Friday, 3 October 2014

သံဝေဂများနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ


မောင်နှံဇနီး
သားသမီးနှင့်
ဘိုးကြီးဘွားငယ်
မြေးမြစ်ကြွယ်၍
တူငယ်တူမ
ညီအမဖြင့်
မိဘခေါ်ဆို
လူထိုထိုတို့
နေချိုနံနက်
ပျော်တော်ဆက်လည်း
နေသက်ဆည်းကာ
ရောက်သောခါဝယ်
သေရွာသို့ချဉ်း
မလွတ်ကင်းဘူး
သေမင်းညွှန်ရာ
ကရရှာ၏။

သုဿာန်အထက်
ရှိုက်တ၀က်နဲ့
ကြွေပျက်မျက်ရည်
ပူဆွေးသည်ကို
မြင်သည်ခဏ
ငါ့ရင်ဝ၌
မရသံဝေ
ရှိလိမ့်ချေနည်း။

တူစားတူသွား
တူကစား၍ 
တူနားတူအိပ်
တူသိစိတ်ဖြင့်
တူမှိတ်ခံကာ
တူဘ၀ါကို 
တူသာလျှောက်ရင်း
ဆည်းဆာကျင်း၍
သေမင်းခေါ်ယူ
ထိုတူတူကို
အပူတွေကျွေး
ခွဲခွါပေးသည်
သေဘေးမလွတ်ပါတကား။


ဤသံဝေဂကဗျာလေးဖြင့် မဒမ်ကိုး လရိပ်အိမ် မောင်လက်ဝဲ နှင့် မဗေဒါတို့ရဲ့  BPP Challenge ကို ပြန်ချေပေးလိုက်ပါတယ်။ နောက်တစ်ခါ ချဲလင့်လုပ်တဲ့သူရှိရင် ပို့စ်ရှည်ရှည်ရေးပေးပါ့မယ်။ အခုတော့ တိုတိုတုတ်တုတ်ဘဲ လုပ်လိုက်ပါတယ်။ 


BPP Challenge
************

.


8 comments:

  1. သံဝေဂကမ္ဘာလေးကို အကြိမ်များစွာ အလည်ရောက်ခဲ့ပေမယ့် အကြိမ်ပေါင်းများစွာ မေ့လျော့ခဲ့ဘူးပြန်တယ် သူကြီးမင်းရေ... အခုတစ်ခါ သတိရသွားပြန်ပေါ့...

    ReplyDelete
  2. တိုတိုလေးကပဲ အမှန်တကယ်ထိရောက်မှုတွေရှိနေခဲ့တယ် ဖတ်လဲပြီးရော------ဟောတော့ Tagတဲ့လေ
းဟီးဟီး....................

    ReplyDelete
  3. သံဝေဂ ကဗျာလေးကတော်တော်ထိထိ
    မိမိလေးပါအကိုရေ...ဖတ်ပြီးမှတ်သားသွားပါတယ် ခင်ဗျာ...။

    ခင်မင်လေးစားစွာဖြင့်
    ရာဇာထွေး

    ReplyDelete
  4. ဟမ်...သူများ ချဲထားတာကို ပြန်ချေရင်လည်း ရှည်ရှည်ဝေးဝေးနဲ့ ကျကျနနကလေး ချေတာမဟုတ်ဘူး...ကဗျာ ပိစိကလေးနဲ့လည်းချေသေး...ကျန်တဲ့လူတွေကိုလည်း အချွန်နဲ့ မ-သေး...

    အနှီသူကြီးမင်းတော့ နောက်ထပ် သီတင်းဆယ်ခါကျွတ်တောင် မစွံပါစေနဲ့ဦးဗျာ...း))

    ReplyDelete
  5. ကောင်းလိုက်တဲ့ကဗျာလေး။
    သူကြီး တရားပေါက်နေပါလား ၊ တောထွက်ပါ။

    ReplyDelete
  6. သံဝေဂတော့ရပြီ
    တရားအလုပ်လုပ်ဖို့ ပဲ ကျန်တော့တယ်
    သူကြီး မှာစရာရှိတာတော့ မှာထားခဲ့ပါနော်

    ReplyDelete
  7. အသိနဲ့သတိလေးပေါ့လေ သိနေပေမယ့် သတိမရှိသေးတာခက်တယ် ခက်တယ် တဂျီးရယ်

    ReplyDelete
  8. ကဗျာလေး ကောင်းလွန်းလို့ သံဝေဂတွေရပြီး ယောကျာင်္းမယူပဲ သီလရှင်ပဲ သွားဝတ်ရင်ကောင်းမလား စိတ်ကူးမိတယ်...
    ကဗျာတွေကို မော်ဒန်ကဗျာဆိုပြီး သူများတွေရေးတဲ့ ကာရံမရှိဘာမရှိ ဖတ်လိုက်ရင် နားမလည်တဲ့ ကဗျာတွေကို မကြိုက်ပေမဲ့... ခုလို ကာရံလေးနဲ့ အဓိပ္ပါယ်ကောင်းတဲ့ ကဗျာလေးတွေကျတော့ ကြိုက်တယ်...

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။