Sunday, 7 June 2009

ပဋိပက္ခ

ဗီလုံးငှက် သိမ်းငှက်
ဘယ်ငှက်ဖြစ်ဖြစ်
ပိုင်နက်ဆိုတာ ရှိကြတယ်။

ကောင်းကင်အမြင့်မှာ
လာမရင့်နဲ့
ကျိန်စာသင့်သွားမယ်
အဲဒါ သိမ်းငှက်နယ်မြေ။

မြေကွက်ယာကွက်
ပတ်ကြားအက်လေးတွေထဲမှာ
စစ်ရေးလာမဆိုနဲ့
အသက်ပေးဆပ်ရလိမ့်မယ်
အဲဒါ ဗီလုံးငှက် ပိုင်နက်။

ပဋိပက္ခဆိုတာ
အဲဒီ ပိုင်နက်တွေက စတာပေါ့။

သူ့ပိုင်နက် ကိုယ့်ပိုင်နက်
ပြိုင်တူဖက်တွယ်ကြရင်း
အမှားမကင်းကြတဲ့ ပြိုင်ဘက်တွေ
ပိုင်နက်ကို ကျူးကျော်မိကြတဲ့အခါ။

အဲဒါ...
ပဋိပက္ခဘဲပေါ့။ ။

...

6 comments:

  1. သယ်ရင်းရေ ဘာတွေ ပဋိပက္ခဖြစ်နေလည်းသိဘူးနော်.. အားလုံး အဆင်ပြေချောမွေ့ပါစေဗျာ

    ReplyDelete
  2. ကဗျာလေးက မိုက်လှချေလား ... သဘောကျတယ် ...
    ရေးထားတဲ့ပုံလေးက မာန်ပါတယ် ...

    ReplyDelete
  3. သူ့ပိုင်နက် ကိုယ့်ပိုင်နက်
    ပြိုင်တူဖက်တွယ်ကြရင်း
    အမှားမကင်းကြတဲ့ ပြိုင်ဘက်တွေ
    ပိုင်နက်ကို ကျူးကျော်မိကြတဲ့အခါ။

    အဲဒါ...
    ပဋိပက္ခဘဲပေါ့။ ။

    ကိုကိုမောင်ရေ
    ကောင်းလိုက်တဲ့ကဗျာ
    ခင်မင်လျက်

    ReplyDelete
  4. "ပဋိပက္ခ"
    မိုက်တယ်
    ကြိုက်တယ်

    ReplyDelete
  5. ကြိုက်တယ် အစ်ကိုရေ
    ကဗျာလေးက အရမ်းကောင်းတယ်
    ဆက်ရေးပါအုံး အားပေးလျက်

    ReplyDelete
  6. ပဋိပက္ခ.. စကားလုံးကိုက ကြောက်စရာ ကောင်းတယ်ဗျာ။ ကဗျာလေး ရုပ်လုံးကြွလှ ပါတယ်။ ဒါပေမယ့်လည်း ဘဝမှာ အဲဒီ ပဋိပက္ခဟာ အနည်းနဲ့ အများ ကြုံရမယ် ထင်တယ်။ အတ္တ အချို့ကြောင့်ပေါ့။ ဘဝတိုက်ပွဲ လို့ ဆိုကြတယ် မဟုတ်လား။ ပိုင်နက် ခွဲခြားပြီး ရိုးသားစွာ ကြိုးစားရမှာပဲ။ ပဋိပက္ခတွေ နည်းကျရင်တော့ လောကကြီး သာယာမှာပါ။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။