Friday, 13 February 2015

ပြည်ထောင်စု+မွေးနေ့


လူတို့ဓလေ့
မနောတွေ့ပြီး
မွေးနေ့လက်ဆောင်
ပေးရအောင်ဟု
ပြည်ထောင်စုနေ့
နောက်သို့ရွေ့ပြီး
မွေးနေ့အကြို
တစ်ရက်လိုတွင်
ချုပ်ဆိုခဲ့အံ့လည်း မသိ။


ညီနောင်တိုင်းရင်း
ဆွေတစ်သင်းနှင့်
သွေးချင်းတို့အား
အလေးထား၍
ပြတ်သားစွာတွေး
သူပင်ရွေးပြီး
မွေးနေ့ပြည်ထောင်
ရောမယောင်ဖို့
ဖယ်ရှောင်ခဲ့အံ့လည်း မသိ။


သြော်......
ပြည်ထောင်စုနေ့
ထိုသည့်နေ့အား
မွေးနေ့ရက်တွင်
ချုပ်ခဲ့လျှင်မူ
သက်ဝင်ဂုဏ်ဖြိုး
ဇာတိတိုးပြီး
ပွါးတိုးမင်္ဂလာ
ဘေးကင်းကွာ၍
ချမ်းသာငြားအံ့လည်း မသိ။

သူကြီးမင်း (တုံးဖလား)
၁၃၊၀၂၊၂၀၁၅ ၆ကြာ

.

No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။