Friday, 9 March 2012

လက်တွဲမလား လက်ဆွဲမလား

 ပထမခြေလှမ်းပြီးတော့ ဒုတိယခြေလှမ်းပေါ့။ လှမ်းမြဲလှမ်းနေလျှက်ပါ။ လှမ်းမြဲ လှမ်းနေဦးမှာပါ။ ကိုယ့်ရဲ့ စုပေါင်းစည်းရုံးဖြည့်ဆည်းပေးမှုက လက်ခံသူတွေအတွက် အပြုံးပန်းလေးတွေ ပွင့်လန်းစေတယ်ဆိုရင် ဖော်မပြနိုင်တဲ့ ကြည်နူးမှုလေးတွေက နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်ခိုတွယ်လာမှာ အမှန်အကန်ပါဘဲ။ အဲဒီလို ကြည်နူးမှုလေးတွေ ရယူပိုင်ဆိုင်နိုင်အောင် မြန်မာမုဒိတာ လူငယ်များအဖွဲ့က စုပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အတူတူလက်တွဲ ကုသိုလ်ပြုဖို့ ဖိတ်ခေါ်ပါတယ်။ သို့မဟုတ် မိမိတို့ တတ်နိုင်သလောက် အင်အားဖြည့် လှူဒါန်းဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ဒုတိယခြေလှမ်းအနေနဲ့ ကုသိုလ်ပြုဖို့ စီစဉ်ထားတာကတော့ မရမ်းချောင်း အနာကြီးရောဂါဂေဟာကို အထောက်အပံ့ပေးဖို့ ဖြစ်ပါတယ်။ အဲဒီ မရမ်းချောင်းအနာကြီးရောဂါဂေဟာအကြောင်းကို အားလုံး ဖတ်ရှုနိုင်ဖို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ဝက်ဘ်ဆိုဒ်က ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။

 ...........




အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှူအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလ ပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။ အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှူ
၂။ဆေး၊ ဆန်အလှူ
၃။အ၀တ်အထည်
၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ပါဝင်အားဖြည့် လှူဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း

ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တည်ရှိပါတယ်။ လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။


နေ့စဉ် လူနေမှုဘဝ

ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။ အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။ အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတို့တွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကို သွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဖူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း
ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။ လက်ရှိ အချိန်မှာ တိုက်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။ အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက် အတိုအရှည် မညီကြပါဘူး။ ဒါကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။ အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ ဖိနပ်ပြတ်သွားပြီး လှူဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ဖြတ်ညှပ်ပြီး ကြိုးတွေဆိုင်း စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။ သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။ သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှူရှင်တွေရဲ့ လှူဒါန်းမှုကို မျှော်လင့်ကာ ဘ၀ကို ချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။

ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ

အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။ လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။ အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။ အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။  ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။ တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်မျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကူညီသည့်သူများကို အားကိုးရင်း အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ဝေဒနာရှင်များအတွက် လှူဒါန်းနေသူများ ရှိကြသော်လည်း လှူဒါန်းမှုအားမှာ ဆင် ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။ အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

(Barclays Bank account) 
 MR U JANAKA
Sort Code: 20-42-73    10039764
 

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

အလှူရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
18:00( GMT)


.

17 comments:

  1. အနာကြီးရောဂါသည်တွေရဲ့ ဘ၀အခြေအနေကို ဖတ်ပြီး သနားမိပါတယ်.. အထူးသဖြင့် မျိုးဆက်သစ်လေးတွေ... အဲဒီမျိုးဆက်သစ်လေးတွေ ကျောင်းနေနိုင်ဖို့၊ ပညာတတ်ဖို့ကို ထောက်ပံ့ပေးချင်မိတယ်.... အကျိုးတော်ဆောင်တွေကြည့်ရလိုက်တော့ ကျွန်တော်နေထိုင်တဲ့ နိုင်ငံမပါသေးတာကြောင့် အခွင့်ရှိရင်တော့ ဒီနိုင်ငံရဲ့ အကျိုးဆောင်လုပ်ချင်ပါတယ်...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ကန်ဒီလည်း လှူမှာပါ။ ကန်ဒီ့ဆိုဒ်မှာလည်း ကူးယူဖော်ပြခွင့်ပြုပါ တဂျင်းမီး :D :P

    ReplyDelete
  3. ကြိုဆိုပါတယ်ကိုနေ၀သန်ရေ

    ReplyDelete
  4. အတိတ်ကံခေသူများအတွက် တတ်အားသ၍
    လှူဒါန်းလိုပါတယ် တဂျီးမင်းရေ။ ပျောက်နေတာ
    ကြာလှပေါ့။ ပေါ်လာတော့လည်း ကုသိုလ်အလုပ်
    နဲ့ပေါ်လာတာမို့ ကျေနပ်မိပါရဲ့။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အကိုရေ
    စာတွေဖတ်ရင်း
    ပုံတွေကြည့်ရင်းအရမ်းစိတ်မကောင်းဖြစ်မိတယ်
    ဝေဒနာရှင်တွေကနေ
    ပေါက်ဖွားလာတဲ့
    မျိုးဆက်သစ်ကလေးတွေအတွက်
    တတ်နိုင်သလောက်
    ထောက်ပံပေးသင့်တယ်လို့လည်း
    ထင်တယ်အကိုရေ
    ညီမတတ်နိုင်သလောက်
    အလှုငွေကောက်ပေးမယ်..

