Monday, 30 November 2009

မြဲ ပြတ် စွဲ

အတ္တကို ဗဟိုပြုလို့
ရုပ်ဝါဒီရဲ့  အိုရာမဲ့ သေခြင်းကို
နိယာမ ဓါတ်ကြွမှု သံစဉ်တွေက
ရုပ်ကြွင်း ချန်ရစ်ပြီး
ဘ၀င်ရေစီးကျောမှာ
ဇီဝိတ ဆက်စပ်နေလေရဲ့ ။


လိပ်ပြာပြတ်တောက်တဲ့
ခန္ဓာ စေစားမှုတွေက
အနာဂါတ်ဆိုတာ
အသေအချာ နိဂုံးတစ်ခုပါတဲ့။


စွဲဖွဲ့မှု ဥပါဒါန်တွေနဲ့
ပိုင်ဆိုင်ခြင်း အာရုံတွေကို
သူပိုင် စာရင်းပိတ်ပြီး
ကိုယ်ပိုင် မြှစ်တွယ်ခြင်း သံယောဇဉ် ခပ်ထူထူနဲ့
လူတစ်လုံး ဖြစ်နေလေရဲ့ ။


သံဝေဂတွေ
၂၀၁၂ မှာ
အရည်ပျော်မကျစေနဲ့။

...

2 comments:

  1. ဒီကဗျာလေးကို သဘောကျမိတယ်...
    သူများတွေ အရှေ့က ပြေးနေချိန်မှာ
    ကိုယ်က ငေးမောရုံဆိုတဲ့
    အတွေးလေးတစ်ခုကို သတိထားလိုက်မိတယ်...
    ဒီကဗျာလေးအတွက် ကျေးဇူးနော်...

    နှင်း

    ReplyDelete
  2. အတွေးထဲလေးနက်တယ်သွားတယ်ဗျာ . . . ကျယ်လည်း
    ကျယ်ပြန့် ပါတယ် . . . သံဝေဂ တရားကတော့ သူနဲ့ ထိုက်
    တန်တဲ့ အချိန် တစ်ခုမှ ရမယ်လို့  ထင်ပါတယ် . . .

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။