
တွတ်ပီနှင့်ဗိုက်ကလေး
မိုက်ကြေးတွေ ခွဲယူလိုက်ပုံများ
ကြုံတိုင်းရွာတင်မက
မဟာမြိုင်တောတိုင် ညံသွားတယ်။
သေးမျှင်အတွက် သားကောင်ရှာ
ဗိုက်ကလေးလဲ ပါတယ်တဲ့
သားကောင်ပစ်မှတ်လွဲရင် မျက်နှာကိုယ်စီနီရဲလို့
သားကောင်ကြီးကြီးထိရင်တော့
မျက်နှာတွေဖြီးလို့ပေါ့။
တစ်ခါတစ်ရံမှာ..
သားကောင်အချောင်းလွန်ရင်
တွတ်ပီရဲ့ စားချက်ဟောင်းက
ဗိုက်ကလေးအတွက် ချက်ကောင်းဖြစ်တတ်တယ်။
ဆရာတပည့် သောင်းကျန်းချက်ကတော့
စားကွက်မိဖို့ဆို ပျိုအိုမရွေးဘူး
အပင်ငယ်လေးတွေတောင်ခုတ်ရှင်းပြီး
ပစ်ကွင်းသာအောင်လုပ်
ကျုပ်ကတော့
တောတွေပြုန်းမှာ ကြောက်မိနေလေရဲ့ ။
မိုက်ကြေးတွေ ခွဲယူလိုက်ပုံများ
ကြုံတိုင်းရွာတင်မက
မဟာမြိုင်တောတိုင် ညံသွားတယ်။
သေးမျှင်အတွက် သားကောင်ရှာ
ဗိုက်ကလေးလဲ ပါတယ်တဲ့
သားကောင်ပစ်မှတ်လွဲရင် မျက်နှာကိုယ်စီနီရဲလို့
သားကောင်ကြီးကြီးထိရင်တော့
မျက်နှာတွေဖြီးလို့ပေါ့။
တစ်ခါတစ်ရံမှာ..
သားကောင်အချောင်းလွန်ရင်
တွတ်ပီရဲ့ စားချက်ဟောင်းက
ဗိုက်ကလေးအတွက် ချက်ကောင်းဖြစ်တတ်တယ်။
ဆရာတပည့် သောင်းကျန်းချက်ကတော့
စားကွက်မိဖို့ဆို ပျိုအိုမရွေးဘူး
အပင်ငယ်လေးတွေတောင်ခုတ်ရှင်းပြီး
ပစ်ကွင်းသာအောင်လုပ်
ကျုပ်ကတော့
တောတွေပြုန်းမှာ ကြောက်မိနေလေရဲ့ ။
...
ဟုတ်ပါ့ဗျာ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အရေးကြီးပါပေတယ်ဗျာ ..
ReplyDeleteဟိုတုန်းကဖတ်ခဲ့တဲ့ တွတ်ပီကာတွန်းတွေ
ReplyDeleteသတိရမိတယ်။
ပို့စ်နဲ့တော့ဘာမှမဆိုင် :P
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
ဟုတ်တယ်
ReplyDeleteတွတ်ပီနဲ့ ဗိုက်ကလေး မသေးမျှင်ကို သွားမြင်တယ် .. :D
ကဗျာလေးဖတ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် သဘောပေါက်သလို ဘာသာပြန်သွားတယ်း)
ReplyDeleteမအားလို့ ခုမှပဲ ရောက်ဖြစ်ပါတယ်
ကျန်းမာပျော်ရွှင်ပါစေ...
တွတ်ပီ သေဆုံးခဲ့တာ ကြာပါပြီဗျာ။ သူ့ကို အပြစ်မတင်ပါနဲ့တော့။ ကျန်ခဲ့တဲ့ သူတွေသာ ကမ္ဘာကို အစိမ်းရောင် ခြယ်ကြပါစို့လေ။
ReplyDeleteကဗျာဖတ်ပြီး ကာတွန်းလေးလွမ်းသွားတယ်
ReplyDeleteနန်းက အဲဒီကာတွန်းသိပ်ကြိုက်တာ
တောပြုန်းတာနဲ့ အပြစ်တင်ခံရတဲ့ တွတ်ပီလေး သနားစရာ :)
ReplyDeleteဲပြုန်းတဲ့ တောရဲ့ မျက်ရည်စက်
ReplyDeleteမက်မက်မောမော သောက်သုံးရင်း
လောကနတ် ကို လျစ်လျူရှု
ပြုလိုရာပြု နေကြပုံ တွေက
အလှဂုဏ်တွေ ကို ချနင်းနေလိုက်ကြတာ ကြာပါရောလား....
ဒီရွာက ကတွတ်ပီနဲ့ ဗိုက်ကလေးလည်း အခုတလော တတွဲတွဲနဲ့ တိုးတိုးလုပ်နေတာ မကြာခဏတွေ့လေရဲ့ဗျို့၊ ဧကန္တလက်ကျန်သစ်ပင်တွေ ခုတ်ဖို့စိတ်ကူးနေကြပုံပဲ။
ReplyDelete်အင်း ဟုတ်တယ်
ReplyDeleteစိတ်မပူပါနဲ့ ကြက်ဆူပင်တွေ စိုက်ထားတယ် P:
နာဂစ်ကြောင့်တော်တော်ကုန်ခဲ့ပြီပဲ။
ReplyDeleteနောက်တစ်ခါ တောပြုန်းရင်တော့ တောသတ္တ၀ါလေးတွေ နေစရာရှိတော့မယ်မထင်ဘူး ကိုကိုမောင်ရေ။