Sunday, 1 January 2012

သူမ လာပြီး မကြာခင် ကျွန်ုပ်အိပ်သည်

မန်ယူလဲ နှစ်သစ်မှာ အောင်မြင်ဖို့ နှစ်ဟောင်းကို အရှုံးနဲ့ နှုတ်ဆက်ထားခဲ့ပြီ။ ယူကေမှာလဲ The Lady ဇာတ်ကားကြီး ရုံတင်လေပြီ။  အိမ်က အဘိုးအိုလဲ New Year ပေါက်ကွဲမှုကို မှတ်တမ်းတင်ထားဖို့ Canon ကင်မရာကြီး တကားကား ကိုင်ပြီး TV ရှေ့ ထိုင်နေလေပြီ။ သူကြီးမင်းလဲ ရောယောင်ပြီး Countdown ရေတွက်တတ်နေလေပြီ။ ဘလော့တစ်ခွင်ပေါ်၌လဲ Happy New Year တွေ ခြေချင်းထပ်နေလေပြီ။  ၂၀၁၂ နှစ်သစ် အလှနတ်သမီးလေး မကြာမီ ပေါ်ထွက်လာတော့မည်။ ။

တစ်နေကုန်ရာသီဥတု သာယာခဲ့သလောက် ညကျမှ မိုးတစ်ပျောက်ပျောက် ထဖောက်လေပြီ။ ည ၁၁း၄၅ မှ မနက် ၀၄း၃၀ ထိ လန်ဒန်မြို့တွင်းရှိ ပို့ဆောင်ရေးအားလုံး (မြေအောက်ရထား၊ မြေပေါ်ရထား၊ ဘတ်စ်ကား) အခမဲ့ စီးခွင့်ပြုထားသည်။ New Year Celebration အတွက် ဖြစ်သည်။ Big Ben နှင့် London Eye အနီး New Year ကို ကြိုဆိုဖို့ ကြိုတင် နေရာယူထားကြသူများ စုစုပေါင်း နှစ်သိန်းခွဲရှိသည်ဟု ခန့်မှန်းသည်။ လုံခြုံရေးကို သာမန်ထက် အယောက် သုံးထောင် ပိုချထားသည်ဟု ကြေငြာသည်။ လူ့အခွင့်အရေး လိုတာထက် ပိုရှိသည့် နိုင်ငံ၌ဖြစ်ရသော ထိုရဲသားတို့ကို အမှန်သနားနေမိသည်။ ဘာပြဿနာဖြစ်ဖြစ် သူတို့က အခံဘက်ကချည်း ဖြစ်သည်။ လူတစ်ယောက်ကို တုတ်နဲ့ ရွယ်လိုက်ရုံနဲ့ ချိန်းခြောက်မှုဟု တရားစွဲတတ်သည့် နိုင်ငံဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရဲသားတစ်ယောက်က ဆန္ဒပြနေတဲ့ လူတစ်ယောက်အား တွန်းလိုက်မိ၍ ထိုသူ လဲကျသွားသည်။ ပြန်ထမလာတော့ပေ။ ထိုလူသည် နှလုံးရောဂါသည် ဖြစ်သည်။ ထို့ကြောင့် ထိုလဲကျရာ နေရာ၌ပင် သေဆုံးသွားသည်။ ထိုရဲသားကို CCTV ကင်မရာဖြင့် စစ်သည်။ ထို့နောက် ထိုရဲသား တရားစွဲခံရသည်။ ထိုကဲ့သို့ အဖြစ်အပျက်များကြောင့် ဒီနိုင်ငံက ရဲသားတွေကို သနားမိခြင်း ဖြစ်သည်။


လူပေါင်းများစွာ ဘစ်ဘင်နာရီစင်ကြီးကို မော့ကြည့်ပြီး ကောင့်ဒေါင်းရေတွက်ကြသည်။ ၆၀--၅၉----------------၃-၂-၁-၀။ ဒေါင်..ဒေါင်..ဒေါင် ဟူ၍ ညဉ့် ၁၂ ချက်ထိုးသည်နှင့် တပြိုင်နက် Happy New Year ဟု ၀ိုင်းဖွဲ့စုပေါင်းပြီး သံကုန်ဟစ်ကြသည်။  ထို့နောက် New Year ကို ကြိုဆိုတဲ့ အနေနဲ့ ဘစ်ဘင် ပေါက်ကွဲသည်။ ၄င်းနောက် လန်ဒန်အိုင်း ပေါက်ကွဲသည်။ ထို့နောက် ထိုနှစ်ခုလုံး အတူတူ ပေါက်ကွဲကြသည်။


