Sunday, 18 October 2009

အဆိပ်ဖြစ်သွားခြင်း


ချိနှဲ့လူနာ၊

လူမမာကို၊

မဟာ အားဆေး၊

တိုက်ခါကျွေးလည်း၊

အရေး အခွင့်၊

ကြောင်းမသင့်က၊

အခွင့်တွေ ပိတ်၊

ဘ၀င်စိတ်ကြောင့်၊

အဆိပ်ပမာ၊

ဖြစ်တတ်စွာ၏။


...

9 comments:

  1. 'ကတိသစ္စာ
    တည်သောခါဝယ်
    သြဇာလေးနက်
    ပေါ်ဆီတက်၍
    နွယ်မြက်သစ်ပင်
    ဆေးဖက်ဝင်သည်'
    ဆိုမည်စကား
    မှတ်သားဖူးခဲ့ … ။

    ချိနဲ့လှစွာ
    လူမမာကို
    မဟာအားဆေး
    တိုက်ကာကျွေးငြား
    ထို 'သမား' မှာ
    ကတိကား နည်း
    တရားမွဲလျက်
    သစ္စာပျက်၍
    တခွက်ဤဆေး
    အစွမ်းဝေးလွင့်
    အဆိပ်သင့်၏။

    ReplyDelete
  2. ကဗျာလေးလာဖတ်တယ်
    မမန့် တတ်တဲ့ အထဲ
    အပေါ်က တစ္ဆေ ကိုကြောက်လို့  ပြေးပြီဗျို့းးးးးးးးးးးးးးးးးး

    ReplyDelete
  3. "ကတိသစ္စာ
    တည်သောခါဝယ်
    သြဇာလေးနက်
    ပေါ်ဆီတက်၍
    နွယ်မြက်သစ်ပင်
    ဆေးဖက်ဝင်၏"
    ဆိုသည့်စကား
    မှတ်သားထားလျင်၊
    သမားမလို၊
    ထိုထိုရောဂါ၊
    ဖြစ်သောခါဝယ်၊
    သစ္စာအစွမ်း၊
    အံ့မခန်းဖြင့်၊
    အကန်းရောဂါ၊
    ပျောက်တတ်စွာ၏။

    ခုခါမှာကား၊
    စကားမတည်၊
    သွားမညီဘူး၊
    ပလီပလာ၊
    ပြောတတ်စွာ၏။

    ထို့ကြောင့် အားဆေး၊
    အားမပေးဘဲ၊
    ဆိတ်ဆေးဖြစ်လျက်၊
    အဆိတ်တက်၏။

    တစ္ဆေပေါ်လာ၊
    ထိုအခါဝယ်၊
    လွန်စွာ မအား၊
    ဖြစ်နေသားမို့၊
    စကား အသွင်၊
    ကဗျာစဉ်လျက်၊
    မယှဉ်လိုပြီ၊
    ဤဤ ထိုထို၊
    စကားဆိုလည်း၊
    မပိုစကား၊
    မေတ္တာထား၍၊
    နားလည်သမှု၊
    ကြိုးစားပြုအံ့။ ။

    ReplyDelete
  4. ဟုတ်ပါတယ်ဗျာ စေတနာမမှန်ရင်လည်း အဆိပ် ဖြစ်တတ်တယ် ထင်တာပဲ ..

    ReplyDelete
  5. တရုတ်က ထုတ်တဲ့ နို့မှုန့်တွေ ဖျော်တိုက်လိုက်လို့များလား ကိုကိုမောင်ရယ်....။

    ReplyDelete
  6. အဆိပ်ဖြစ်မယ်ဆို ဘာမှ မလုပ်နဲ့ကိုကိုမောင် :P

    ReplyDelete
  7. ဘယ်လိုတွေများဖြစ်ရတာလဲ.......
    တနေ့တော့ ကိုယ့်စေတနာ ကိုယ့်ကို
    အကျိုးပြန်ပေးမှာပေါ့.......

    ReplyDelete
  8. ဖြစ်မှဖြစ်ရပလေဗျာ။

    yu ya

    ReplyDelete
  9. မအားတာတောင် ကဗျာ စပ်လိုက်သေးတယ် .. :D

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။