Wednesday, 27 August 2014

"ဘလော့ဂါပေါင်းစု" တေးထပ်



ဘလော့ရွာ  မာန်ချီဝင့်၊ အန်တီတင့်  ချစ် မေဓာ
ဟန်ကြည် နှင့် ဂျစ် ဧရာရယ်၊ နှစ်ဖွေရှာ နေ မြဲ။
မဒမ်ကိုးတို့  မယ်ကိုး အိမ်မှာ၊ ကြယ် မိုးကာ  လည်ဖြစ်ဖို့ ခဲ။
စော ၀ါ ငဘ  ချောကလျာ၊ မျော သဒ္ဓါ ဖတ်မြဲ။
မစ် မာယာ  မှတ်မလွဲစေနဲ့၊ ထပ်ကဲ၍ ဖတ်ပါ။
ရွှေစင်  တ်တဲ့  ချစ် စံအိမ်မှာ၊ ပစ် ပြန်ချိန်  ကန်ဒီလွမ်းတော့
ဥာဏ်မီ မန်း မို့  မောင် ဒု ပျော်၊ သူကြီးနိုးလို့ဆော်။
မိုး သက်တို့  ပျိုး လက်မျှော်သည်၊ တိုးဖက်ခေါ် ရေးဦးစို့လေး။


တေးထပ်ထဲ မပါခဲ့ကြည့်သည့် ဘလော့ဂါများအားလည်းကောင်း ခွင့်မတောင်းဘဲ တေးထပ်ထဲ ထည့်ဖြစ်ခဲ့သူတို့အားလည်းကောင်း ခွင့်လွတ်ပေးကြပါဟု တောင်းပန်ပါသည်။ ကာရန်ကို ငဲ့ထားရပါသောကြောင့် ဦးဦး ဒေါ်ဒေါ် ကိုကို ညီညီ နှမ အမ အကို ဆရာ စသည့် လေးစားသမှုဝိသေသနာမ်ပုဒ်များ မထည့်နိုင်ခဲ့တာကိုလည်း နားလည်ပေးကြပါဟု တောင်းပန်ပါသည်။  ကာရန်သင့်သည့် ဘလော့ဂါ ၄၃ ယောက် ထည့်သွင်းထားပါသည်။ အိုးနင်းခွက်နင်း ရေးသားသည်မို့ အဆင်ပြေသလို ဖတ်ရှုစေလိုပါသည်။ အဆင်ပြေလျှင် ဘလော့ရွာလေး၌ ပို့စ်လေးများ ရေးပေးကြပါဟုလည်း တောင်းဆိုပါသည်။
အားလုံးကို ချစ်ပါသည် ခင်ပါသည် တွယ်တာပါသည် မြတ်နိုးပါသည်။ (သူကြီးမင်း)

.

12 comments:

  1. ဟီးဟီး.. မျောသဒ္ဓါ ဆိုလို့ ဦးအိကုကမှ တကယ့်ကို ပျောက်ချင်းမလှ ပျောက်သွားတာဗျို့... ။ ကျနော်က ရေးတယ်လေ သူကြီးမင်းရဲ့ :D

    ReplyDelete
  2. ၀မ်းပမ်းတသာ ကျူးရင့်တေးထပ်လေး ခံစားဖတ်သွားပြီ သူကြီးမင်းရေ... ဘလော့ဂါတွေကို အာ့ကြောင့် ချစ်တာ...မနေ့ကစ တစ်နေ့နည်းနည်း အစပျိုးနေပြီ .. :)

    ReplyDelete
  3. ဟဲ ဟဲ...ပြောရင်လည်း ခံရတော့မှာပဲ...ကိုယ်ကလည်း ပို့စ်အသစ်မှ မတင်ဖြစ်ဘဲကိုးဗျ...း))

    တေးထပ်ကတော့ တကယ့်အမိုက်စားပဲဗျို့...

    ReplyDelete
  4. ဟုတ်ပါ့ ကမိုးသက်ရေ.. အိကုခေါ် ငြိမ်းနိုင်ခေါ် ကမောင်လေးကြီး ပျောက်နေတာ ကြာပါပကော။

    အန်တီတင့်ရဲ့ မေတ္တာတွေကြောင့်ပါ။

    ဆရာဟန်လဲ ဖဘချည်း အောင်းနေတော့တာဘဲ။ ပြောတာပြောရတယ်။ သူကြီးလဲ အဲဒီထဲ ၀ဲလည်လည်ရယ်။း)

    ReplyDelete
  5. ဘလော့မရေးဖြစ်ပေမယ့် ဘလော့က လူတွေနဲ့ အနီးဆုံးမှာ ရှိနေသေးလို့... ရေးဖို့များ နှောင့်နှေးနေသလား မသိပါဘူး အကိုရယ်.. :D :P

    ReplyDelete
  6. သူကြီး
    ပစ်လာသွားတယ်..ရေးလည်းရေးတတ်ပါ့သူကြီးရယ်..

    ReplyDelete
  7. သဒ္ဓါ့စာတွေ ဖတ်မြဲ ဆိုလို့ ဝမ်းသာတာ. ဟိ
    သတိတရ ရှိလို့ ကျေးဇူးလည်းတင်တယ် သူကြီးမင်း..
    ကိုမောင်လေး ပျောက်သလားလို့..

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  8. အေးလေ..
    တော်တော်ရေးတတ်တဲ့ သူကြီးမင်းပဲ။ ၄၃ ယောက်ပဲထည့်ထားတာတော့ ဘက်လိုက်လွန်းပါတယ်လေ ဟွင်းဟွင်း။ တကယ်ဆို သူကြီး ဉာဏ်နဲ့ ၄၃၆ ယောက်ပါအောင်ရေးသင့်ပါတယ်။

    ReplyDelete
  9. -နှောင့်နှေးမနေတော့နဲ့နော် မိအိမ်ကြယ်။ ဆက်ရေးတော့း)။

    -၀က်မလေး လာသွားသကိုး။ အိမ်း အိမ်း

    -သတိရလျှက်ပါ မိသဒ္ဓါရေ။ စာများများ ရေးနော်။

    -ဟွင်းးး အေအေတီအိုရဲ့ ၄၃၆ ကြီးက ကြောက်ချာဂျီးလေ။း)

    ReplyDelete
  10. သာဂျီးမင်း ကဗျာကမိုက်ချက်-အကြိုက်ပဲ

    ReplyDelete
  11. အဲဒါဆို ကျန်ခဲ့တဲ့ blogger တွေအတွက် တစ်ပုဒ်ပြန်ရေးပေးပါ ... ဒါဗြဲ ... :P

    ReplyDelete
  12. -ကြောင်စမင်း (စံပယ်)ရဲ့ ကွန်မင့်လဲ မိုက်ချက်-အကြိုက်ဘဲ။း)

    -မိုးညချမ်းက အခုမှ အလည်လာတယ်။ စားစရာတွေ ကုန်ခါနီးမှ။း)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။