Wednesday, 28 December 2011

Breaking news( ဆိုင်ကလုန်းမုန်တိုင်း)


လူတွေ နေ့စဉ် သေလိုက်ကြတာ တစ်ဖြုတ်ဖြုတ်နဲ့။ အငတ်ဘေးကြောင့်လဲသေကြ၊  အချစ်ဘေးကြောင့်လဲ သေကြ၊ စစ်ဘေးကြောင့်လဲ သေကြ၊ ရောဂါဘေးကြောင့်လဲ သေကြနဲ့ သေပုံသေနည်း အမျိုးမျိုးနဲ့ သေလိုက်ကြတာ။ လောကကြီးမှာ နေရထိုင်ရတာတောင် ကျဉ်းကြပ်လာသလိုပါဘဲလား။

ဒီကြားထဲ လာပြန်ပြီ။ သဘာဝဘေးတဲ့။ ဒီသဘာဝဘေးဒဏ်တွေ နှိပ်စက်လို့ လူတွေ သေလာလိုက်ကြတာ တစ်နှစ် တစ်နှစ် နဲနဲနှောနှောမဟုတ်။ တစ်ပုံတစ်ပင်ကြီး။ တကယ့်ကို တစ်ပုံတစ်ပင်ကြီး။ သံဝေဂရစရာ အလွန်ကောင်းတဲ့ လောကကြီးပါဘဲ။ မွေး ကြီး အို နာ သေ နိယာမ ဖြစ်စဉ်ကြီးက ဘေးရန် ဘေးဒဏ် အမျိုးမျိုးကြောင့် အစီအစဉ်တွေ ခုန်ကျော် ဖြစ်ပျက်နေကြလေရဲ့။

မြတ်စွာဘုရား ဟောထားတာရှိတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့သူတွေ၊ ရဟန်းပုဏ္ဏားတွေ၊ တိုင်းသူပြည်သားတွေ တရားမစောင့်တော့တဲ့အခါကျရင် ကြယ် လ နေ နက္ခတ်တွေရဲ့ လည်ပတ်မှုတွေဟာလဲ မမှန်မကန် ဖြစ်လာမယ်တဲ့။ အဲဒီ လည်ပတ်မှု မမှန်ကန်တော့တဲ့အခါရောက်ရင် ရာသီဥတုတွေ ဖောက်ပြန်လာမယ်၊ သဘာဝဘေးရန်တွေ ဖြစ်ပေါ်လာမယ် ( မြေပြိုမယ်။ ရေကြီးမယ်။ မီးလောင်မယ်။ မီးတောင်တွေ ပေါက်ကွဲမယ်။ ငလျင်လှုပ်မယ်။ မုန်တိုင်းတိုက်မယ်။ ဂြိုဟ်တွေ ၀င်ဆောင့်မယ်)။ အဲဒီလိုနဲ့ လူတွေ သက်ရှိသတ္တ၀ါတွေ သေကြေပျက်စီးကြမယ်တဲ့။ မှန်လိုက်တာ။

ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ။ လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တ၀ါ တစ်မျိုးမဟုတ်လား။ သဘာဝဘေးဒဏ်ကို အသိဥာဏ်လေးနဲ့ ကာကွယ်ကြရမှာပေါ့။ အသိဥာဏ်ကို ရှေးရှုပြီး ကြိုတင်အကာအကွယ်ယူထားနိုင်ကြရင် ပျက်စီးသင့်သလောက် မပျက်စီးတော့ဘူးပေါ့။ ယနေ့လို သိပ္ပံခေတ်ကြီးမှာ သတင်းမေဒီယာ ပျံ့နှံ့လွယ်မှုက လူတွေအတွက် ကာကွယ်မှု တစ်ခု ဖြစ်စေပါတယ်။ 

