Tuesday, 14 April 2009

ထမင်းချက်ရဦးမယ်

မြန်မာမှာ
မနေ့က ရေပက် ဒီနေ့လဲ ထပ်ပက်
ကြည့်ရင်းနဲ့ အပျော်တစ်ဝက်ကူးစက်ခဲ့ပြီး
တပ်မက်စရာမရှိတဲ့ ဒီလန်ဒန်မြေဟာ
သေချာအဖြေရှာကြည့်လိုက်တော့
သေရွာပြန်အသူရကာယ်တွေရဲ့  နေရာများဖြစ်လေရော့သလား။


ပိတောက်တွေနဲ့အတူ အပြတ်ကဲနေကြမဲ့ ရွှေမြန်မာ
ကျနော်သာ ရန်ကုန်မှာရှိနေရင်
ဒဂုံမြေမှာ အပျော်ကျူးသူတစ်ယောက်ထပ်တိုးဦးမှာ သေချာတယ်။


မြင်သာမြင် မကြင်ရတဲ့မေတ္တာနှင့်
ကြင်သာကြင် မမြင်ရတဲ့ မေတ္တာ
ဘယ်ဟာမှ သစ္စာမမည်ပေဘူး။


မြန်မာတီဗီဖန်သားပြင်ပေါ်
ပျော်ရွှင်စရာ သင်္ကြန်ယိမ်းအကတွေ နေရာယူနေခိုက်
ကမ္ဘာတစ်ဝိုက်က ပြစ်မှု ဆူပူမှု သေကြေမှုတွေ အစီအရီ
ဘီဘီစီ သတင်းကဏ္ဍမှာ နေရာယူထားကြလေရဲ့ ။


BurmeseClassic ပေါ်တက်ပြီး သင်္ကြန်လှပျိုဖြူလေးတွေကို ရှုစားရင်း
အတင်းတိုးဝင်လာတဲ့ လေပြင်းလေးတစ်ချက်ကြောင့်
ဖြတ်ကနဲ သတိရမိတာက
ထပ်တစ်လဲလဲ အာဟာရတွေအတွက်
(ကျနော်တစ်ယောက်)
ညနေစာ ထမင်းချက်ရဦးမှာပါလား။

...

1 comment:

  1. ထမင်းချက်ပြီးရင် လာစားမယ် သင်္ကြန်ကို နည်းမျိုးစုံနဲ့ အလွမ်းဖြေနေရတာပေါ.သယ်ရင်း ပျော်ရွင်ပါစေ.

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။