Wednesday, 23 December 2009

ကမ်းလွန်အတွေး


မလိုချင်မှုတွေ ခေါင်းပါးနေတဲ့
ဒေါင်းယောင်ဆောင်ကျီးတစ်သိုက်ရဲ့ 
ပြာပူဝတ်ရုံလွှာ ခပ်နက်နက်လမ်းမှာ
အတ္တကို စိတ်တိုင်းကျ သွေးနေကြတယ်။


"အတ္တက အတ္တကို အတ္တကြီးလိုက်တာ" တဲ့
ကြက်တူရွေးတွေ မင်းမူနေတဲ့ရေစီးကြောင်းထဲမှာ
တေမိမင်းရဲ့  ရက်သန်တွေကို
အတ္တလို့ မော်ကွန်းထိုးလိုက်ရင်
အေဒီငါးရာစုက
အသောကကျောက်တိုင်တွေ
သမိုင်းမဆန်နိုင်လောက်တော့ဘူး။


ဒါပေမဲ့
သမိုင်းတုတွေ မော်ဒန်မြောက်နေတဲ့
ပဉ္စလက်ဆုတ်ကပ်ထဲမှာ
အမြီးမပေါက်တဲ့
လမ်းလျောက်သတ္တ၀ါများဟာလည်း
အတ္တကိုဗဟိုပြုနေကြလေရဲ့ ။


ကိုယ်ပိုင်အတ္တကို အလေးခိုးပြီး
အများပိုင်အတ္တကို ရာဖြတ်နေမဲ့အစား
လေထုကို သွင်း ထုတ် လုပ်နိုင်တုန်းကာလလေးမှာ
ကွန်မွန်းဆင့်စ် ခပ်မြဲမြဲ ၀တ်ဆင်ပြီး
လက်ကျန်ဝိဥာဉ်လှိုင်းလေးကို
နွေးထွေးအေးမြစေဖို့
သန္နိဋ္ဌာန် ကာရံကြစို့လား။

...

7 comments:

  1. ပဉ္စလက်ဆုတ်ကပ်ထဲမှာ
    အမြီးမပေါက်တဲ့
    လမ်းလျောက်သတ္တ၀ါများဟာလည်း
    အတ္တကိုဗဟိုပြုနေကြလေရဲ့ .....

    အဲ့ဒီ့ စာသားက လန်းတယ်ဗျာ...
    ကဗျာတစ်ပုဒ်လုံးလည်း မြောက် နေတာပဲ..
    မော်ဒန်ခံစားမှု ပေါ့နော..
    ပျော်ပါစေခင်ဗျာ
    Happy New Year 2010 in advance!!
    All the Best !!!
    CHEERSSSS!!!!

    ReplyDelete
  2. ကဗျာလေးကမိုက်တယ်
    သြအတ္တနဲ့တွေ့ပြန်ပေါ့

    ပဉ္စလက်ဆုတ်ကပ်ထဲမှာ
    အမြီးမပေါက်တဲ့
    လမ်းလျောက်သတ္တ၀ါများဟာလည်း
    အတ္တကိုဗဟိုပြုနေကြလေရဲ့ .....


    ခင်မင်စွာဖြင့်
    လုံမလေး

    ReplyDelete
  3. ကဗျာကောင်းလေးတစ်ပုဒ် လာရောက်ခံစား ဖတ်ရှုသွားပါတယ် ...
    ကိုယ်ပိုင်အတ္တကို အလေးခိုးပြီး
    အများပိုင်အတ္တကို ရာဖြတ်နေမဲ့အစား
    လေထုကို သွင်း ထုတ် လုပ်နိုင်တုန်းကာလလေးမှာ
    ကွန်မွန်းဆင့်စ် ခပ်မြဲမြဲ ၀တ်ဆင်ပြီး
    လက်ကျန်ဝိဥာဉ်လှိုင်းလေးကို
    နွေးထွေးအေးမြစေဖို့
    သန္နိဋ္ဌာန် ကာရံကြစို့လား။

    ဒီအပိုဒ်လေးကို အရမ်းနှစ်သက်ပါတယ်း))

    ReplyDelete
  4. ဖတ်လို့ကောင်းတယ် သဘောကျပေမဲ့ အတွေးအခေါ်ပိုင်း အားနည်းလို့ နားမလည်တာလေးတွေတော့ ရှိတယ် ကိုကိုမောင် :)

    ReplyDelete
  5. ကမ်းလွန်အတွေးက အတွေးအခေါ်တွေမြင့်နေပါလား ကိုကိုမောင်ရေ။ ကဗျာလေးလာဖတ်ပါတယ်။ မရောက်တာ ကြာလို့ ၊ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  6. ကဗျာလေးက အရမ်းလန်းနေတယ်ဗျာ ... အတွေးတွေ ပြည့်နက်လို့ သွားပါတယ်ဗျာ ...

    ReplyDelete
  7. ကဗျာက တော်၂မြင့်တယ် လိုက်မမှီဘူး ဖြစ်နေတယ် :)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။