Tuesday, 1 September 2009

ဆန္ဒမှန်


နှစ်တစ်နှစ်ရဲ့ 
ရှစ်စုံမြောက် ၀တ်ရုံလွှာကို
အသာဖြေလျောချ
လတစ်လကို နှုတ်ဆက်
စက်တင်ဘာကို နမ်းရှိုက်နေမိပြီ။


ဆန်းမားအနှောင်း
အော့တန်ပြောင်းဖို့ အခါလေးမှာ
အကြောင်းမတိုက်ဆိုင်လို့
သူပြိုင် ကိုယ်ပြိုင် အနိုင်ကြဲခဲ့ကြတာကို
အတိတ်ထဲမှာ ချန်ရစ် ထားခဲ့ကြစို့။


လမ်းမှန်ပေါ်ရောက်မှ
လမ်းမပျောက်စေကြဘဲ
ဝေငှမေတ္တာ
စေတနာ ဗလဗွနဲ့
ဒုက္ခရောက်လျင်ကူညီလို့
တူညီစိတ်ဓါတ် ထားကြပါစို့လား။


....

9 comments:

  1. အင်းး

    ကောင်းတယ်
    အဲ့ကဗျာ

    ReplyDelete
  2. ဒုက္ခရောက်လျှင် ကူညီဖို့ တူညီစိတ်ဓါတ် ထားကြရအောင်ဗျာ ...

    ReplyDelete
  3. ကဗျာလေး ကောင်းတယ်။

    ReplyDelete
  4. ကဗျာလေးကောင်းတယ် သယ်ရင်း
    အားလုံးအဆင်ပြေပါစေ.

    ReplyDelete
  5. ကူညီပါရစေ ကူညီပါရစေ ပေါ့...။

    ReplyDelete
  6. အများကိုကူညီတော့ ကိုယ့်အကျိုးအောင်တာပေါ့လေ..
    ရိုင်းပင်းကူညီတတ်တဲ့စိတ်က အတ္တတွေကို ချိုးနှိမ်ပေးတတ်လို့..ကောင်းတယ်..
    ကဗျာကိုကြိုက်..စာကိုခိုက်...မိုက်မှမိုက်..

    ပျော်ပါစေ

    ReplyDelete
  7. ကဗျာလေးက အနှစ်ရှိတယ် ကောင်းတယ်

    ReplyDelete
  8. ကိုမြစ်ကျေးဇူးနဲ့ ဒီလိုအနှစ်ရှိရှိ ကဗျာလေးတွေကို ခံစားခွင့်ရတာပေါ့နော်။ ကဗျာလေးက ကောင်းတယ် ဟုတ်တယ်။ တူညီစိတ်ထားရှိမှ ကိုဖြစ်မှာ မဟုတ်ရင် ထိရောက်မှာမဟုတ်ဘူး။
    ခင်မင်လျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  9. ဆန္ဒအမှန်လေးတွေ နဲ. ကူညီနိုင်ကြပါစေဗျာ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။