Thursday, 29 March 2012
တွဲပြီး ဆွဲပြီး လွှဲလိုက်ပြီ
 တွဲပြီး ဆွဲပြီး လွှဲတော့ လွှဲလိုက်ပါပြီ။ နောင်ကို မကွဲမပြဲဘဲ အသဲမာမာ ပွဲသာသာနဲ့ ရေရှည်ဆင်နွှဲနိုင်ကြဖို့ဘဲ လိုပါတော့တယ်။ အလုပ်တစ်ဖက်နဲ့ စေတနာ ပန်းပွင့်သူများ၊ ကျောင်းစာတစ်ဖက်နဲ့ ပရဟိတ အပြုံးပိုင်ရှင်များ၊ ဘလော့ဂ်တစ်ဖက်နဲ့ ကုသိုလ်ကြီးကြီး ထုပ်ပိုးသူများ၊ ကမ္ဘာအရပ်ရပ်မှ အနေမတူပေမဲ့ စေတနာတူသူများ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ပုပု တိုတို ရှည်ရှည် လျားလျား  ကျားကျား မမ လှလှ ဆိုးဆိုး  ပျိပျို အိုအို ဆိုဒ်စုံ ဂိုက်စုံ စရိုက်စုံ အကြိုက်စုံ အဖုံဖုံအပြားပြား ကွဲပြားခြားနားပေမဲ့ မကွဲမပြား မခြားမနား မုဒိတာ စိုက်ထူသူများ၊ ဤသို့ဤသို့သော သူများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော မုဒိတာလူငယ်များအဖွဲ့ရဲ့ ဒုတိယခြေလှမ်းကို  ရဲရဲဝံ့ဝံ့ တံခွန်လွှင့်ထူပြီး လှမ်းလိုက်ပါပြီ။ 
ဆောင်းအကုန် နွေအကူး ပုရစ်ဖူးဖူးနေတဲ့ ပုပုရွရွ နုနုလှလှ ပန်းပေါင်းစုံ မြိုင်ဟေ၀န်နန်းမှာ ပန်းချင်း အလှပြိုင်ပြီး အထူးထူးအဆန်းဆန်း ပွင့်လန်းနေကြသလို တစ်ငွေ့ငွေ့ တစ်လျှပ်လျှပ် အရှိန်အဟုန်နဲ့ ပွင့်လန်းနေတဲ့ အလှူရှင်များရဲ့ မုဒိတာပန်းများလဲ ငွါးငွါးစွင့်စွင့် ကြွားကြွားဝံ့ဝံ့ အစီအရီ စည်ပင်ဖွံ့ဖြိုးနေမှာကို မြင်ယောင်မိသေးတော့။  ။
မြန်မာနိုင်ငံ၊ မရမ်းချောင်းအနာကြီးရောဂါဂေဟာအတွက် ဗြိတိန်နိုင်ငံမှ အလှူငွေပါဝင်သူများ စာရင်းကို အင်္ဂါမောင်ဘလော့ဂ်မှ ကူးယူဖော်ပြပေးလိုက်ပါသည်။  ။ 
  ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်း
မရမ်းချောင်း အနာကြီးရောဂါဂေဟာအတွက်  ဗြိတိန်နိုင်ငံမှ ကောက်ခံရရှိသော အလှူငွေများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ အကျိုးဆောင် ကျော်စွာစိုးမြတ်ထံ ၂၆.၀၃.၂၀၁၂  တနင်္လာနေ့မှာ လွှဲပေးလိုက်ပြီး ဖြစ်ပါသည်။ စတာလင်ပေါင် ၃၆၀ တိတိ ဖြစ်ပါသည်။ တစ်ပေါင်ကို ၁၂၇၀ကျပ် နှုန်းဖြင့်  စုစုပေါင်း မြန်မာကျပ်ငွေ ၄၅၇၂၀၀ (လေးသိန်း ငါးသောင်း ခုနစ်ထောင့် နှစ်ရာကျပ် တိတိ) ရရှိမည်ဖြစ်ပါသည်။
 ဗြိတိန်နိုင်ငံမှ အပြီးသတ် အလှူရှင်များ စာရင်းကို စေတနာ သဒ္ဓါ တိုးပွါးနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။
၁။အရှင်ဇနက(အင်္ဂါမောင်) လန်ဒန်၊ ပေါင် ၅၀
၂။အရှင်နာဂသေန(ဘာမင်ဂမ်) ပေါင် ၂၀
