Friday, 11 May 2012
မနက်အလုပ်ရှိရင် ညဘက် ခဏလေးဆိုပြီး မကြည့်ပါနဲ့
ဒီလ ဒီရက်တွေအတွင်း စိတ်နဲနဲ ပင်ပန်းနေတာကတစ်ကြောင်း၊ စိတ်ညစ်ညူးနေတာက တစ်ကြောင်းတို့ကြောင့် စိတ်ပြေလက်ပျောက် အားရပါးရ လွတ်လွတ်လပ်လပ် ရယ်မောဖွယ်ရာများကို ရှာဖွေရင်း ယူကျုဖိုင်တွေထဲက တကယ့်ကွင်းဆင်းရိုက်ကူးထားတဲ့ ဟာသလဲဖြစ် လူတွေရဲ့ စိတ်နေသဘောထားကိုလဲ ဖော်ပြနေတဲ့ ဟာသဖိုင်တွေကို တွေ့ရှိပြီး ရယ်မဆုံး ပြုံးမဆုံး ဖြစ်မိပါတော့တယ်။ စိတ်ညစ်ညူးလို့ ဟာသဖိုင်တွေကိုကြည့်၊ ဟာသဖိုင်တွေကို ကြည့်ရင်း  နှစ်ညသုံးညလောက် မိုးလင်းခါနီးထိ အဆက်မဖြတ်နိုင်လို့ ကြည့်မိတဲ့အတွက် အိပ်ရေးတွေပျက်၊ အိပ်ရေးတွေပျက်လို့ စိတ်ထပ်ညစ်ညူး။ အဲဒီလို အဲဒီလို အဲဒီလောက် အဲဒီလောက် ရယ်မောရတဲ့ ယူကျုက ဟာသဖိုင်တွေကို ဘလော့မိတ်ဆွေများ အပန်းပြေနိုင်စေရန် တင်ပြပေးလိုက်ပါတယ်။ ကြည့်ဖူးသူများလဲ ထပ်ကြည့်ရင် ထပ်ရယ်ရပါလိမ့်မယ်။ ဒါကြောင့် ထပ်ကြည့်ကြပါလို့။ ရွှေမြန်မာက မိတ်ဆွေများကတော့ ကွန်မကောင်းလို့ ငါးဖမ်းရချင်မှ ရပါလိမ့်မယ်။ ဒါပေမဲ့ ရယ်စရာတွေမို့ မကြည့်ရလဲ ရယ်မောပေးကြပါလို့။း)
ဒီဟာသ ဖိုင်တွေကို ကြည့်ရင်း သူတို့တစ်တွေရဲ့ စိတ်တွေကို လိုက်ဖတ်နေမိတယ်။ ဘာတွေ တွေ့ရသလဲဆိုတော့ စာနာထောက်ထားမှုတွေ တွေ့ရတယ်။ တာဝန်ပေးထားတဲ့အခါ တာဝန်ယူမှုတွေကို တွေ့ရတယ်။ ကူညီလိုတဲ့ စိတ်ထားတွေကို တွေ့ရတယ်။ စနောက်တာကို စနောက်မှန်း သိတဲ့အခါ စိတ်ဆိုးဒေါသ မရှိကြတာကို တွေ့ရတယ်။ သနားညှာတာမှုတွေ တွေ့ရတယ်။ ဒီထက် ပိုဖတ်တတ်ရင် ဒီထက်ပိုကြည်နူးမှုတွေ ပိုရနိုင်တယ်။
ဒီထဲမှာ..
လောကထဲက သဘာဝ၊ သဘာဝထဲက ဟာသ၊ ဟာသထဲက အတုယူအားကျစရာများကို တွေ့ရှိရပါလိမ့်မယ်။
အားရပါးရ စိတ်လွတ် လက်လွတ် ရယ်မောကြပါ။ သင်ရယ်မောလျှင် ကျွန်ုပ်လဲ ရယ်မောပါမည်။ သင် ပျော်လျှင် ကျွန်ုပ်လဲ ပျော်ပါသည်။ ဒါကြောင့်မို့ သင်တို့ရော ကျွန်ုပ်ရော တူတူရယ်မောပြီး တူတူ ပျော်ကြပါစို့လား။  ။
 ....
ဟာသ (၁)
ဟာသ (၂)
ဟာသ (၃)
ဟာသ (၄)
ဟာသ (၅)
ဟာသ (၆)
ဟာသ (၇)
ဟာသ (၈)
ဟာသ (၉)
ဟာသ (၁၀)
ဟာသ (၁၁)
ဟာသ (၁၂)
ဟာသ (၁၃)
ဟာသ (၁၄)
ဟာသ (၁၅)
ဟာသ (၁၆)
ဟာသ (၁၇)
ဟာသ (၁၈)
ဟာသ (၁၉)
ဟာသ (၂၀)
အပိုဆု (၁)
အပိုဆု (၂)
အိပ်ရေးတွေ ပျက်ကုန်မယ်နော့။ အလုပ်လုပ်စရာ ရှိနေရင် ခဏလေးဆိုပြီး ဒီဖိုင်တွေကို မကြည့်မိစေပါနဲ့။ အချိန်တွေ စားမှန်းမသိ စားသွားပါလိမ့်မယ်။း)
အားလုံး ရယ်မောနိုင်ကြပါစေ။
..
