Tuesday, 26 May 2009

သင်ခန်းစာ (၃)

မြေဇာပင်
မြေဇာပင်လေးတွေဟာ ပတ်ဝန်းကျင်လှပဖို့ စိမ်းလန်းစိုပြေဖို့ စေတနာနဲ့ပေါက်ရောက်ပေးတာပါ။ ပြီးတော့ မြက်စား သတ္တ၀ါလေးတွေအတွက် အာဟာရအဖြစ် ရပ်တည်ပေးနေတာပါ။ မြေဇာပင်လေးတွေရဲ့  ဘ၀ဟာ ချစ်စရာတကယ်ကောင်းပါတယ်။ ဒါကြောင့်လဲ အဖြည့်ခံလူတွေကို မြေဇာပင်နဲ့ ခိုင်းနှိုင်းခဲ့ကြတာပေါ့။

"ငါ့ဘ၀က ကျွဲနှစ်ကောင်ခတ်တဲ့ကြားထဲက မြေဇာပင်ဘ၀ပါကွာ"ဆိုတဲ့ စကားကို လူတိုင်းကြားဖူးကြမှာပါ။
ကျွဲတွေဟာ စားကျက်ကောင်းကောင်းရှိတဲ့နေရာကို သွားကြလေ့ရှိပါတယ်။ စားကျက်ကောင်းတယ်ဆိုတာကတော့ မြက်ပင်ကောင်းကောင်းပေါက်ရောက်နေတဲ့ နေရာကို ဆိုလိုတာပါ။

မြေဇာမြက်ပင်လေးတွေကလဲ သက်သတ်လွတ်စားသုံးကြတဲ့ သတ္တ၀ါတွေအတွက် ၀မ်းသာစွာနဲ့ ဆီးကြိုနေကြပါတယ်။ ကြိုက်သလောက်စား။ အလကားပေါ့ဗျာ။ အလကားဆိုတာ ဘာမှ ပြန်ပေးစရာမလိုဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။

ကျွဲတွေဟာ မြေဇာမြက်ပင်တွေကို စိတ်ကြိုက်စားသုံးကြမယ်။ ပြီးရင် စားမြုံ့ပြန်ဖို့တောင် ပါးစောင်ထဲ လူတွေ ကွမ်းယာငုံထားသလို မြက်တွေကို ငုံပြီးထားကြလေရဲ့ ။

လောဘ ဒေါသ မောဟတွေနဲ့ တည်ဆောက်ထားကြတဲ့ သတ္တ၀ါတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း ကျွဲတွေဟာ စားကျက်လုကြမယ်။ ရန်ဖြစ်ကြမယ်။ အချင်းချင်းတိုက်ခိုက်ကြမယ်။ အဲဒီအချိန်မျိုးမှာ မြေဇာပင်ရဲ့  ဘ၀ကတော့ တကယ့်ကို သနားစရာကောင်းပါတယ်။ ကျွဲနှစ်ကောင်ခပ်တဲ့ ကြားထဲမှာ မှုန့်မှုန့်ညက်ညက် ကြွေမွသွားရှာကြလေရဲ့ ။

အသားကိုလဲ စားသေး။ အခင်းမှာလဲ ပျော်သေး။ ပြီးတော့ အပင်ကိုပါ ဖျက်ဆီးပစ်လိုက်ကြလေပြီ။

လူ့လောကမှာလဲ တစ်ခါတစ်လေ မြေဇာပင်ဘ၀ ရောက်သွားကြတဲ့ သူတွေ ဒုနဲ့ဒေးပါ။ ဘာမှန်းမသိလိုက်ရပေမဲ့ ပြဿနာတွေ ကျရောက်လာတတ်တယ်။ သူများကို ကူညီပေးရင်း အနှောင့်အယှက်ပေးသလို ဖြစ်သွားတတ်တယ်။

လူ့လောကမှာလဲ ပိုင်နက်ပေါ့ဗျာ။ သူ့ပိုင်နက်လက်တစ်သစ်လောက်ကလေးထဲ ကူညီပေးရင်း မသိလိုက်မသိဖာသာ ၀င်ရောက်မိသွားရင် ၀င်ရောက်သူရဲ့  အပြစ်ဘဲ မဟုတ်လား။ စေတနာဟာ တစ်ခါတစ်လေမှာ ဝေဒနာဖြစ်သွားတတ်တယ်ဆိုတာ မှတ်သားစရာ ဖြစ်သွားတာပေါ့။

သင်ခန်းစာတွေပေါ့ဗျာ။

......

4 comments:

  1. ကိုကိုမောင်ရေ သင်ခန်းစာတွေကို ဆက်တိုက်ဖတ်သွားပါတယ် သူငယ်ချင်း ပျော်ရွင်ပါစေ

    ReplyDelete
  2. ဒါလဲ သိပြီးသားပေမဲ. ဖတ်လို.ကောင်းတာဘဲ

    ReplyDelete
  3. မှတ်သွားပါတယ်နော် ..း)

    ReplyDelete
  4. I have loaded your website in Several different internet browsers and I must say your blog loads a lot quicker then most.
    Would you mind contacting me the company name of your
    hosting company? My personal e-mail is: louiemiley@hotmail.
    de. I'll even sign up through your affiliate link if you would like. Appreciate it

    Feel free to surf to my blog: video

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။