Monday, 31 August 2009

နင်နေတယ်ဆိုလို့...


ချစ်သူကပြောတယ်
ပြောမထွက်သမျှစကားတွေ
အကြိမ်ကြိမ်ဝါးမျိုရင်း
လည်ပင်းမှာ နင်နေသလိုလို တဲ့။


မြိုမချဘဲ ဖွင့်ကာလှစ်ဟ
ဖြစ်သမျှ ကျိုးကြောင်းကို
မီးမောင်းထိုးပြပါလားဆိုတော့
တိုလှတဲ့ ဘ၀လေးထဲ
ငရဲရမှာ ကြောက်ပြန်သတဲ့။


ဘယ်လို.. ဘယ်လို.. ဘယ်လို
ဟန်မပို မာန်ချိုချို မေးမိပြန်တော့
မျို... မျိုချရတဲ့စကားဟာ
တစ်ခြားလူအတွက်မဟုတ်ပေဘူး
သူရည်စူးညွန်းဆိုတာက
အင်္ဂါမင်းသမီး သူ့အဆွေ
သူ့အမေ ကိုယ်တိုင်ကိုဘဲတဲ့။


ကဲ.. ကဲ.. ကဲ
ကျွန်ုပ်ဘာပြောသင့်သလဲ ??????

..........

3 comments:

  1. ပြေားချင်တာသာပြေားတော့ အင်္ဂါသားကြီးရေးးးးးးး

း)
    ခင်တဲ့
    မြူးလေး

    ReplyDelete
  2. အော်..ဂလိုလား..
    ဖြစ်မှဖြစ်ရပလေနှယ်ခြင်း..
    အင်း..အင်း...
    ကြည့်ကျက်သာ လုပ်ဗျာနော...

    ReplyDelete
  3. အင်္ဂါမင်းသမီးကို ကြောက်လို့ စကားကို ပြန်မြိုချလိုက်တာပေါ့ .... မကြောက်နဲ့ဗျို့  ယေက္ခမဆို ဆဲသာဆဲလိုက်ဗျို့ 

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။