Saturday, 18 September 2010

အို..အို...အို..

"ငိုပါနဲ့လား
သက်ထားရယ်"
အားပေးနေရပေမဲ့
စိတ်ကတော့ ခပ်ငယ်ငယ်။

"မျက်ရည်ဥတွေ
စုမထားပါနဲ့"
ပြောသူ့ပါးပြင်ဆီ
မျက်ရည် ဥနေလေရဲ့။

တကယ်ဆို
ဝန်မတိုတတ်သူပါ။

ရောဂါကုရင်း
ရောဂါကူးခံရပါစေ။

မီးငြိမ်းရင်း
မီးစွဲခံရပါစေ။

ရေနစ်သူ ဆွဲကူရင်း
ရေနစ်ခံရပါစေ။

နွယ်အရစ်ဖြေရင်း
နွယ်ရစ်ခံရပါစေ။

...ရပါစေလေ။

ရောဂါသဘော
မီးသဘော
ရေသဘော
နွယ်သဘော
စောကြောမနေတော့ပါဘူး
သောသောရယ်သံလေးကြားရရင်
နားဝမှာ အားရလှပါပြီ။

..

19 comments:

  1. အဲ တဂျီး....ဘာပြောရမှန်းတောင်မသိတော့ဘူးဗျ..။
    တသောသောရယ်သံ ကိုမှကြားချင်ရင်လည်း ရယ်ပေးမယ်
    လေ..ဟိ...။

    ReplyDelete
  2. ကဗျာကတော့ခပ်မိုက်မိုက်ပဲ...အဆင်ပြေပျော်ရွှင်ပါစေ.. အတိုမှောင် :P
    အားပေးလျက်
    swe

    ReplyDelete
  3. ချစ်ချော့တေးလား။
    ဒီလောက်အလိုလိုက်တတ်တဲ့သူကြီးကို “ခင်”ကလည်းအရမ်းချွဲတော့မယ်ထင်ပါရဲ့။

    ReplyDelete
  4. ကျမငိုမိ...အပြစ်ရှိသလား...မောင်..
    ဒါတွေဟာ...မောင့်ကြောင့်....( ကလေး ၁၀ ယောက်ကို လက်ညှိုးထိုး၍ ပြောစေ..)
    ကျမရီနိုင်အောင်...နိုင်ခြံဂါးကနေ တလ သိန်း ၂၀ ပို့ပေးပါ...မောင်..ရယ်....

    ReplyDelete
  5. မသိပါဘူး ကလေးများ ချော့သိပ်နေတာလားလို့ ခိခိ အဘောက်ကျ ပြောတာ စီဘောကျလယ် ခိခိ

    ReplyDelete
  6. တဂျီး
    ကလေးကိုမုန့်ပေးချော့နေပုံရတယ်
    အဲလေ ကဗျာပေးပြီး ချော့နေတယ်ထင်တယ်...
    အငိုကောင်းနဲ့ အချော့ကောင်းတော့ တွေ့ပြီထင်ပါ့..း)

    ReplyDelete
  7. အမယ်...အမယ်...လူဇိုးကြီး..
    ဟွင့်...( ဝက်ဝံလေး လို )

    ReplyDelete
  8. သြ သကြီး

    ဒါနဲ့ မျက်ရည်ဥ တွေ စုထားရင် ရောင်းမရလို့ မစုခိုင်းတာ လားဟင်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  9.း)... တသောသောပဲရယ်သွားတယ်.. သူကြီးရေ.. ခုတလော ကဗျာလေးတွေ သိပ်နုနေတယ်... သူကြီးမင်းကြီး ရောဂါတစ်ခုခုများရနေသလား...:D...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  10. သူကြီးရေ...အို...အို...အို.
    ချော့တေးတွေဆိုလို့....သူကြီးဘယ်တုန်းကများ
    အိမ်ထောင်ကြသွားသလဲမှတ်နေတာ....
    ခင့်ကိုချော့နေတာကိုးးးးးးးး

    ReplyDelete
  11. ကဗျာလေးက မိုက်တယ်ဗျာ
    ကျွန်တော်တောင် အသက်ပြန်ငယ်သွားသလား မှတ်ရတယ်.
    သူကြီးက အတော်ချော့တတ်တာဘဲ။
    ကျွန်တော်တောင်ကြွေချင်လာတယ်.

    ReplyDelete
  12. ကိုကိုမောင် ကောင်မလေးကို ချော့တဲ့ ကဗျာနဲ့ တူတယ်... ဘာပဲဖြစ်ဖြစ် သဘောကျ၏... :)

    ReplyDelete
  13. ချော့သိပ်နေတယ် ဆိုပါတော့ ဒါမမဟုတ်
    ငိုနေလို့ ပြန်ချော့တာလည်းပြန်နိုင်ကောင်း
    ပါတယ် :)

    ReplyDelete
  14. သြော်.....
    ငါ့အစ်ကိုဒုက္ခကလည်း
    မသေးပါလားနော်... ;P

    ReplyDelete
  15. အို..အို..အို ဆိုတော့ ကလေးချော့တဲ့ ကဗျာလေးထင်လို့ ဖတ်တော့မှ ဂလိုကိုး :D
    ပျော်ရွှင်ပါစေ အကိုရေ

    ReplyDelete
  16. ကောင်မလေးက ငယ်ငယ်ချောချောချွဲချွဲလေးပဲဖြစ်ရမယ်
    ဒီလောက်ချော့နေ့မှတော့

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  17. ဒီကဗျာလေးရေးတာ ၄-လ လောက်လဲရှိရော မျက်ရည်တွေကိုလဲ ဥပေက္ခာပြုရက်ခဲ့ပြီနော် ... ။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။