    ReplyDelete
  6. မောင်နေ၀သန်ရေ...
    လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ မြန်မာမုဒိတာလူငယ်များအဖွဲ့ဝင်တွေအားလုံးလဲ မောင်နေ၀သန်တစ်ယောက် အကျိုးတော်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်လာလို့ ပြောမပြတတ်အောင် ၀မ်းသာပါတယ်။


    mmyg.mudita@gmail.com သို့ မောင်နေ၀သန်ရဲ့ အီးမေးလ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ပို့ပေးစေချင်ပါတယ်။ ကွန်ဖန်းဖြစ်ရင် မုဒိတာဆိုဒ်ပေါ်မှာ တင်ပေးပါမယ်။

    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  7. မောင်နေ၀သန်ရေ...
    လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ မြန်မာမုဒိတာလူငယ်များအဖွဲ့ဝင်တွေအားလုံးလဲ မောင်နေ၀သန်တစ်ယောက် အကျိုးတော်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်လာလို့ ပြောမပြတတ်အောင် ၀မ်းသာပါတယ်။


    mmyg.mudita@gmail.com သို့ မောင်နေ၀သန်ရဲ့ အီးမေးလ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ပို့ပေးစေချင်ပါတယ်။ ကွန်ဖန်းဖြစ်ရင် မုဒိတာဆိုဒ်ပေါ်မှာ တင်ပေးပါမယ်။

    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. ပိစိ၊ ဒိုးကန်၊ ၀က်မလေး
    ကျေးဇူးတင်ပါတယ်။ စုစုဝိုင်းဝိုင်း သိုင်းသိုင်းဝန်းဝန်းပေါ့။

    တီတင့်ရေ...
    ဟုတ်တယ်။ ဘလော့ဘက်မလှည့်ဖြစ်တာ အတော်ကြာနေပြီ။ နဲနဲ လုပ်စရာတွေ ဆက်တိုက် ပေါ်လာလို့။

    တီတင့်ကို ကြိုဆိုပါတယ်။ နိုင်သလောက် ထည့်ဝင်မယ်ဆိုလို့လဲ ၀မ်းသာကြည်နူးမိပါတယ်။ တီတင့်ကိုလဲ အဖွဲ့ဝင်အနေနဲ့ မုဒိတာဆိုဒ်ဘားမှာ တင်လိုက်တော့မယ်နော်။း)
    ဇွတ်ကြိးများ ဖြစ်သွားသလားမသိဘူး။ အဟဲ ဟဲ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. တဂျီးးး
    တွေ့ရတာဝမ်းသာပါတယ် :D
    အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပြီး
    ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ပါစေ။း)

    ခင်မင်လျှက်
    မိစံ

    ReplyDelete
  10. ဒါတောင်မှ ဒီဘက်ခေတ် ဆေးကောင်း ၀ါးကောင်းတွေပေါ်လာလို့ အနှီလောက်သက်သာတာကလား သူကြီးရေ...တစ်ခုကောင်းတာက ဒီဘက်ခေတ်မှာ အရင်ခေတ်ကလောက် ဒီလူနာတွေကို ၀ိုင်းမပယ်ကြတော့တာပဲ...

    အဖွဲ့မှာလှူရတာကျတော့ လက်လှမ်းမမီဘူး သူကြီးရေ...ကိုယ့်အစီအစဉ်နဲ့ပဲ လှူဖြစ်တယ်...ဒီနှစ်နွေရာသီမှာ ခရီးသွားဖြစ်ရင်တော့ အဲဒီကျောင်းဘက်ကို ရောက်ဖြစ်အောင် သွားဖို့ အားသန်ထားပါရဲ့...

    ReplyDelete
  11. လေးစားပါတယ် သဂျီး
    နိုင်ရာကဏ္ဍကနေ လှုပ်ရှားကြတာပေါ့
း)

    ReplyDelete
  12. ကိုမောင်ရေ
    အဲဒီလိုမျိုးတွေကိုတော့ တတ်နိုင်သလောက်လှူသင့်တယ်လေ
    jas တိုလဲ အခုနေရာပြောင်းရမယ်ဘယ်နှလကြာမလဲမသိသေးဘူး
    လှူတာကတော့လှူရမယ်လေ
    အားလုံးလှူနိုင်ကြပါစေလို့
    jasmine

    ReplyDelete
  13. သာဓု ခေါ်ပါတယ် တဂျင်းမီးရေ..ပျောက်ချက်သား ကောင်းလှချည်လား..နိုင်သလောက်လေး ပါမယ်နော့.

    ReplyDelete
  14. တဂျီး....တဂျီး......ကျွန်တော်တော့ ဆွဲလည်းဆွဲ၊တွဲလည်း
    တွဲမယ်နော်....:)))(စတာ....)
    နေနေရဲ့ဖုံးနံပတ်ဘာညာတွေရပြီ....တဂျီး....nay.naywathan@gmail.com
    +81 80 3852 5214 ပါ...။သူ့ဆီကခွင့်ပြုချက်ယူပြီးပါ
    ပြီခင်ဗျ....၊အဲဒီအတွက် ဝမ်းသာရပါတယ်ခင်ဗျား

    ReplyDelete
  15. သဂျီး ရေ

    တတ်နိုင်သမျှလက်လှမ်းမှီသမျှ လှူဒါန်းပါမယ်
    သဂျီးတယောက် ပျောက်တာ နေကောင်းကျန်းမာ အလှူရေစက် လက်နဲ့ မကွာ တဲ့ ပိုစ့် လေး ကို ဖတ်လိုက်ရတဲ့ အတွက် စိတ်အေးသွားပါပြီ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  16. because I am a soldier but also because I have chosen freedom and independence and I essay writing service online

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။