Monday, 20 September 2010

ကိုကိုမောင် ကိုယ်ရည်သွေးဘွဲ့ (ရတုပိုဒ်စုံ)

ဘုန်းတောက်တေဇာ၊ ဖြစ်လေရာ၌၊ စိတ်မှာထင်ဟပ်၊ လွန်မြင့်မြတ်ဟု၊ အတတ်ထွေထွေ၊ တတ်ရလေကား၊ လွန်ထင်ရှား၍၊ ကျော်ကြားဘ၀ဂ်၊ အထက်သို့တိုင်၊ ကြိုင်လှိုင်ဂုဏ်ရောင်၊ ကိုကိုမောင်ဟု၊ ခေါ်ဆောင်သမုတ်၊ ရှေ့ သို့ထုတ်၍၊ အလုပ်ထွေဖြာ၊ ပေးလေရာမှာ၊ ဥာဏ်ပညာဖြင့်၊ ထင်ရာလျှောက်ခြစ်၊ ရှေ့ ဖြစ်နောက်ပြန်၊ ဖော်ထုတ်လှန်၍၊ အကြံတွေပေး၊ ဥာဏ်ဖြင့်တွေးသည်၊ ကျမ်းရေးသေချာ လင်းစေသော်


ကုန်းကောက်ဖွေရှာ၊ ဥာဏ်ပညာကို၊ ငယ်ခါဘ၀၊ သင်ကာစ၌၊ တစ်ခဏ၀ယ်၊ အာဂအာဂုံ၊ ပြန်ဆိုတုံ၍၊ တဟုန်ကျော်ကြား၊ လူအများသိ၊ ဟိုသွားဒီလာ၊ နှုတ်ဆက်ရာတွင်၊ စဉ်လာဂုဏ်ဆောင်၊ ကိုကိုမောင်ဟု၊ တောင်တောင်မြောက်မြောက်၊ နောက်နောက်ရှေ့ ရှေ့ ၊ တွေ့တွေ့သမျှ၊ မနုဿတို့၊ ဒါနပွါးစီး၊ ထင်တွေကြီး၍၊ သမီးကညာ၊ ဆက်လေရာဝယ်၊ လက်တွေခါချ၊ ငြင်းနေရသေး၊ ဘ၀င်အေးသည်၊ လွမ်းဆွေးဝေဒနာ ကင်းစေသော်


ရုံးရောက်စေရာ၊ မှုတကာတို့၊ ဝေးစွာရှောင်ရှား၊ တစ်ဖ၀ါးမျှ၊ ဟိုနားဒီနား၊ လျှောက်မသွားဘဲ၊ ယောက်ျားမာန်ချဉ်း၊ အံကိုတင်း၍၊ အဖျင်းကိုရှောင်၊ အလင်းဆောင်ပြီး၊ တောင်တောင်အီအီ၊ တီတီတာတာ၊ မာယာ သာဌေ၊ ကင်းလတ်ပေ၍၊ ထွေထွေပညာ၊ ဘိလပ်ရွာ၌၊ သင်ကာမွှေနှောက်၊ လျှမ်းလျှမ်းတောက်ဖို့၊ လမ်းဖောက်ထွက်ကာ၊ ပညာတော်သင်၊ တပင်တပန်း၊ ဇွဲဖြင့်လှမ်း၍၊ အောင်ပန်းကိုဆောင်၊ ကိုကိုမောင်က၊ ဘ၀ဖြစ်ရေး၊ ဖွင့်လှစ်ပေးသည်၊ မှန်းတွေးစေရာ ရှင်းစေသော်

..

