Wednesday, 30 December 2009

တစ်ကြောင်းသွားရှိုက်သံ


အသက်မပါတဲ့ အသက်ရှူသံများ
ဆေးခါးခွက်ထဲ ဆင်တုံးမနွယ်စိုးစံသလို
ချစ်သူ ပြတ်စဲခန်းမှာ
ရယ်ခြင်းငါးပါး
အစီအစဉ်မကျခဲ့ဘူး။


သိုက်ဆရာရဲ့ 
မဟတ္တမဂန္ဓီ ကြေးမုံဟာ
ခေမာမိဖုရားချွတ်ခန်းလို
လမ်းမဆုံးခင်
အရိပ်စစ်သီချင်း အောင်ပွဲရနိုင်တယ်။


စူဠလိပ် မူပိုင်တေးသံဟာ
တောင်ပံရှိ သတ္တ၀ါတွေအတွက်
ဟစ်ဟော့နှင့်ရက်ပ် သံစဉ်လို
နားဝမှာ ပျားရည်မခလောက်ဘူး
အဲဒါ
တစ်ကြောင်းသွား နိယာမရှိုက်သံဘဲ။

....

2 comments:

  1. တစ်ကြောင်းသွားနိယာမ ရှိုက်သံ က
    ခပ်ပြင်းပြင်း နဲ့ ထိုးနှက်နေတော့
    စူဠလိပ် မူပိုင်တေးသံ နဲ့
    အရိပ်စစ်သီချင်း အောင်ပွဲရနိုင်တယ်ယ် ဆိုတဲ့
    ရယ်ခြင်းငါးပါးတောင် အစီအစဉ်မကျခဲ့ဘူး ဖြစ်သွားခဲ့တာ
    အသက်မပါတဲ့ အသက်ရှူသံတွေတောင် ရပ်သွားသလောက် ပဲ...
    ကဗျာလေးက အရောင်တွေတောက်နေလို့လေ....


    နှစ်သစ်နဲ့အတူ ကျန်ရှိနေတဲ့ ရကပေါင်းများစွာမှာ
    ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်းစွာနဲ့
    ပျော်ပါစေ....ဘော်ဒါရေ
    *.*.*

    ReplyDelete
  2. ကဗျာက အရမ်းမိုက်တော့ ဘာသာပြန်ဖို့တောင် မေ့သွားတယ်ဗျာ ... ဒါပေမယ့် မှတ်သားထားတာပေါ့ အရယူသွားလိုက်တယ်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။