန်ခန့်ထည်။
ရေထဲဖြတ်လာ လေညှင်းလေးကို
သူကြီးထွေးပွေ့ လွန်စိတ်ကြည်။
မြစ်ကမ်းတလျှောက်၊ သွားလမ်းပေါက်၊ လမ်းလျှောက်လူတွေစည်။
အဲဒါကြောင့် မကြာခဏ အထာကျ ခြေကြွသိမ်းမြစ်ဆီ။

(၈ အေပရယ် ၂၀၁၆)

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။