Tuesday, 6 January 2009

တောင်းဆု

အနှုတ်လက္ခဏာတွေပြနေတဲ့
ဆောင်းကာလတွေရဲ့  လှည့်စားမှုအောက်မှာ
တစ်ယောက်ယောက်ကို တမ်းတနေပေမဲ့
နွမ်းလျစွာ သက်ပြင်းချသံတွေ
တစ်ခန်းလုံး ညံနေလေရဲ့ ။

အအေးကြိုက်လှပါတယ်ဆိုတဲ့ ကျနော်
အအေးခိုက်လို့ အော်ဟစ်ရမတတ်
အဆွေးတွေ ရင်မှာပိုက်လို့
အတွေးတွေ ရောက်ရောက်လာတယ်။

ရေတွေ အေးခဲပေမဲ့
အသဲတွေ ဆွေးမြဲဆွေးလျက်ပါ
သွေးခဲနေတဲ့ နှင်းပွင့်လေးတွေလို
ကျနော့်အသဲ အေးခဲပါစေသား။

1 comment:

  1. ဆောင်းနဲ့ အလွမ်း တွေ သီကုံးထားတဲ့
    ကဗျာလေး လာဖတ်ပါတယ်။
    ကဗျာကောင်းလေးပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။