New Year ကြိုဆိုပွဲအတွက် ဆစ်ဒနီပေါက်ကွဲမှု လှသည်။ ဘာလင်ပေါက်ကွဲမှု လှသည်။ ကိုပင်ဟေဂင် ပေါက်ကွဲမှု လှသည်။ အေဒင်ဘရာ ပေါက်ကွဲမှု လှသည်။ သို့ပေသည့် လန်ဒန် ပေါက်ကွဲမှုက ပိုလှသည်။ လန်ဒန်ရှိ ဘစ်ဘင်ပေါက်ကွဲမှု လန်ဒန်အိုင်းပေါက်ကွဲမှုက နိုင်ငံတကာ ပေါက်ကွဲမှုထက် ပိုလှသည်။ မြို့တော်ဝန် ဘောရစ်ဂျွန်ကလဲ လန်ဒန်ပေါက်ကွဲမှုကို စံပြဖြစ်စေရမည်ဟု ကြုံးဝါးခဲ့သည်လေ။ သို့သော် သို့သော် ထိုသို့ ထိုသို့သော New Year  ပေါက်ကွဲမှုတွေလောက်တော့ ရွှေမြန်မာက ပျင်းတောင် ပျင်းသေးသည်။

အနောက်နိုင်ငံ ပေါက်ကွဲမှုတွေက အတုပေါက်ကွဲမှုသာ ဖြစ်သည်။ ကြိုတင် ရက်ပေါင်းများစွာ  ပေါက်ကွဲမှု အလှဆင်ဖို့ အချိန်ပေးရသည်။ ထိုကဲ့သို့ ကြိုတင်အလှဆင်ပြီး လှပစွာ ပေါက်ကွဲခဲ့သော်လည်း ရွှေမြန်မာပေါက်ကွဲမှုကိုတော့ဖြင့် တုနှိုင်း၍့ မမီနိုင်ပြီ။ အဘယ့်ကြောင့်ဆိုသော် ရွှေမြန်မာ နယူးယီးယားအကြို ပေါက်ကွဲမှုသည် အတုအယောင် ပေါက်ကွဲမှု မဟုတ်၊ အစစ်အမှန် ပေါက်ကွဲမှု ဖြစ်သောကြောင့်ပင်ဖြစ်သည်။ အနောက်နိုင်ငံ ပေါက်ကွဲမှုသည် တီဗီက တစ်ဆင့် ကြားရ၍သာ သံကောင်း ဟစ်နိုင်ခြင်းဖြစ်သည်။ ရွှေမြန်မာ ပေါက်ကွဲမှုမှာ တီဗီမလို ရေဒီယိုမလိုဘဲ ရွှေမြို့တော်တစ်ခွင် သိမ့်သိမ့်တုန်အောင်၊ လူတွေကယောင်ချောက်ခြားဖြစ်အောင်၊ လူအများ လွှင့်စင်သွားအောင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၂ New Year အကြိုပေါက်ကွဲမှုတို့တွင် ရွှေမြန်မာပေါက်ကွဲမှုက ပထမဆုနဲ့ ထိုက်တန်လေသည်။ သို့သော်.. ထိုကဲ့သို့ ရွှေမြန်မာပေါက်ကွဲမှုမျိုး နောက်ထပ် ဘယ်တော့မှ (ဘယ်တော့မှ) မဖြစ်ပေါ်ပါစေနဲ့တော့။


မာယာပြက္ခဒိန်အရ ကမ္ဘာပျက်မဲ့ နှစ် ရောက်ခဲ့လေပြီ။ လွန်ခဲ့တဲ့ ၂၀၁၁-နတ်သမီးက ကမ္ဘာပေါ်ရှိ ထမ်းပိုး၍လေးလံသည့် အာဏာရှင်အများစုကို ရှင်းလင်းပေးခဲ့သည်။ ဟိုနားဒီနား ဟိုဟာဒီဟာ ဆူပူမှုတွေကို ဖန်တီးပေးခဲ့သည်။ ထိုသည်ပင် ၂၀၁၂(ကမ္ဘာပျက်နှစ်)ကို သတိပေးခြင်းလေလော ဟု တွေးနေမိသည်။ New Year အလှဆင်ပေါက်ကွဲမှုကို ကြည့်ရှုပြီး မစပ်မှ မဆိုင် ဘယ်နိုင်ငံ ဘယ်မြို့မှာ ဘယ်လိုပေါက်ကွဲလိုက်လို့ လူဘယ်နှစ်ယောက်... ဆိုတာကို မကြားရပါစေနဲ့ ဟု တွင်တွင် ကျိတ်ဆုတောင်းနေမိသည်။