၃။ကိုကိုမောင်(ပန်းရနံ့) လန်ဒန်၊ ပေါင် ၅၀
၎။ဦးစိန်ဋ္ဌေး+ဒေါ်ဆွေဆွေဦး သမီး မိုးသီတာဋ္ဌေး (ဘာမင်ဂမ်) ပေါင် ၂၀
၅။ဒေါက်တာလှစိုး+ဒေါ်ဝေေ၀လွင်စိုး(လန်ဒန်) ပေါင် ၅၀
၆။ဦးတင်အောင် မိသားစု (လန်ဒန်) ပေါင် ၂၀
၇။ကိုကို ညီညီ(လန်ဒန်) ပေါင် ၄၅
၈။မောင်နေလင်းအောင် (လန်ဒန်) ပေါင် ၁၀
၉။မောင်အောင်မျိုးသန့် (လန်ဒန်) ပေါင် ၁၀
၁၀။မသီတာထွန်း (လန်ဒန်) ပေါင် ၁၀
၁၁။ကိုဟန်လင်း (လန်ဒန်) ပေါင် ၂၀
၁၂။လူပြန်တော် ဦးကုမုဒ (လန်ဒန်) ပေါင် ၁၀
၁၃။မဟေမာမြတ်ခိုင်+မနန္ဒာထွန်း (လန်ဒန်) ၀ှီးချဲတစ်စီးအတွက် ပေါင် ၄၅ 
စုစုပေါင်း စတာလင်ပေါင်ငွေ ၃၆၀ ဖြစ်ပါသည်။
ဤသို့သော ကုသိုလ်ဒါန၏ စေတနာကံအစွမ်းကြောင့် ဖြစ်လေရာရာ ဘ၀တိုင်း၌ အနာရောဂါကင်းရှင်းပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လောကကောင်းကျိုး လူ့ကောင်းကျိုးတို့ကို မှန်ကန်သော နည်းလမ်းဖြင့် အကြွင်းမဲ့ ဆောင်ရွက်နိုင်ကြပါစေ။
ဤသို့စုပေါင်းပြုလုပ်ရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မြင်အပ် မမြင်အပ်သော ဝေနေယျသုခိတဒုက္ခိတ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါ၏။ ကြားကြားသမျှ အားလုံး သာဓုခေါ်ဆိုနိုင်ပြီး အမျှရကြသည်ဖြစ်၍ ကျန်းမာကြသည် ချမ်းသာကြသည် ၀မ်းသာကြသည် ဖြစ်ကြပါစေသော်ဝ်။  ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု သာဓု သာဓု။
.
.
16 comments:
  1. သဂျီးမင်းကြီးလဲဆထက်တပိုးတိုးပြီး ဘလော့ရွာကြီးမှာပျော်ရွှင်စွာဦးဆောင်နိုင်ပါစေယ
    သာဓု သာဓု သာဓု
    ဂျာရစ်
    ReplyDelete
  2. သာဓု သာဓု သာဓု ပါခင်ဗျာ
    ReplyDelete
  3. ပြုပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့ကြောင့်
    အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်သည်
    လျှင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့
    မျက်မှောက်ပြုရပါလို၏။
    သာဓု သာဓု သာဓု သုံးကြိမ်ခေါ်ဆိုသွားပါတယ်
    တဂျီးမင်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  4. သာဓု သာဓု သာဓု ပါ သကြီးမင်းရေ
    ဒါနဲ့ သကြီးမင်းရဲ့ ဖလပ် ဖလပ် စာလေးတွေ ဖတ်ချင်ပါတယ်ဗျာ ကြာသွားပြီ ရေးပါအုန်း
    ခင်မင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  5. သာဓုခေါ်ရင်း ရှေ့ဆက်လက်ချီနိုင်စေဖို့
    အားပေးသွားတယ် သဂျီးရေ.....
