Monday, 30 November 2009

သုံးသပ်မိခြင်း

သူပြေးလွှားနေစဉ်
ငါ ရပ်တန့်နေသင့်သလား။

သူရပ်တန့်နေစဉ်
ငါ ထိုင်နေသင့်သလား။

သူထိုင်နေစဉ်
ငါ အိပ်နေသင့်သလား။

သူအိပ်နေစဉ်
ငါ အိပ်မက် မက်နေသင့်သလား။

သူအိပ်မက် မက်နေစဉ်
ငါ နိုးထသင့်သလား။

သူနိုးထနေစဉ်
ငါ တွေဝေနေသင့်သလား။

ငါဟာ ယောက်ျားတစ်ယောက်။ ။

...

7 comments:

  1. တုန်းခုလို့မှ..လှမ်းမရ ရင်
    တစ်ပင်လုံး ခုတ်လှဲကွယ်...
    ငါဟာယောကျာ်းတစ်ယောက်ဖြစ်တယ်....

    ပျော်ပါစေ
    တကယ်ကို အရှုပ်တွေလုပ်နေရသဗျိုးးးးးး...
    သည်းခံပေးဦးဗျ..
    ကျေးဇူး

    ReplyDelete
  2. သူနဲ့ ဆန့်ကျင်ဘက်တွေ ချည်းပဲ လိုက်လုပ်နေရင် ဘယ်လိုနည်းနဲ့မှ နီးစပ်ရတော့မှာလည်းဗျာ ..

    ReplyDelete
  3. နားလည်သလိုလိုနဲ့ နားမလည်ဘူးး)
    သုံးသပ်မှုမှာ ဆန့်ကျင်ဘက်တွေပဲတွေ့နေရတယ်
    ပျော်ရွှင်ပါစေ အစ်ကိုရေ...

    ReplyDelete
  4. ကဗျာတော့ ဖတ်ပြီး အတွေးတွေများသွားတယ် :P

    ReplyDelete
  5. အစ်ကိုရေ ..

    အလိုက်သင့် နေသင့်တယ်လို့ ထင်ပါတယ် ..
    သူပြေးရင် ကိုယ်လည်း လိုက်ပြေးမယ်
    သူရပ်ကို ကိုယ်လည်း လိုက်ရပ်မယ်
    သူထိုင်ရင် သူဘေးနာမှာ
    သူအိပ်ရင်
    သူ့ ××××
    သူအိပ်မက်မက်ရင်
    သူ့အိပ်မက်ထဲ ၀င်နေမယ်
    သူနိုးထရင်
    သွားတိုက်တံပေါ် သွားတိုက်ဆေး ထည့်ပေးလိုက်ပါ
    ဒါမှ င့ါအစ်ကို ယောက်ျား ...

    (မတွေ့ဖြစ်တာ ကြာသွားပြီ၊ ကဗျာကို ရွှပ်နောက်၂ လုပ်သွားလို့ စိတ်မဆိုးလိုက်ပါနဲ့၊ ဘလောဂ့်ရပ်ဝန်းက အေးစက်၂ဖြစ်နေလို့ပါ။)

    လေးစားခင်မင်လျက်

    ReplyDelete
  6. လုပ်စရာရှိတာကိုသာလုပ်ပါအစ်ကို . . . သူ့ နဲ့ ဆန့် ကျင်
    ဘက်တော့မလုပ်နဲ့ ပေါ့ . . . သူစိတ်ချမ်းသာအောင်လိုက်
    လုပ်ပေးလိုက်ပါ . . . တစ်ခါတစ်လေ သူထက်ယောက်င်္ကျား
    တစ်ယောက် ပိုချစ်တတ်တယ်ဆိုတာသိအောင်ပြလိုက်ပါ
    မြှေက်ပေးသွားတာ ဟီးးးးးးးးးးး

    ReplyDelete
  7. Your blog seems to be having some compatibilty issues in my
    internet explorer browser. The wording seems to be running off the webpage pretty
    bad. If you would like you can email me at: kasey_mcgraw@gmail.
    com and I will shoot you over a screen grab of
    the problem.

    Visit my web site youtube

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။