28 comments:

  1. တဂျီးရေ...မိုက်သဗျာ ခုနှစ်တုပိုဒ်စုံကြီးက..။

    ReplyDelete
  2. ယနေ့မှစ၍ သင့်အား ခွင့်ပေးလိုက်သည်..။

    လင်းစေသော်..လင်းစေသော်.. (မီး)
    ကင်းစေသော်..ကင်းစေသော်..(အခွန်)
    ရှင်းစေသော်..ရှင်းစေသော်.. (အမှိုက်)

    အမိန့်အရ
    သက်တော်ရှည် အမတ်ကြီး ရဲ့ သမီးတော်
    လှိုင်ထိပ်ထားမြတ်နိုး

    ReplyDelete
  3. ကိုကိုမောင့်ပုံထဲမှာ ကတုံးနဲ့ သင်္ကန်းနဲ့ပါလား
    မာတုဂါမနဲ့ လားလားမျှ မတော်ပါဘူး ဦးဇင်း
    အဲလေ ယောင်သွားပြီ။
    ဘလော်ဂါကိုကိုမောင်
    ဘုန်းရောင် တေဇာလင်းစေသော်
    အကြွေးဘယ်မှာ ကင်းစေသော်
    ပုလင်းအကုန်သာ ရှင်းစေသော်။

    ReplyDelete
  4. ကိုယ်ရည်သွေးသော ၊ ကိုယ့်ကိုကိုမောင် ၊ ပို၍တိုးတတ် ၊ ဥာဏ်အမြတ်ဖြင့် ၊ လိုတစေရာ ၊ ဖြစ်တည်လို့များ ၊ ပြည့်စေသော်ဝ်။

    ReplyDelete
  5. ပြုံးလောက်စရာ....ဆွေကညာတို့၊ တောင်ပြန်သဂျီး၊ လူပိုကြီးမို့ ..တနည်းရှောင်ရှား ..လူနုထွားကို..ပေးစရာငှက်ပျောတုံး..တသက်လုံးဆောင်..ကိုကိုမောင်အတွက်..ဘဝနောင်ရေး..လမ်းစပေးသည်...
    အချစ်ရေးမရှုမလှ ကင်းစေသောဝ်.....

    ReplyDelete
  6. ရတုပိုဒ်စုံကတော့မိုက်ပ..မောင်မျိုးမင်းရင်တွင်းဖြစ်မဟုတ်
    အတိုမှောင် ရင်တွင်းဖြစ် :P..
    အားပေးလျက်
    swe

    ReplyDelete
  7. အမုန်းသောက်နေတာ၊ စည်ဘီယာကို၊ များစွာအမြည်း၊ ကင်ပြီးတလီ၊ ကြော်သည်တလုပ်၊ သုပ်သည်တခါ၊ ဖွယ်ရာရာဖြင့်၊ တွယ်ကာအ၀၊ သောက်နေရကား၊ တုံးဖလားသူကြီး၊ သေနတ်ပြီးသည့်၊ လက်သီးထိပ်ခေါင်၊ ကိုကိုမောင်သည်၊ ယောင်တောင်ယီးတီး၊ လာကပ်ပြီးသော်၊ အမြည်းကိုနှိုက်၊ ဘီယာကျိုက်၍၊ ဆက်တိုက် သောက်မြို၊ နေအညို၌၊ အိမ်ကိုပြန်ခိုက်၊ လမ်းတ၀ိုက်မှာ၊ ဘီယာတန်ခိုး၊ အစပျိုးလျက်၊ ရှူရှူးထွက်ချင်၊ အောင့်လျှင်မလွယ်၊ အန္တရာယ်ဘေး၊ သူလျှင်တွေး၍၊ လမ်းနဘေးမှာ သန်းပေးသည်။

    ReplyDelete
  8. မြင့်တယ်..အကိုရေ...
    တော်လိုက်တဲ့ ငါ့အကို...
    နတ်သမီးတော့ အဲလိုရေးတတ်ဘူး...း(

    ReplyDelete
  9. အင်း----
    ဒါမျိုးလည်းရတာဘဲလားဗျာ-
    သူကြီး ဘယ်အသက်အရွယ်ရှိပြီတုံးဗျ-
    တယ်စုံပါလားဗျာ-
    လန်းတယ်ဗျို့ -

    ReplyDelete
  10. သဂျီးမင်း ပိုဒ်စုံ ရတု က ဗျာ လက်ရာမြောက်ပါပေတယ်။
    အင်္ဂလန် အရပ်မှ ပြန်တော်ပြန်ရန် ချီးမြှောက်တော်
    မူသည်။
    ပုံ
    မင်းတြားကြီး

    ReplyDelete
  11. တော်လိုက်ကြတာ.....

