Friday, 16 January 2009
သံယောဇဉ်မီး
မမြင်ရပေမဲ့
ထာဝရရစ်ပတ်တဲ့ ရူပ
ရှုမ၀။
နားထောင်မရပေမဲ့
ကြားယောင်အောက်မေ့လှတဲ့ သဒ္ဒ
ဆွေးမြမြ။
နမ်းမရပေမဲ့
ခပ်ကြမ်းကြမ်း ဂန္ဓ
စူးရှရှ။
စားသောက်မရပေမဲ့
အများကြောက်ရတဲ့ ရသ
ရှတတ။
ကိုင်မရပေမဲ့
ထိုင်ငိုင်ရလောက်တဲ့ ဖောဋ္ဌဗ္ဗ
လွမ်းတသ။
ဓမ္မတာသဘောက
မနောတံခါးကိုလာခေါက်
တဒေါက်ဒေါက်မြည်ဟီး
အဲဒါ သံယောဇဉ်မီး။
3 comments:
  1. သံယောဇဉ်မီး တဲ့နာမည်ရောစာသားရောမိုက်တယ်
    ReplyDelete
  2. အလဲ့ တယ်ဟုတ်ပါလား ကဗျာလေးက။
    ReplyDelete
  3. မမြင်ရပေမဲ့
    ထာဝရ ညစ်ပတ်တဲ့ သူမ
    ဘုကျကျ။
    နားထောင်မရပေမဲ့
    စကားဟောင်ဖွလေတဲ့ သူ့သဒ္ဒ
    နားညည်းလှ။
    နမ်းမွှေးမရပေမဲ့
    ချွေးနံ့သင်းပျံ့တဲ့ ဂန္ဓ
    စူးရှရှ။
    စားသောက်မရပေမဲ့
    တအားပေါက်လှတဲ့ ရသ
    ဂွကျကျ။
    ကိုင်မရပေမဲ့
    ဂနိုင်ဝမှာ မြိုင်ထနဲ့ စတိုင်ကျတဲ့ ဖောဋ္ဌဗ္ဗ
    သွားရည်ကျ။
    တောသားကို လာခေါက်
    တဒေါက်ဒေါက် မြည်ဟီး
    အဲဒါ သံလက်သီး။
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။