၂၀၁၂ ကို ကြင်သူနဲ့အတူ ကြိုဆိုသူ ရှိမည်။ ဘော်ဒါများနှင့် အတူ ကြိုဆိုသူလဲ ရှိမည်။ ယမကာနဲ့အတူ ကြိုဆိုသူလဲ ရှိမည်။ အထီးကျန် ကြိုဆိုသူလဲ ရှိမည်။ မိသားစုနဲ့အတူ ကြိုဆိုသူလဲ ရှိမည်။ သို့သော် အိမ်က အဘိုးအိုကတော့ တီဗီကလာတဲ့ New Year ပေါက်ကွဲမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး ခဏအကြာမှာ ဘုရားခန်းဘက် ကပျာကယာ ထွက်သွားလေသည်။ ကျွန်ုပ်က.. အဘိုး ဘယ်သွားမှာလဲ ဟု မေးတဲ့အခါ နှစ်သစ်ကို ကြိုဆိုဖို့ အစီအစဉ်ဆွဲထားလို့ ဟု ဖြေသည်။ ကျွန်ုပ်မျက်စိရှေ့မှောက်မှာပင် အဘိုးအိုသည် ဘုရားရှေ့ ၀ပ်တွားဝတ်ပြုပြီး တင်ပလ္လင်ခွေထိုင်ကာ ရှူးရှဲ ရှူးရှဲဖြင့် တရားထိုင်မှတ်လျှက် နှစ်သစ်ကို ကြိုဆိုနေလေတော့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လဲ အားကျမခံ မင်္ဂလသုတ်လောက်တော့ ရွတ်မှဟု စဉ်းစားပြီး ယံမင်္ဂလံ အစချီကာ မင်္ဂလသုတ်တော်ကြီးကို ရွတ်ပွါးနေမိလေတော့သည်။


၃၁ ဘုံသားများ နှစ်သစ်မှာ မင်္ဂလာအပေါင်း ပြည့်စုံကြပါစေသတည်း။


မှတ်ချက်။
Window7 64bits နှင့် ဇော်ဂျီတွဲသုံးမှု အခက်အခဲအတွက် ကိုရင်က လင့်ခ်တစ်ခု ချပေးသည်။ သို့သော် ထိုလင့်ခ်သည်လဲ သူကြီးမင်း အသုံးပြုပြီးသော လင့်ခ်ဖြစ်နေသည်။ ထို့ကြောင့် ဘုန်းဘုန်းတောက် အကြံပေးချက်အရ 1 Key ဘေးနားမှာ ရှိတဲ့ Dead Key (~) အား စမ်းနှိပ်ကြည့်လိုက်သည် ။ ကွက်တိကြီးပါတကား။ မှန်လိုက်လေ ဘုန်းဘုန်းတောက်။း)   အမှန်က သူကြီးမင်း Key အသုံးမှားနေခြင်းပင်ဖြစ်သည်။ Font တွေက ကွန်ပျူတာထဲ အဆင်သင့် ရှိပြီးသားဖြစ်သည်။ သူကြီးမင်း သုံးတဲ့ Key က Ctrl+Alt+......  ဖြစ်သည်။ အခု အသုံးပြုရမှာက Dead Key + ... ဖြစ်သည်။ ကျေးဇူးပါ ကိုရင်နှင့်ဘုန်းဘုန်းတောက်။ (သူကြီးမင်း)။
..


London New Year ပေါက်ကွဲမှု (သူကြီးမင်းရဲ့ ကင်မရာရှော့တ်နှင့် စခရင်ရှော့တ်)
 
 




.

21 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. ပြောရင်လည်း လွန်အုံးမယ်...လွန်မှာစိုးလို့ မပြောတော့ပါဘူး..:D

    သူများလို ဟိုဘစ် ဒီဗစ်တေ့ မရှိဘူး..ဒါကိုပဲ ဖောက်တော့ http://vn247.net/flash/Relax/Happy-new-year.swf

    နှသစ်သစ်မှာ ၁၀၀% အဆင်ပြေပါစေ ဆာသူကြီး..