    ReplyDelete
  12. သြ တဂျီးမင်း တဂျီးမင်း ရွှေပြည်ကြီးက ဝေးသမို့နော် ဒီမှာဆိုရင် မဲဇာ အပို့ခံရလောက်ပြီ
    ဘာများလုပ်မိလို့လဲ ဟုတ်စ ထောက်ရအုံးမှာပလေ
    အခုချိန်မှာ ငတေဇာ ဘုန်းတောက်နေတာလဲမှပါဗျာ
    နောင် ခေတ်တွေပြောင်းသွားရင်တော့ ကုန်းကောက်စရာ မရှိအောင် မွဲမှာလဲ မှန်ပဗျာ အခုတော့ ပိုင်စိုးပိုင်နင်း ရေမြေသနင်း ပြည်သူပိုင် မင်းနဲ့အပြိုင် ကဲချင်တိုင်းကဲနေတာ တဂျီးမင်းတို့အသိ ဘာတဲ့ သိန်း ၃၆၀တန် ဟန်းဖုန်းတောင် ဂေါ်ကြေးပေးဆိုဘဲ စီးတော်မြင်းက ၅ ကောင်တောင်မှတဲ့ အဲဒီတော့ မွဲမှာ ဧကန်မုချဗျာ
    ရုံးရောက်စေရာတဲ့ ဒီလောက် မကောင်းမှုတွေများနေမှတော့ ဝေဒနာ သေချာ ရစေသော်

    ပုံ
    ပညာရှိအမတ်ကြီးအမေရဲ့ ယောက်ကျားရဲ့ ဒွေးလေး

    ReplyDelete
  13. ဘက်စုံဖွံ့ဖြိုးရေး အဖွဲ့အစည်း တစ်ခုခုမှာ တာဝန်ယူရင် နေ့ချင်းညချင်းတိုးတက်လာမှာ အသေအချာပဲ အကိုရေ၊ ဘလော့ဂ်မောင်နှမတွေရဲ့ စာသားလေးတွေ လည်း ပြောင်မြောက်ကြတယ်နော် ပျော်ရွှင်ကြပါစေ။

    ReplyDelete
  14. ဘုန်းတောက် တေဇာ ကုန်းကောက်ဖွေရှာ ရုံးရောက်စေရာ ဝေဒနာ ဖွေရှာ သေချာ ရမယ်

    ReplyDelete
  15. ဘာမှမပြောတတ်တော့ဘူး..း))).. နို့ပေမယ့် “သော်ဝ်” မဟုတ်ဘူးလား....

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  16. တဂျီးရဲ့ ရတုပိုဒ်စုံ က မိုက်တယ်ဗျို့:P

    ReplyDelete
  17. သကြီး ရေ

    သက်ပြင်း တချချ နဲ့ပြန်သွားပါတယ် တော်ပါပေတယ် သကြီးရယ်

    ဝတ္ထုလေးလည်းရေးပါအုန်း

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  18. ဘဘုန်းကြီး
    သဂျီးကိုကိုမောင်
    ရတုပိုဒ်စုံနဲ့
    အတုလိုက်မမီအောင်ပြိုင်စံရှား တယ်။
    နိုင်ငံခြားမှာ ဂုဏ်ဝံ့ကြွားလို့
    အို ဘယ့်
    တုံးဖလားရွာသား။

    ReplyDelete
  19. မိုက်တယ်သူကြီးရာ..
    ရွာအကြောင်းလေးလည်းရေးပါဦး..

