Monday, 14 July 2014

သင်မူးသွားသော်....


အော်..
ဘောလုံးလောက၊ ဘောဘ၀ကား။
ငိုကြရယ်ကြ၊ မူးကြဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်မူးသွားသော်
သင်စားသောမြေ၊ သင်သောက်ရေသည်
ညစ်ပေစွာဖြင့်၊  ကျန်ရစ်လင့်၏။

သင်၏အကြွား၊ ဆိုစကားလဲ
ငြိုးထားမာန်ဝင့်၊ ကျန်ရစ်လင့်၏။

သင်မူးဝ၍၊ အလှသေရာ
ထိုဌာနာ၌၊ ဒေါသာအရောင် 
မာန်စောင်စောင်လည်း၊ နှောင်လျှက်ဖွဲ့လျှက် ကျန်လေသတည်း။


မှတ်ချက်။
ဆရာဇော်ဂျီ၏  "သင်သေသွားသော်" ကဗျာကို တုပထားပါသည်။ ဆရာ့ကို စော်ကားသလို ဖြစ်သွားရင် ဆရာ့အား တောင်းပန်ပါ၏။

တုံးဖလားသူကြီးမင်း 
(၁၄.၀၇.၂၀၁၄ တနင်္လာနေ့။ ၀၂း၂၀ နာရီ)

.

3 comments:

  1. သူကြီးမင်းရဲ့ ကဗျာ့ဥာဏ်ကို ချီးကျူးးပါတယ်..
    (ဘလော့လေး စိုပြေလာအောင် သူကြီးမင်း ရေလောင်းရမယ် ထင်တယ်နော်...)

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. မူးသွားရင် အိပ်လိုက်တာက
    အကောင်းဆုံးနဲ့ ပြသနာ အနည်းဆုံးပေါ့
    သူကြီးရယ်..
    အခုက မူးလာလေ ပြသနာရှာကြလေ ဖြစ်နေတော့
    လူတွေလည်း တယောက်နဲ့တယောက်
    တစတစ ဝေးလာကြတယ်..
    အကြောင်းတွေ သိကုန်ကြလို့ ဆိုပါတော့

    ReplyDelete
  3. မှင်စက်ကျရာဓာတ်သက်ပါ....
    မသုံးရတာကြာတဲ့စာကြောင်းလေးသတိရသွားလို့ :)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။