    ReplyDelete
  3. တံငါနားနီးတံငါ
    မုဆိုးနားနီးမုဆိုးတဲ့
    အဖိုးနားနီးတော့
    သူကြီးမင်းလည်း.အဖိုးဖြစ်သွားတာပေါ့း))
    နှစ်သစ်မှာ..စိတ်ကျန်းမာ
    ကိုယ်ချမ်းသာစွာနဲ့
    တရားဘာဝနာ..များများအားထုတ်နိုင်ပါစေရှင်

    ခင်မင်စွာဖြင့်

    ReplyDelete
  4. လှလိုက်တာ.. မီးရှူးမီးပန်းတွေ
    ကန်ဒီလည်း နှစ်သစ်ကို အထီးကျန်စွာ ကြိုဆိုခဲ့ပါတယ် ဗြဲ (ငိုသံ)

    အင်း ဘုရားစာရွတ်ပြီး ကြိုဆိုသင့်တယ် :D :D

    ReplyDelete
  5. အားလုံးထဲမှာအလှဆုံးက ကိုရင်နဲ့ မဒမ် ၁၂ မထိုးခင်ပေါက်ကွဲမှု့ ဟိဟိး)

    ReplyDelete
  6. ဘိလပ်ပြည်က မီးပန်းတွေက တယ်လှသကိုး.တဂျင်းမီး ပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာ ဖြစ်ပါစေဗျား

    ReplyDelete
  7. မမြင်ဘူးတာလေးတွေမြင်တွေ့ခွင့်ရအောင်ဖန်တီး
    ပေးတဲ့အတွက် ကျေးဇူးပါတဂျီးရေ။
    ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
    အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
    နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ။
    Happy New Year !!!

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. နှစ်သစ်မှာ လိုချင်တာများ လုပ်ယူ၍ ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ ..

    ReplyDelete
  9. သူကြီးမင်းရေ ဘုန်းဘုန်းလည်း ၆၄ ဘစ် ၀င်းဒိုးဆဲဗင်းပဲကွယ့်။ ဘုန်းဘုန်းသုံးပုံက ကမ္ဘာကိုရေးမယ်ဆိုရင် 1 ခလုတ်ရဲ့ဘယ်ဘက်မှာ ရှိနေတဲ့ခလုတ်ကို နှိပ်ပြီးရင် b ခလုတ်နှိပ်လိုက်တာပဲ။ အဲဒါကတော့ သူကြီးမင်းလည်း သိပြီးသားပါနော်။ တစ်ချို့ကွန်ပျူတာကြတော့ Shit+Alt+Ctrl နဲ့ b ခလုတ်နဲ့ တွဲနှိပ်ရတယ်။ အငျိုးငျိုးပဲ။ အဲဒီလိုမှ မရရင် Control Panel ထဲမှာ ဇော်ဂျီ Font ကို ရွေးပြီး repair လုပ်လိုက်ရင် ရမယ်ထင်တယ်။ ဘုန်းဘုန်းရေးပြတာ ရှုပ်သွားပြီလား မသိ။

    ဘုန်းဘုန်းက နှစ်သစ်ကို ဘော်ဒါတွေနဲ့ ကြိုဆိုခဲ့တယ်။ ညတုန်းကလေ။ အိမ်ခေါင်မိုးပေါ် တက်ပြီးတော့...

    အဆင်ပြေပါစေနော်...

    ReplyDelete
  10. သဂျီးပြောသလိုပဲ လန်ဒန်က ရဲတွေကိုသနားမိတယ်
    မြန်မာပြည်က အုပ်ချုပ်ပုံနဲ့ တူတယ်နော်

    ReplyDelete
  11. တဂျီးရေ....နယူးရီးယားပေါက်ကွဲမှုကို နူကလီးယားပေါက်
    ကွဲမှုချည်းဖတ်မိနေတော့တာပါပဲ...:) ကျွန်တော့်ကောင်
    လည်း ပတ်ဆင့်ကို တစ်ဝက်ရေးလို့ရပြီး၊တစ်ဝက်ရေးမရ
    ဘူးဗျိုးးးးး။ပတ်ဆင့်ရေးရတော့မယ်ဆို နီးရာဂျီတော့က
    တစ်ယောက်ယောက်ကိုရေးပြခိုင်းပြီး ကော်ပီ ပေ့လိုက်
    တယ်....အကြံမပိုင်ဘူးလား...:P

    ReplyDelete
  12. သူဂျီးမင်းတို့ လန်ဒန်ရွှေမြို့တော်ကြီးပေါက်ကွဲတာလှပါတယ်။ အရောင်ကိုစုံလို့
    မြန်မာပြည်က ပေါက်ကွဲမှုမျိုးတော့ ဘယ်မှာမှ မရှိစေချင်ပါဘူး သူဂျီးရေ..
    နှစ်သစ်မှာ အစစအဆင်ပြေသော ပျော်ရွှင်သော ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာသော လိုရာဆန္ဒ ပြည့်ဝသော ၂၀၁၂ ဖြစ်ပါစေ သူဂျီးရေ။

