Monday, 28 December 2009

မှိုင်းမိတံလျပ်


မှိုင်းမိတံလျပ်ရယ်
တွန့်ကြေနှလုံးသားနဲ့
တီကောင်ဆားထိ သီအိုရီကို
သု စိ ပု ဘာ ၀ိ လိ သိ ဓာ
မှတ်ကျောက်ပေါ် ကညှစ်တင်
ကျကျနန သင်ခဲ့လေသလား။


တိမ်တွေကွဲအက်တိုင်း
မုတ်သုန်လေအပြစ်မဟုတ်ဘူး
ဟန်ပြင်း မာန်တင်းတဲ့
တိမ်မျိုးစုံတိုက်ပွဲမှာ
ဖျက်ကနဲထိ လက်ကနဲဖြစ်တတ်တာ
တိမ်သက်တမ်းနုသေးတယ်။


မိုးရွာတိုင်း တိမ်လွှာ့အပြစ်လား
အာကာသ နှာစေးနေရင်
တိမ်မရှိလဲ ကြယ်တွေမှေးမှိန်နိုင်တယ်
ချစ်သူရေ...
ပြဋ္ဌာန်းစာလေးထုတ်ပေးပါ
လေခတိုင်း ကြယ်တွေမကြွေစေဖို့။ ။

...

5 comments:

  1. ကဗျာလေးလာရောက်ခံစားသွားပါတယ် ...
    ........ချစ်သူရေ...
    ပြဋ္ဌာန်းစာလေးထုတ်ပေးပါ
    လေခတိုင်း ကြယ်တွေမကြွေစေဖို့။ ။
    .........ဒီစာကြောင်းလေးကို အနှစ်သက်ဆုံးပါပဲး)
    အားပေးလျှက်ပါ
    နှင်းဟေမာ

    ReplyDelete
  2. ကဗျာလေးကို သဘောကျစွာဖတ်သွားပါတယ် ...

    ReplyDelete
  3. ငါ့ကိုကြီးလည်း
    တချိန်လုံး အလွမ်းကဗျာတွေချည်းဘဲ.....

    အမြန်ဆုံး ပျော်ရွင်ကြည်နူးတဲ့
    ကဗျာတွေရေးနိုင်ပါစေ
    ဟဲ.....

    ခင်တဲ့ ခွန်သဒ္ဒါ

    ReplyDelete
  4. ကဗျာကောင်းလေး ဖတ်သွားတယ်ဗျာ။ လန်းတယ် စကားလုံးတွေ။

    ReplyDelete
  5. ကဗျာကောင်းလေး တစ်ပုဒ် ဝင်ဖတ်သွားတယ်နော်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။