Sunday, 29 June 2014

"ကြားမြင်ရှိလော့"


လူတို့ရပ်ထံ၊ သိမှတ်ရန်ကား....

အမှန်မလိုက်၊ အမှားကြိုက်ပြီး 
စရိုက်မျိုးစုံ၊ အွန်လိုင်းယုံသော်
တွေ့ဆုံရင်းနှီး၊ အထင်ကြီး၍ 
ပစ္စည်းဥစ္စာ၊ ဆုံးတတ်ရာ၏။

စကားသာချို၊ သူပြောဆို၍
ထိုထိုဖုံဖုံ၊ လူကိုယုံသော်
အကုန်ပုံပေး၊ လွမ်းချင်သေး၍ 
ငယ်သွေးဘ၀၊ ပျက်တတ်စွာ့၏။

အကြွားတုန်ခိုက်၊ အမြှောက်ကြိုက်ပြီး
လူမိုက်ဇာတ်ခုံ၊ ပြောတိုင်းယုံသော်
မျိုးစုံဝင်ထွက်၊ လူနှိပ်စက်၍
အသက်ခန္ဓာ၊ ဆုံးတတ်ရာ၏။

အွန်လိုင်း သာချို၊ လူမိုက်ကိုမှ
ပိုမိုအားကိုး၊ စီးပွါးတိုးဟု
မျှော်ကိုးယုံစား၊ လွန်သနား၍
ချိန်းထားတွေ့ဆုံ၊ ပစ္စည်းပုံသော်
(ချိန်းထားတွေ့ဆုံ၊ လူကိုပုံသော်
ချိန်းထားတွေ့ဆုံ၊ အသက်ပုံသော်)
မျိုးစုံပစ္စည်း၊ ဘ၀ပေး၍
သေဘေးခါခါ၊ ရောက်တတ်ရာသည်။

ကညာပုရိ၊ ကြားမြင်ရှိလော့။

(တုံးဖလား သူကြီးမင်း
၂၉ .၀၆.၂၀၁၄ ၁၄း၄၅ နာရီ)

/

3 comments:

  1. ကဗျာလေးတစ်ပုဒ်နဲ့ သံဝေဂရစရာ အသိရစရာ ပေးတတ်အောင် ရေးတတ်တဲ့ သူကြီးမင်းကို ချီးကျူးး မိတယ်..

    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  2. ဟုတ်ပ ..မှန်ပါ့ သူကြီးမင်းရေ

    ReplyDelete
  3. အွန်လိုင်းမှာမကြာခဏ ကြားဘူးနေတဲ့အဖြစ်အပျက်လေးတွေနဲ့ ကွက်တိပဲ တဂျီးမင်းရေ...ပညာပေးကဗျာလေးမို့ များများရေးသင့်တယ် ....

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။