Monday, 8 June 2009

အမေသို့ပေးစာ (၄)

အမေ
သားတို့လို
ဝေလေလေဘ၀နဲ့ ရှင်သန်နေရတာထက်
အမေ့လို
အမွန်မြတ်ဆုံးသေခြင်းနဲ့
တမလွန်မှာ
ပျော်ရွှင်နေရတာဘဲ ကောင်းပါတယ် အမေ။


မြို့ပြရဲ့  မိုးမျှော်တိုက်ကြီးတွေကို
သား လုံးဝအားမကျပါဘူး
သူတို့က
နေကာမျက်မှန်ထူထူကြီး တပ်ထားကြတယ် အမေ။


ကိုယ့်အပေါ်ဖီလင်မရှိတဲ့သူတွေ
ကိုယ်ကဖီလင်မရှိတဲ့သူတွေ
ဓါးပါးပါးပေါ်က ပျားရည်စက်အပြုံးတွေနဲ့
တစ်နေ့လုံး
ငရဲကျနေသလိုပါဘဲ အမေ။


မြို့မှာနေခဲ့တဲ့ သက်တမ်းကိုနှုတ်ပြီး
အသက်ထပ်ငယ်သွားမယ်ဆိုရင်
မြို့ကြီးသားတွေရဲ့  အတတ်ပညာတွေ အသိပညာတွေ
အားလုံးကို
သား ပြန်အမ်းလိုက်ချင်ပါတယ် အမေ။


ခေတ်ပညာတွေ များစွာလွှမ်းခြုံထားပေမဲ့
အားမနာတမ်းပြောရရင်
အပြုံးတုတွေ အမုန်းတုတွေ အချစ်တုတွေနဲ့
ထုဆစ်ခံထားရတဲ့ မနုဿတွေအားလုံး
ဒဏ်ရာ အတုတွေနဲ့
ကျေနပ်မှုနောက် လိုက်နေကြတယ် အမေ။


အက်ရှရှ ရယ်မောသံရဲ့ နောက်မှာ
ခပ်ညစ်ညစ် အယူအဆတွေပါလာတတ်တယ်ဆိုတာ
အထူးသင်ယူစရာမလိုဘဲ
သား တတ်မြောက်နားလည်ခဲ့ပြီ အမေ။


နောက်ဆုံးတော့
အမေ့ရင်ခွင် အမေ့ရိပ်မြုံ
အမေ့ရဲ့  ဘုံနန်း အမေ့ရဲ့  ရပ်ဝန်း
အမေ့အရပ်ဒေသနှင့်အမေကိုယ်တိုင် ကပြခဲ့တဲ့
ဘ၀ပြဇာတ်စစ်စစ်ကလေးတွေသာ
ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်ပါတော့တယ် အမေ။ ။


07amayayee.mp3 -

....

12 comments:

  1. အပြုံးတု အမုန်းတု အချစ်တုတွေကြောင့်
    အရှုံးတုရပါတယ်လို့ ဟန်ဆောင်ကြွေးကြော်ရင်း
    ဘဝအစစ်မှာ မိန့်မိန့်ကြီး စံစားပေါ့..ကိုကိုမောင်ရယ်.
    (အဟိ)

    ReplyDelete
  2. သိပ်ကောင်းတဲ့ ကဗျာလေးပဲ။ အမေ့ရှိတဲ့နေရာကမှ တကယ့်ပျော်စရာနေရိပ်ကြီးပါ။

    ReplyDelete
  3. ကောင်းလိုက်တာအကိုရာ...လုံးဝ
    ခံစားချက်အပြည်.နဲ.ရေးထားတာဘဲ
    အားပေးနေတယ် အကိုရေ

    ReplyDelete
  4. အမေ့ရင်ခွင် အမေ့ရိပ်မြုံ
    အမေ့ရဲ့  ဘုံနန်း အမေ့ရဲ့  ရပ်ဝန်း
    အမေ့အရပ်ဒေသနှင့်အမေကိုယ်တိုင် ကပြခဲ့တဲ့
    ဘ၀ပြဇာတ်စစ်စစ်ကလေးတွေသာ
    ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်ပါတော့တယ် အမေ။ ။
    ဒီစာသားလေးကို အနှစ်သက်ဆုံးပါပဲ ကိုကိုမောင်ရေ

