Monday, 25 May 2009

သင်ခန်းစာ (၂)

Sandwich
ဆိုတဲ့ အဆာသွပ်ပေါင်မုန့်ပြားလေးတွေကို ပြေးမြင်ယောင်မိတယ်။

ပေါင်မုန့်နှစ်ချပ်ကို ထပ်ထားရုံနဲ့တော့ အရသာထူးလို့ရှိလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် အဲဒီပေါင်မုန့်နှစ်ချပ်ကြားထဲမှာ အသားလွှာလေးကို ညှပ်ပေးရပါတယ်။
ပေါင်မုန့်ဟာ ပေါင်မုန့်ဘဲ။ အသားလွှာဟာလဲ အသားလွှာပါဘဲ။
ဒါပေမဲ့ ပေါင်မုန့်နှစ်ချပ်ကြားထဲ အသားလွှာလေးညှပ်ထည့်လိုက်တော့ Sandwich ဖြစ်သွားရော။

အသားလွှာလေးခမျာ အဖြည့်ခံသက်သက်ရယ်ပါ။
ပေါင်မုန့်နှစ်ချပ် အရသာထူးလာဖို့ ကြားထဲမှာ အညှပ်ခံ အဖိခံ အထည့်ခံရတဲ့
သနားစရာ အရာတစ်ခုလေးပါဘဲ။
သူတို့နှစ်ချပ်ကို အရသာပိုချိုမြိန်ကောင်းမွန်လာစေဖို့ သူတို့နှစ်ချပ်ကြားထဲ မွန်းကြပ်စွာ ၀င်ရောက်နေပေးလိုက်တယ်။
ဒါပေမဲ့ သူတို့နှစ်ချပ်က အသားလွှာလေးကို ကျေးဇူးတင်လိမ့်မယ် မထင်လိုက်နဲ့။
ကျေးဇူးမတင်တဲ့အပြင် ဆူပူကြိမ်းမောင်းပါလေရော။

မင်းက ငါတို့နှစ်ချပ်ကြားထဲမှာ ၀င်ရှုပ်တဲ့ကောင်တဲ့။

မှတ်သားလောက်တယ်နော်။

ဒီလိုလေး ကောက်ချက်ဆွဲလိုက်ရအောင်။
ပေါင်မုန့်နှစ်ချပ်ရဲ့  အပြစ်လဲ မဟုတ်ဘူး။
အသားလွှာလေးရဲ့  အပြစ်လဲ မဟုတ်ဘူး။
အပြစ်က ပေါင်မုန့်ကြားထဲ ၀င်ရောက်နေရာယူပေးတဲ့ အသားလွှာလေးရဲ့  စေတနာပါ။

......

6 comments:

  1. အတွေးလေးကလည်းကောင်း
    အရေးလေးကလည်းကောင်း
    ကိုကိုမောင် က
    စေတနာထပ်ဆောင်း
    ပန်းရနံ့လေးမွှေးစေကြောင်း
    အစ်မဆုတောင်း

    ReplyDelete
  2. ကိုကိုမောင်...အရေးအသားလေးကကောင်းလိုက်တာ..
    မေအဖြစ်နဲ့ တူသလိုဘဲ...

    ReplyDelete
  3. သယ်ရင်းရေ သင်ခန်းစာ (၂) လည်းကောင်းတယ် စေတနာတွေကောင်းတော့ မုန့်နည်း၂လောက်ကျွေးပါလား (စတာပါ)

    ReplyDelete
  4. အင်း အကိုရေ ဒါလေးလဲံ ကောင်းတယ်ဗျာ

    ReplyDelete
  5. စေတနာသည်လူတိုင်းနှင့်မတန်ပါပေါ့နော် ..

    ReplyDelete
  6. ပေါင်မုန့်လေးနှစ်ချပ်ကလည်း ကောင်းတယ်။ အသားလွှာလေးတစ်ခု ညှပ်ထားတော့ ပိုလို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ဆန်းဝှစ်က ကောင်းပါတယ်။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။