Wednesday, 23 May 2012

နွေအကြူး


ညွန့်ဖူးစီရီ
ရိုးတံဆီမှာ
ပြီတီညွတ်ဦး
ကိုင်းပြည့်ကျူးလု
ဆွတ်ခူးသူမဲ့
ပန်းနွဲ့သခင်
တိမ်တောင်ဆင်ခိုက်
ငါလျှင် မြိုက်၍ ရှိုက်တော့သည်။

တွန့်လူးခါရမ်း
နွေသရမ်းကြောင့်
ပန်းမာလ် ကပွဲ
ဝသုန်ကြဲမျှ
တော်လဲ ဥက္ကာ
မြေကမ္ဘာဝယ်
တိမ်လွှာတိမ်သား
လွှင့်စင်ငြားသို့
တင်းထား စိတ်စဉ်
စိတ်ဘ၀င်မှာ
ငါလျှင် ထိတ်၍ မှိတ်တော့သည်။

ဥတုကြေကွဲ
ရှိုက်ဖိုသဲ၍
ငရဲဗိမာန်
ညီးညီးလျှံမျှ
တေဇပူပြင်း
နွေနေမင်းကား
ငါ့အား မညှာ
ငြိုးကြီးစွာဖြင့်
ကဗျာမသီ
စာမစီဘဲ
တေးသီ ဥသြ
သုည တောဝယ်
ပူမော ဗျာဗွေ
လွမ်းသင့်စေသည့်
ခါနွေအရှင်
နွေသခင်ကို
ငါလျှင် ကြိုက်၍ မိုက်တော့သည်။


[ဘာမှ မဟုတ်ဘူး။ ရာသီဥတု ပူလွန်းလို့  ကြီးတောင့် ကြီးမားနဲ့ မင်းဧရာလို နုကြည့်မိတား) ]


.

16 comments:

  1. စီအိုင်အေ ပစ်ပစ်Wednesday, 23 May 2012 at 18:24:00 BST

    သူဂျီးတို့စီပူနေပြီလား..
    ဒါဆိုစွပ်ကျယ်နဲ့နေပါ အကိုသူဂျီးမင်း

    ReplyDelete
  2. အိမ်ထောင်မကျသေးသရွေ့တော့ ကလေးပဲ သူကြီး...ခေတ်ပြောင်းသွားပြီ...အရင်ခေတ်ကလို အသက်ခေတ်မဟုတ်တော့ဘူးဗျို့...၀ါကပဲ စကားပြောတာ...ဟဲ ဟဲ..

    သူကြီးက ဒီနေရာမှာတော့ လူရင့် ၀ါနုပဲ ရှိပါသေးတယ်...နွဲ့လို့ကြူလို့ ရမှရ...

    ဒီမှာတော့ သိပ်မပူပေါင်ဗျာ...မိုးလေးတဖွဲဖွဲနဲ့ နေရတာ ကောင်းမှကောင်း...ပြည်မက ညီမကတော့ ပူလွန်းလောင်လွန်းလို့ ညည်းနေလေရဲ့...

    ReplyDelete
  3. ကဗျာလေး လှတယ်ဗျာ....

    ဒီရက်ပိုင်း ဒီပုဂ္ဂိုလ်ကို လိုင်းပေါင်းစုံနဲ့ မြင်နေရပါလား..
    ပုံမှန် မဟုတ်ဘူးထင်တယ် :D

    ReplyDelete
  4. တဂျီးမင်းကတော့ ဘက်စုံပါလားဝေ့း)
    စကားလုံးလေးတွေ နူးညံ့ သိမ်မွေ့လှပတယ်။
    ဘဝကို အသက်နဲ့မတိုင်းတာပဲ ဝါနဲ့သာ တိုင်းတာသင့်တာမို့ တဂျီးက ကလေးပဲရှိသေးတာ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. သူကြီးမင်း ကဗျာတွေက အရမ်းနုလှချေလား။ရေးတတ်လိုက်တာ အားကျထှာနော်