    ReplyDelete
  5. မိုးမျှော်တိုက်ကြီးတွေဟာလည်း
    ပြိုကျတာပါပဲဗျာ
    ပျားရည်စက်ကလျှာကိုဖြတ်ပါတယ်
    စတုမဟာရာဇ်နဲ့လူ့ဘုံကြားမှာ
    ကိုယ်ကျင့်ပျက်တဲ့အနံ့တွေလွှမ်းနေတယ်

    ရိုးဖြောင့်တဲ့အမေ့ကိုပိုလို့သတိရတယ်
    ရင်ဘတ်ချင်းတူလို့ မှတ်ချက်ပြုခဲ့ပါတယ်။
    ချမ်းမြေ့ပါစေ...

    ReplyDelete
  6. ခေတ်ပညာတွေ များစွာလွှမ်းခြုံထားပေမဲ့
    အားမနာတမ်းပြောရရင်
    အပြုံးတုတွေ အမုန်းတုတွေ အချစ်တုတွေနဲ့
    ထုဆစ်ခံထားရတဲ့ မနုဿတွေအားလုံး
    ဒဏ်ရာ အတုတွေနဲ့
    ကျေနပ်မှုနောက် လိုက်နေကြတယ် အမေ။

    သိပ်ကောင်းတဲ့ ကဗျာလေးပါပဲခင်ဗျာ....

    ReplyDelete
  7. “အမေ့ရင်ခွင် အမေ့ရိပ်မြုံ
    အမေ့ရဲ့  ဘုံနန်း အမေ့ရဲ့  ရပ်ဝန်း
    အမေ့အရပ်ဒေသနှင့်အမေကိုယ်တိုင် ကပြခဲ့တဲ့
    ဘ၀ပြဇာတ်စစ်စစ်ကလေး”


    အကိုဒီစာသားလေးကြိုက်တယ်ဗျာ...ကောင်းတယ်
    အမေကို အလေးထားတာ ဘယ်တော့မှ ဒုက္ခမရောက်တာတော့ သေချာတယ်..အကို
    နောက်လဲလာအားပေးပါအုံးမယ်နော်....
    ခင်မင်သောအားဖြင့်
    ဂျစ်

    ReplyDelete
  8. အမေသို့ပေးစာ
    လေးကို
    ခံစားသွားပါတယ်
    အကို.....

    ReplyDelete
  9. အမေ့
    ပေးစာတွေတွေဖတ်ပြီး
    အမေ့ကိုပိုချစ်တယ်
    ကိုကိုမောင်ကစာရေးကောင်းတာကိုး
    ခင်မင်လျက်

    ReplyDelete
  10. ခေတ်ပညာတွေ များစွာလွှမ်းခြုံထားပေမဲ့
    အားမနာတမ်းပြောရရင်
    အပြုံးတုတွေ အမုန်းတုတွေ အချစ်တုတွေနဲ့
    ထုဆစ်ခံထားရတဲ့ မနုဿတွေအားလုံး
    ဒဏ်ရာ အတုတွေနဲ့
    ကျေနပ်မှုနောက် လိုက်နေကြတယ် အမေ။


    ကိုကိုမောင်ရေ
    ကဗျာလေးက ခံစားချက်အပြည့်နဲ့ရေးဖွဲ့ထားတော့
    နာနာကျဉ်ကျဉ်ကြေကွဲရင်း
    ထပ်ခါထပ်ခါ လာဖတ်ပါတယ်
    အမေ့ အိမ်လေးကိုပြန်ရောက်ရင်
    အလွမ်းတွေ ပြေကောင်းပါရဲ့
    ခင်မင်လျက်

    ReplyDelete
  11. "အမေသို့ပေးစာ (၄)"
    ဖတ်ပြီး ငိုချင်လိုက်တာ

    ReplyDelete
  12. ကဗျာလေးက ကောင်းလိုက်တာ..
    ကိုယ့်အပေါ်ဖီလင်မရှိတဲ့သူတွေ
    ကိုယ်ကဖီလင်မရှိတဲ့သူတွေ
    ဓါးပါးပါးပေါ်က ပျားရည်စက်အပြုံးတွေနဲ့
    တစ်နေ့လုံး
    ငရဲကျနေသလိုပါဘဲ အမေ။
    အဲဒါတော့တကယ်ပဲ... ငရဲကျနေသလိုဆိုတာလေ....:)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။