Saturday, 29 August 2009

အင်္ဂါဖွားပေမို့ ...


အင်္ဂါနေ့မှာ ဖွားတော့
အင်္ဂါသားပေါ့
အမေ့သား ကျေနပ်ပါတယ်။


ဒါပေမဲ့
ချစ်သူရဲ့ မထင်မှတ်တဲ့ စကားက
အင်္ဂါဖွားမို့
စဉ်းစားရလိမ့်မယ်တဲ့။


အချစ်ကို ပြက္ခဒိန်နဲ့ထုဆစ်
ရာစုနှစ်က အယူသည်းမှုတွေနဲ့
အပူမီးပွါးမှာ ကြောက်ပြန်သတဲ့။


စက္ကန့် မိနစ် နာရီ
ရာသီခွင် အတက်အကျကို
ရက် လ နှစ် စန်းလဂ်အယှဉ်လုပ်တဲ့
ဗေဒင်ဆရာတွေကို စိတ်နာမိတယ်။


အတိတ်ကို
တစ်ဆိတ်လောက်သွားရရင်တော့
အမေ့သားကို သန္ဓေပြန်ယူ
ချစ်သူကြိုက်မဲ့ နေ့အထူးလေးမှာ
တကူးတက ပြန်မွေးပေးပါလား အမေ။

.......

11 comments:

  1. အင်္ဂါဖွားတွေ စိတ်ကြီးတယ် တိကျတယ်... ထက်မြက်တာတွေကို တွေ့ဖူးပါတယ် ကိုကိုမောင်
    ဇွဲမလျော့ပါနဲ့ နေ့နံနဲ့မဆိုင်ပါဘူး လူနဲ့ပဲဆိုင်ပါတယ် သယ်ရင်း ..

    ReplyDelete
  2. အတိတ်ကို
    တစ်ဆိတ်လောက်သွားရရင်တော့
    အမေ့သားကို သန္ဓေပြန်ယူ
    ချစ်သူကြိုက်မဲ့ နေ့အထူးလေးမှာ
    တကူးတက ပြန်မွေးပေးပါလား အမေ။

    အဲလို ပြောင်းလို့ရရင် အကြောင်းကြားပါဗျို့..

    ကျနော်လည်း ပြနိလုချင်ပါတယ်။

    ReplyDelete
  3. အင်္ဂါ ခြင်္သေ့ ဘုရားရှေ့တဲ့
    ကိုကိုမောင်ကျမှ ကြံကြံဖန်ဖန်
    အင်္ဂါလေးပဲ ကောင်းပါတယ်...
    ချစ်သူကိုသွားပြောပေးမယ်လေ...
    နေ့နံတွေက အဓိက မဟုတ်ဘူးနော်...
    စိတ်တူ ကိုယ်တူ နားလည်မှုရှိဖို့က အဓိက
    အချစ်မှာ အချစ်သာ အဓိကပါ...

    နှင်း

    ReplyDelete
  4. ဇွဲလျှော့စရာလား??????????????
း)

    ခင်တဲ့
    မြူးလေး

    ReplyDelete
  5. သူ့ဆန္ဒပြည့်ဝဖို့ အမေ့ ဗိုက်ထဲ ပြန်ဝင်ရမယ်ဆိုရင် သိပ် မမိုက်သေးပါဘူး ... သူ့ကိုပဲ ကိုယ်နဲ့ တည့်မဲ့နေ့နံမှာ ပြန်မွေးခိုင်းရင် မကောင်းဘူးလား .. လာစတာပါနော်..

    ReplyDelete
  6. အမေ့ပဲ နားပူနားဆာပြန်ကပ်နေသေးတယ်... သားတွေ မွေးရကျိုးနပ်တာ... အဟိ... ချိတ်ချိုးနဲ့...
    မဗေဒါကတော့ အင်္ဂါသားကြိုက်တယ်... စီးပွားဖက်မို့...

    ReplyDelete
  7. ဘယ်နေ့ဖွားဖွား..ချစ်တတ်ရင် နှလုံးသားမှာ
    နေ့နံမရှိဘူး...နေ့တိုင်းဟာလှတယ်...
    Drama တွေသိပ်လုပ်လာရင်ကတော့ Sorry သာပြောပြီး
    အစောကြီးကတည်းက စဉ်းစားပေါ့..အချင်းတော့မများစေနဲ့နော..ဟဲ..
    အဆင်ပြေပါစေခင်ဗျာ...

    ReplyDelete
  8. စနေသား သမီးတွေကိုသာ ရှောင်ကြတယ်လို့ ကြားဖူး တာ။ အင်္ဂါသားကိုလည်းရှောင်တဲ့သူရှိလား။း)
    ခြင်္သေ့မို့ ကြောက်တာထင်ရဲ့ ။း)
    မောင်လေးရေ ဖြစ်သမျှအကြောင်းအကောင်းပဲလို့ သာ ထားလိုက်ပါ။ မောင်လေး အချစ်ကမှန်ကန်ရင် တုန့် ပြန် မှုရှိလာပါလိမ့်မယ်။ အမတော့ ယုံကြည်တယ်။
    အဟ ဒီလိုပြောလို့ တမျိုးမထင်လေနဲ့ ။း)
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  9. မြစ်ကျိုးအင်းSunday, 30 August 2009 at 11:40:00 BST

    ကောင်မလေးအတွက် အမေက ဝေဒနာ ပြန်ခံစားရမယ် ဆိုမဟုတ်သေးဘူးကိုယ့်လူရေ....။
    ကောင်မလေးကို ချစ်တာလည်းချစ်တာပေါ့ :)

    ReplyDelete
  10. အင်္ဂါသားတွေက အရမ်းဇွဲကြီးတယ်....
    ကျနော့်အဖေနဲ့အမေရော အင်္ဂါသားပဲအကိုရ...
    အဖေဆို၇င်...သူလုပ်ချင်တဲ့ အလုပ်ကို အောင်မြင်အောင်လုပ်တယ်... ဘယ်လိုပဲအခက်အခဲတွေ့တွေ့ ဇွဲမလျော့ဘူး..

    ReplyDelete
  11. ပြောချင်တာပြော ကဗျာကတော.စားတယ်
    စကားလုံးတွေက လန်းပ :D

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။