ဒါကြောင့်မို့ ဒီလို ရည်ရွယ်ချက်နဲ့ ဒီသတင်းကို လူအများ သိရအောင် ဘလော့ဂါကိုရင်ဆီကနေ တစ်ဆင့်ရယူပြီး ကျနော့်ဘလော့ပေါ် တင်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘလော့ဂါများ၊ တွစ်တာပိုင်ရှင်များ၊ ဖေ့ဘုတ်စ်ပိုင်ရှင်များလဲ ပြန်လည် မျှဝေပေးစေချင်ပါတယ်။ သဘာဝဘေးဒဏ်ကို ကိုယ်တိုင်သွားရောက် မထိန်းချုပ်နိုင်ပေမဲ့ ဘေးဒဏ်ကျရောက်မဲ့ နေရာက လူတွေ ကြိုတင် သိထားနိုင်ရင်တော့ အကျိုးအများကြီး ဖြစ်ထွန်းမှာ သေချာပါတယ်။ (ကိုကိုမောင်၊ ပန်းရနံ့)

...



27.12.2011 နေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီအချိန်) မြင်တွေ့ရတဲ့ မိုးလေ၀သ ကောင်းကင်ဓါတ်ပုံ (Google Earth)

ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး (၃၀-၁၂-၂၀၁၁) ရက် ညနေပိုင်းမှာ အိန္ဒိယ နိုင်ငံ တောင်ပိုင်း အရှေ့ဖက် ကမ်းခြေကို Chennai မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် လိမ့်မယ်လို့ခန့်မှန်းရ ပါတယ်။ (၂၇-၁၂-၂၀၁၁ ရန်ကုန်၊ နံနက် ၀၆း၂၈ နာရီ) 


03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁) နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။



အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။ 


ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲလိုပါတယ်.။ အချိန်(၃)ရက်အနည်းဆုံးရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့အတွက်ကတော့ ဒီမုန်တိုင်းနောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကိုပြန်ကွေ့မလာပါစေနဲ့။



ဒါကိုတော့ သတိထားပြီးစောင့်ကြည့်နေဖို့လိုပါတယ်။ လို့ ဒေါက်တာ ဦးထွန်းလွင် က TunLwin.com မှာ ဖေါ်ပြထားပါတယ်။.. 

: http://mutdfan.com


မှတ်ချက်။
မဒမ်ကိုးဘလော့မှ (ကိုရင်အသိပေးမှုဖြင့်) ယူသုံးပြီး ပြန်လည်မျှဝေသည်။


.

18 comments:

  1. ဘာမှလာမပြောနဲ့
    ဘာလို့တင်လဲကျုပ်တိတယ်း(

    ဟွန့်

    ReplyDelete
  2. တဂျီး ကိုရင့်ကိုလက်သီးနဲ့လာထိုးပေးပါ ဒါဘဲ

    ReplyDelete
  3. အော် ကြားရတာ စိတ်မကောင်းစရာ သတင်းပဲ
    အားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်

    ReplyDelete
  4. ကျွန်တော့ဆီ ပျက်သွားတယ်အကို..ပြန်ပြီးတင်ပေးတာ ကျေးဇူးတင်ပါတယ်... လူတွေ သိသင့်တယ်လေ..
    များများ share ပေးကြစေလိုပါတယ်ခင်ဗျား..

    ReplyDelete
  5. နယူးရီးယားကို..ဒါကြီးနဲ့ကြိုဆိုကြမယ်ပေါ့
    စိတ်မကောင်းစရာသူကြီးရာ
    အားလုံးဘေးအန္တာရာယ်ကင်းအောင်ပဲ
    ဆုတောင်းပေးပါတယ်။
    ခုမှမြန်မာပြည်ကြီး.စ.ပြောင်းလဲခါစပဲရှိသေးတာ
    မြန်မာပြည်တော့.လှည့်မလာပါစေနဲ့း))

    ReplyDelete
  6. အားလုံး ဘေးကင်းကြပါစေ..မုန်တိုင်းဆို ကြောက်လွန်းလို့ ..နာဂစ်တည်းက..

