Monday, 30 November 2009

အယူမှား

နတ္ထိကတဲ့ ဘာမှတ်လဲ
ကောင်းကျိုးကို စာအုပ်ထဲ ပြန်မောင်းပို့
ဆိုးပြစ်ကို ဆားရည်လို ဖျော်ပစ်
စိတ်ညစ်ရင် ထင်ရာလုပ်
ဒုက္ခဆိုတာ လုပ်ယူတာ
ပျော်ပျော်နေစမ်းပါတဲ့။


အကြိယတဲ့ လာထားစမ်း
ဓါးထမ်းမလား ဒုတ်ဆွဲမလား
ရုပ်ထဲ ရုပ်သွင်းရင် ရုပ်အပေါင်းဘဲ
အကြောင်းမရှိ မကောင်းမရှိ အကောင်းမရှိ
ပီတိကိုသာ ထင်သလို စားသုံးပါတဲ့။


အဟေတုကတဲ့ လောကကို စိန်ခေါ်တယ်
လောဘမရှိ ဒေါသရှိ မောဟမရှိ
ဝိပါကလည်း နတ္ထိ
ထိရင် ငြိ
ဖြတ်ရင် ပြတ်
ဒါက လောကဇာတ်သက်သက်
ကြောင်း ကျိုးဆိုတာ အဆိပ်သီး
သိပ်ပြီး ယုံမနေနဲ့တဲ့။


ကြောင်းပယ်
ကျိုးပယ်
ကြောင်းကျိုးပယ်ရင်
ဘယ်သူမှ မကယ်နိုင်ကြဘူးနော့။

....


1 comment:

  1. ကြောင်းပယ်
    ကျိုးပယ်
    ကြောင်းကျိုးပယ်ရင်
    ဘယ်သူမှ မကယ်နိုင်ကြဘူးနော့။
    သိပ်မှန်တဲ့ စကားပေါ့ အစ်ကိုရာ . . .

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။