    မောင်ဘကြိုင်
    ReplyDelete
  6. ပြုသမျှ ကုသိုလ်ကို သာဓု သုံးကြိမ် ခေါ်ပါတယ်.။
    စာတွေ မဖတ်ရတာ ကြာလှပြီမို့ ဘလော့လေးပေါ်မှာ အမြန်ဆုံး စာရေးပါလို့ အော်သွားပါတယ်..။
    ခင်မင်တဲ့
    သဒ္ဓါ
    ReplyDelete
  7. သာဓု သာဓု သာဓု ပါရှင် အလှူဖြစ်မြောက်အောင်ဆောင်ရွက်ပေးတဲ့ သဂျီးမင်းနှင့်တကွ အလှူရှင်များအားလုံး
    ဘ၀နဲ့ဆန္ဒ တထပ်တည်းဖြစ်ပါစေ
    ReplyDelete
  8. သာဓု.သာဓု.သာဓုပါ
    ယခုပြုရ ကုသလကြောင့်
    စိတ်သွားတိုင်း၊ကိုယ်ပါ
    ကောင်းကျိုးလိုရာဆန္ဒများ
    မတောင်းဘဲနဲ့ အမြန်ပြည့်စုံပါစေ။
    ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်မြန်မြန်ရောက်ပါစေ...။
    တဂျီးး)
    ခင်မင်လေးစားလျှက်
    မိစံ
    ReplyDelete
  9. သာဓု သာဓု သဓုပါ သူကြီးမင်း။
    သူကြီးမင်း.......
    ပြုခဲ့ပြီးသော ကောင်းမှု့အစုစုတို့အတွက်
    ReplyDelete
  10. သာဓုပါ သူကြီးမင်းရေ...ကျွန်တော်လည်း ဒီမှာ သွေးလှူရှင် အသင်းလေးတစ်ခု စလုပ်ဖြစ်နေတယ်...အရင်ကတော့ လူငယ်လေးတွေ ကိုယ်တိုင်ပဲ လုပ်နေကြတာပဲ...နည်းနည်း စနစ်တကျလေးဖြစ်သွားအောင် ကူညီပေးတဲ့သဘောပေါ့လေ...ဘက ကျောင်းတွေမှာ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ အဆောက်အဦတွေလည်း လှူဖို့ စီစဉ်နေတယ်...ကိုယ်တိုင်ကတော့ တစ်ပတ်ကို သုံးချိန်လောက် ဘကကျောင်းမှာ အင်္ဂလိပ်စာသင်ပေးဖို့ စိတ်ကူးထားတာပဲ...စကားမစပ် စာလေးဘာလေး ရေးစမ်းပါဦးလား...သူကြီးမရှိတော့ ရွာမဆူဘူးဖြစ်နေတယ်...ကပြောင်လေးဘာလေး မဖတ်ရတာလည်း ကြာလှပေါ့...
    ReplyDelete
  11. သူကြီး
    သူများလည်းပိုက်ဆံပို့ထားပေးပြီးပြီနော်
    ရောက်မေ၇ာက်ဆိုတာဘယ်သူမှလည်း
    အကြောင်းမပြန်ဘူး
    နဲနဲပါးပါးမေးပေးဦး..
    ReplyDelete
  12. သူဂျီးမင်းတို့ အလှူအတန်းဆိုလည်း လက်မနှေးပါလား..
    သာဓုခေါ်ရင်း မုဒိတာ ပွားပါတယ်နော်..
    ပျောက်မနေဘဲ
    စာတွေဘာတွေလည်းရေးပါဦးလို့..
    ReplyDelete
  13. သာာာာာာာာာာဓု သာာာာာာာာာာဓု သာာာာာာာာာဓု
    ReplyDelete
  14. This war is terrible, but I am conscious that this is the war I cannot ignore not only custom essays writing services online
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။