    ReplyDelete
  7. ဖြစ်ပြန်ပြီ :( .. ပြန်ရှဲလိုက်ပါ့မယ်

    ReplyDelete
  8. ကျေးဇူးပါ သူကြီး ခင်ဗျာ။ FBမှာ ပြန်ရှဲလိုက်ပါပြီ။

    ReplyDelete
  9. ပြည်တွင်းမှာလည်းကြားနေကြတယ်
    မုန်တိုင်း မုန်တိုင်းနဲ့
    ကျေးဇူးပဲသူဂျီးရေ....

    နှစ်သစ်မှာမိန်းမမြန်မြန်ရပါစေဗျာ


    မောင်ဘကြိုင်

    ReplyDelete
  10. အားလုံး ဘေးရန်ကင်းပါစေလို့ ဆုတောင်းပါတယ် အကိုရေ...

    ReplyDelete
  11. သဂျီးမင်း ရေ

    မုန်တိုင်းဒဏ်ကြောင့် ရွှေစင်ဦး တို့တော့ မိုးထဲ လေထဲမှာ ကွေးနေရပြီ


    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  12. ဒွတ်ခပါပဲဗျာ...လူသားအားလုံးအစစအရာရာအဆင်ပြေ
    ကြပါစေဗျာ....။

    ReplyDelete
  13. မုန်တိုင်းဆိုရင် အသံတောင် မကြားချင်ဘူး သူဂျီးရေ
    နာဂစ်တုန်းက ရန်ကုန်မှာလေ
    အသည်းအသန် အလူးအလဲကို ခံလိုက်ရတာပေါ့.
    ခုလည်း အိန္ဒိယမှာဘဲဖြစ်ဖြစ် မြန်မာမှာဘဲဖြစ်ဖြစ် မဖြစ်စေချင်ပါဘူး.. အချိန် ၃ရက်အတွင်း အကောင်းဆုံး ကာကွယ်မှုတွေ လုပ်ထားနိုင်ပါစေလို့ ဆုတောင်းရပါတယ်သူဂျီးရေ

    ReplyDelete
  14. မုန်တိုင်းကတော့ စပြီးဝင်နေပြီ ကိုရင်ရေ...မြန်မာပြည်အောက်ပိုင်းမှာ လေတွေတိုက်ပြီး မိုးတွေရွာနေတယ်...အထက်အညာမှာလည်း ဒီနေ့မနက်ခင်းပိုင်းကပဲ မိုးတွေရွာနေသတဲ့...

    အားလုံးဘေးကင်းရန်ကင်းဖို့ ဆုတောင်းပေးရုံပဲ တတ်နိုင်တော့တာပဲ သူကြီးရေ...

    မင်္ဂလာရှိသော မင်္ဂလာနှစ်ကူး ဖြစ်ပါစေဗျား...

    ReplyDelete
  15. အခုလောလောဆယ် တီတင့်တို့နေတဲ့
    ပဒေသာပင်မြို့တော်မှာ လေတွေ
    တိုက်နေတယ် တဂျင်းမီးရေ။
    မနက်ကပဲဒီသတင်းဆိုး မဒိုးဆီမှာဖတ်ခဲ့သေးတယ်
    ကြားရနားဝမချမ်းသာပဲနော်။
    ဒီမုန်တိုင်ကြီး မျက်စိလည်လှမ်းမှားပြီး
    လူသားတွေမရှိတဲ့တစ်နေရာကို
    ရောက်ပြီးပျောက်ကွယ်သွားပါစေလို့
    ဆုတောင်းနေမိတယ်။
    လောကလူသားအားလုံးစိတ်ဓာတ်အစဉ်
    ကြည်လင်အေးမြချမ်းသာသုခနဲ့ပြည့်ဝကြပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. စိတ်မကောင်းစရာ သတင်းပဲ
    မင်္ဂလာရှိသော မင်္ဂလာနှစ်ကူး ဖြစ်ပါစေဗျား

    ReplyDelete
  17. ကျန်းမာပါစေမင်္ဂလာပါသူကြီး--
    သူကြီးမတရားအလုပ်ပါနဲ့ ဒါဘဲ----
    သတင်းအတွက်တော့ကျေးဇူးတင်တယ်ဗျို့ ---

    ReplyDelete
  18. same time, average Americans can face serious problems, while assessing and custom essays writings online

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။