    ReplyDelete
  20. တယ်တော်....။ ဒုတိယပိုဒ် အကြိုက်ဆုံးဗျိုးးးးး)

    ReplyDelete
  21. ရတုပိုဒ်စုံလည်း ရတာပါပဲလား။
    တကယ်တော်တယ် ကိုကိုမောင်
    သုံးပိုဒ်စလုံးကြိုက်တယ်။

    ReplyDelete
  22. လင်းစေသော်။
    ကင်းစေသော်။
    အောင်ပန်းကိုအမြန် ဆောင်နိုင်ပါစေသော်

    သာယာချမ်းမြေ့ပါသော်
    မိုး

    ReplyDelete
  23. ကွန်မင့်တွေ အားလုံးအတွက် အထူးကျေးဇူးတင်ပါတယ်။ စိတ်ကျဉ်းကြပ်နေဆဲမှာ အခု ကွန်မင့်လေးတွေက ကျနော့်အတွက် မဟာအားဆေးလေးတွေပါဘဲ။ ကွန်မင့်တွေ အားလုံးကို ဖတ်ပြီး သဘောကျတယ်။ ရယ်လဲ ရယ်ရတယ်။ ပျော်လဲပျော်တယ်။ ဒါကြောင့် အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  24. သဂျီး စိတ်ကျဉ်းကျပ်နေလား အဝေရာ ရှိတယ်း))

    “သင်ကာမွှေနှောက်၊ လျှမ်းလျှမ်းတောက်ဖို့၊ လမ်းဖောက်ထွက်ကာ၊ ပညာတော်သင်၊ တပင်တပန်း၊ ဇွဲဖြင့်လှမ်း၍၊ အောင်ပန်းကိုဆောင်၊”

    အဲဒါလေး ကြိုက်တယ်။ သဂျီးက ကဗျာစပ်တအားကောင်းတယ်နော်။ တကယ်လေးစားပါတယ်။

    ReplyDelete
  25. ပြုံးလောက်စေရာ၊ သူ့ကဗျာနှင့်၊ သူ့စာချစ်သူ၊ အများလူတို့၊ သည်းအူလှိုက်မော၊ ရင်တွင်းသောက၊ ပြေလျောကျဖို့၊ အာဂဉာဏ်ဝင်၊ ကဗျာဆင်၍၊ သူပင်ရေးတတ်၊ တင်ဆက်အံ့သည်။ ။ဖတ်သူရွှင်လို့ လန်းစေဖို့။

    ထုံးနှောက်ဖွေရှာ၊ ပညာရွာ၌၊ ပေစာပရပိုဒ်၊ ခေတ်လိုက်ထွန်းကား၊ ဘုတ်အုပ်များနှင့်၊ မှတ်သားလောက်ငဲ့၊ အင်တာနက်တည်း၊ ကွန်ယက်ယှက်နွယ်၊ သူချယ်လှယ်ကာ၊ လူ့ရွာတစ်ဝန်း၊ စဉ်လန်းဆန်းဖို့၊ ကြိုးပန်းရေးသား၊ နေ့မအားသည်။ ။တတ်သူပင်မို့ ကျွမ်းပေလို့။

    ဘုန်းတောက်တေဇာ၊ သူ့ပညာကြောင့်၊ သူ့ရွာသေးမွှား၊ တုံးဖလားမှာ၊ အများသိကြွယ်၊ ကမ္ဘာလည်တွင်၊ လွန်ကွယ်ထင်ရှား၊ အသိများခဲ့၊ သူကားသာမန်၊ အသိဉာဏ်နှင့်၊ လူရန်မဟုတ်၊ ပညာထုတ်ဖြေ၊ အသိဝေကာ၊ လူ့ပြေမှာပြောင်၊ ကိုကိုမောင်သည်။ ။ရပ်သူခင်လို့ လွမ်းစေဖို့။

    ReplyDelete
  26. ကိုကိုမောင်တို့များ တော်လိုက်တာနော်... အကုန်တတ်ကျွမ်း ကိုကိုမောင်လို့ ပြောင်းခေါ်လိုက်တော့မယ်.. ဟီးဟီး

    ReplyDelete
  27. တယ်ဟုတ်ပါလားဟ..သူဂျီးတို့ ကတော့
    ဒါမျိုးလဲ ရတာပဲ..ဟာဟ

    ReplyDelete
  28. ထင်တွေကြီး၍၊ သမီးကညာ၊ ဆက်လေရာဝယ်၊ လက်တွေခါချ၊ ငြင်းနေရသေး၊


    မိုက်တယ် ခိုက်တယ်ဂျာ။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။