    ReplyDelete
  13. Happy New Year 2012 ပါ။

    အဲဒီ 64 bit က အတော်ကို ဆိုးတာနော်။ ဂျီတော့မှာလည်း voicemail တွေ မရလို မရနဲ့ တယ်ခက်တာပဲ။

    ReplyDelete
  14. အဖိုးက တော်ချက် ကျနော်သာဆိုလည်း လူတွေ ကြိတ်တိုးနေမယ့် အဲ့လိုနေရာကြီး ဘာလို့သွားနေတော့မှာပဲ တီဗွီလေးကြည့်ပြီး ကြည့်တော့ ပိုတောင်မြင်၇သေးးး)

    သူကြီးလည်း နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေ ဆိုက်ရောက်ပါစေဗျာ ။ ဘီလိပ် ရွာက ရဲတွေနဲ့ သားတို့ ရွာက ရဲတွေကတော့ ကွာချက် ပြောမနေချင်တော့ဘူး ။

    ReplyDelete
  15. သကြီး ရဲ့ ပေါက်ကွဲမှု့ တွေကတော့ လှပ ပေတယ် ရွှေစင်ဦး တို့ ရဲ့ ပေါက်ကွဲ မှု့ တွေ ကတော့ အင်း ..ပြောချင်တော့ဘူး

    သကြီးမင်း တို့ကတော့ ရှုးရှဲ ရူးရှဲ .. ယံမင်္ဂလံ အစချီကာ မင်္ဂလသုတ်တော်ကြီး နဲ့ကြိုခဲ့ ပေမဲ့ ရွှေစင်ဦး တို့ကတော့ တခွက်သောက် နှစ်ခါပေါက် နဲ့ ကြိုဆိုခဲ့ပါကြောင်း ငှဲ့...ငှဲ့

    နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေဗျာ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  16. သူကြီးမင်းတို့ရွာရဲ့ နှစ်သစ်ကြိုတာက တယ်မိုက်တာကိုး...။
    ကိုယ်စိတ်နှစ်ပါး ကျန်းမာ ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေရှင်..။

    ReplyDelete
  17. အဲဒီလိုရဲမျိုးတွေ တကယ်ရှိတယ်?
    ပုံပြင်လိုပါပဲလားသူကြီးရယ်...သူရို့ရဲ့အပုံတစ်ထောင်ပုံတစ်ပုံလောက်သာ ဒီကရဲတွေ လူစိတ်ရှိရင် ဘုရားစင်ပေါ်တင်ထားပြီး ညတိုင်း ဖင်ထောင်ရှိခိုးပြီး အိပ်ပါတယ်...တကယ်...

    ဟုတ်ပ...အဲဒီညက မန်ယူပွဲထိုင်ကြည့်ပြီး စိတ်လေနေတာ...သူကြီးပြောမှပဲ နှစ်သစ်မှာ အောင်မြင်မှုယူဖို့ နှစ်ဟောင်းမှာ အရှုံးတွေချန်ထားခဲ့မှန်း သတိထားမိတော့တယ်းးး))) ကောင်းလိုက်တဲ့ မန်ယူပရိသတ်...တွေးလိုက်မှဖြင့် ကိုယ့်အသင်းက အဆိုးကိုမရှိတားးး)))

    သူကြီးမင်းရဲ့ နှစ်သစ်ကြိုနည်းက ပိုင်ပါပေ့...တီဗီကြီးကိုကြည့်ပြီး ကြိုတာကိုး...ဘိလပ်ရောက်မှဖြင့် ဘိလပ်ယောင်ဆောင်ပြီး တိုးတာတော့မဟုတ်ဘူး...ရဲမှမကြောက်ရဘဲ ...ဟဲ ဟဲ...

    ReplyDelete
  18. သူများဆီက ပေါက်ကွဲမှုတွေက လှပပေတယ်သယ်ဂျီး
    ရွာထဲမှာ ပေါက်သွားတာက ရွာသူရွာသားတွေ ကွဲကွဲရှရှ မလှမပပါပဲ သယ်ဂျီး

    အဟံအဝေရာဟောမိ

    မောင်ဘကြိုင်

    ReplyDelete
  19. နိင်ငံတကာလို လှလှပပ မီးရှူးမီးပန်းပေါက်ကွဲမှုပဲ မြင်ချင်တယ်။ ကိုယ့်တိုင်းပြည်က ပေါက်ကွဲသတင်းမျိုးတော့ ထပ်မကြားပါရစေနဲ့ကို ဆုတောင်းမိတယ်။

    ReplyDelete
  20. The political life is traditionally very complex and often people fail to understand essays writings services online

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။