    လေးစားချစ်ခင်လျက်

    လွင်ပြင်လှိုင်းငယ်

    ReplyDelete
  6. နွေအပူတွေကို ဝေမျှခံစားသြွးပါတယ် သူကြီးမင်း။ ယပ်ကလေး တဖျတ်ဖျတ်နဲ့ အေးအေးလူလူ " နု" နိုင်ပါစေဗျာ။း)

    ခင်မင်သော သတိုး

    ReplyDelete
  7. နွေပူတာတော့ ပူပါစေလေ သူကြီးမင်း..။
    သဘာဝအပူကို လုပ်ယူထားတဲ့စက်တွေနဲ့ မှုတ်လိုက်.။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  8. တဂျင်းမီးတို့ဆီမှာ အဲ့လောက်ပူတယ်လား..
    အဲ့လိုကဗျာလေးတွေ အရမ်းကြိုက်တာ.
    နုတယ်ပဲ ပြောရမလား.. တော်ယုံလူ မရေးနိုင်ဘူးနော် ဒါမျိုးတွေက.. :D :D

    ReplyDelete
  9. ယပ်တောင် တစ်ဖျတ်ဖျတ်နဲ့ ဖတ်သွားပါကြောင်း... :P

    ReplyDelete
  10. သူကြီးမင်းက ဒါမျိုးတွေလည်း ရေးတတ်သည်ကိုး...
    ရန်ကုန်နေပူပူ မီးပျက်ပျက် အချိန်မှာ မီးစက်သံတဖုန်းဖုန်းနှင့် ကိုးနတ်ရှင်ကို အံတုလို့ ယပ်တောင်တဖျတ်ဖျတ်ခပ်ကာ တုတ်တုတ်ရွှဲနေတဲ့ ချွေးများနှင့် ဤကဗျာကို ခံစားဖတ်ရှုသွားပါကြောင်း..။

    ReplyDelete
  11. မြန်မာပြည့်မှာလည်း အလွန်ပူပါတယ်

    ReplyDelete
  12. သ၈ျီးမင်း ဖဲရှုံးတာတဲ့ ငါ့တဲ့မီးနဲ့ရှို့တာ ဘာမှဆိုင်ဘူး..။

    ကဗျာလေးက အတော်ကိုကောင်းတယ် သူကြီးမင်း

    ဟိုတုန်းက သူကြီးမင်း ရေးထားတဲ့ ကဗျာတွေကို ကျွန်တော် အကုန်နီးနီးဖတ်ပြီးပြီ ဒီကဗျာကို ဘယ်မှီမတုန်း အဲလို ကဗျာ့လက်တွေရှိနေတာ လေးစားတယ်ဗျာ။

    ReplyDelete
  13. အင်းပေါ့လေ နုနိုင်သူတွေဆက်လက်နုနိုင်ပါစေလို့
    ရေးတတ်လိုက်ကြတာနော်
    မိစံပယ်တို့များ ဘယ်တော့ရေးရေး
    အဲလိုမနုပါဘူး

    ReplyDelete
  14. သူဂျီးတို့ဆီမှာ ၂၅ ဟုတ်လား
    ဒီမှာဖြင့် ၃၅ ရှိနေပြီ.. နေ့လည်ဆို အပြင်တောင် မထွက်ချင်ဘူး.. အပြင်ထွက်တာနဲ့ ငချိတ်ပေါင်းလို မည်းတူးလာပြီ.
    လေကလည်း တိုက်သေး. နေကလည်း ပူသေး..
    ဒီရာသီကိုကြည့်ပြီး သူဂျီးလို ကဗျာစပ်ချင်စိတ် ပေါက်လာပြီ :P

    ReplyDelete
  15. ကဗျာလေးက နုတယ်..လှတယ်..တဂျီးမင်း..ဒီမှာလည်း တော်တော်ပူတယ်..မြန်မာပြည်အတိုင်းပဲ...

    ReplyDelete
  16. soldier and I have to serve to my country, to my people, even though this country does cheap custom essay writing service

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။