15 comments:
  1. စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့အောင် ကိုယ်တိုင်ပဲ လုပ်လို့ရတာမို့ အခုလို အကောင်းဆုံးနည်းလမ်းနဲ့ ကိုယ့်အတွက်လည်း အကျိုးရှိ မိတ်ဆွေတွေ အတွက်လည်း အကျိုးရှိ ကောင်းပါ့ တဂျီးမင်းရယ်။
    ရယ်မောသွားရင်း တဂျီးမင်းအတွက်-
    မနေ့က တီတင့် AH ပို့စ်ကနေဖတ်ခဲ့တာလေးပါး)
    http://blog-aunghtut.blogspot.com/2012/05/mind-your-language.html
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. ကွန်မကောင်းလို့ ငါးမမိပေမဲ့ သူကြီးမင်း ရဲ့ လက်ရာလေး ရေးရေး တွေ့ရလို့ ပျော်ရွှင်မိပါတယ်
    ခင်မင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  3. ကွန်မကောင်းဖူး သဂျီး နောက်မှလာကြည့်မယ်
    မောင်ဘကြိုင်
    ReplyDelete
  4. ကိုကိုမောင်ရေ.. လာရောက် အားပေးသွားတယ်။
    ပျော်ရွှင်ပါစေ
    ခင်မင်တဲ့
    အလွမ်းမြို့
    ReplyDelete
  5. 2-3 ခုပဲကြည့်ခဲ့ရတာ ညနက်မှပြန်လာကြည့်မယ်
    အရမ်းကိုရယ်ရတယ်-----
    ညနက်ရင်ကွန်ကောင်းတယ်လေ
    ReplyDelete
  6. ဟင်းးးးးးအိပ်ရေးပျက်မှာစိုးလို့ ခုညမကြည့်တော့ဘူး သူကြီးမင်း.။ မနက်ထကြည့်မယ်။
    ချမ်းမြေ့ပျော်ရွှင်ပါစေနော်။
    ခင်မင်လျက်
    သဒ္ဓါ
    ReplyDelete
  7. တဂျီးမင်း ကြီးခင်မျာ အနော်
    ကော်နရှင်မကောင်းလို့ ..ဒီပို့လေး အစုံးထိ
    ကြည့်ချင်တဲ့အတွက်.. ဒီရွာမှာ နှစ်ရက်လောက်
    တည်းခို့ခွင့်(ဧည့်စာရင်း)တိုင်ခွင့်ပြုပါ..း)
    ReplyDelete
  8. တဂျင်းမီး အဲ့ဒါတွေ အကုန်ထိုင်ကြည့်နေတာလားဟင်..
    ရီရတာတော့ အရမ်းပဲ.. အကုန်ကြည့်ရင် အကြာကြီးဖြစ်နေမှာပေါ့. နည်းနည်းကြည့်သွားတယ်
    နောက်မှ ပြန်လာကြည့်မယ် အဟေး
    ReplyDelete
  9. တို့လဲတစ်ရက်တစ်ရက် အဲဒီဟာသတွေထဲ ထိုင်ကြည့်နေတာ
    ရီရလွန်းလို့ မျက်ရည်တောင်ထွက်တယ်။
    တကယ်ကောင်းတဲ့ဟာသလေးတွေပါ။
    ReplyDelete
  10. ရယ်လိုက်ရတာ တဂျီးမင်းရယ်..တနေ့ တပိုင်းစီ လာကြည့်မယ်...
    ReplyDelete
  11. စီအိုင်အေ ပစ်ပစ်Sunday, 13 May 2012 at 07:41:00 BST
    လာသွားတယ်..တဂျီးးးးးမင်းး
    ပစ်ပစ်
    ReplyDelete
  12. သူကြီး မင်္ဂလာပါ
    သူကြီးမင်းတင်ထားတာတွေကြည့်ပြီးအလုပ်တောင်
    နောက်ကျသွားပြီဗျာ---
    ရီလိုက်ရလို့ နောက်ကျလည်းကျပါစေတော့---
    ဟားဟားဟား
    ReplyDelete
  13. ရွှေပြည်ကြီးရဲ့ ကောင်းလွန်းတဲ့ ကွန်နက်ရှင်ကြောင့် ဟာသ အခု(၂၀)ဖိုင် နဲ့ အပိုဆောင်း (၂)ဖိုင်ရဲ့ အမည်းရောင် အကွက်လေးများသာကြည့်လို့ ရယ်မိရင်း တကယ့်ဟာသ ဖြစ်သွားရကြောင်းပါရှင်..။
    ReplyDelete
  14. not exist yet. But I struggle on since I fight for my future and I hope that my children will custom essay writing service online
    ReplyDelete
  15. Hey there! This is my first visit to your blog! We are a team of volunteers and starting a
    new project in a community in the same niche. Your blog provided us valuable information to work on.
    You have done a extraordinary job!
    Visit my web site: www.marknadsplatsen.se
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။