
သက္ကရာဇ်တွေရဲ့ ခက်ဆစ်ကို မရခဲ့ဘူး။
ချည့်နဲ့နဲ့ရာဇ၀င်တွေကို ငါပိုင်တယ်။
ငါက
ငွေရဖို့ဆိုရင်
ငါ့လက်ဖ၀ါးပေါ်က
ဆော်လမွန်လက်စွပ်တောင်ရောင်းလိုက်ချင်တာ။ (ပွဲစားမလို)
အမှတ်တရဖွင့်ရလောက်တဲ့
အလွမ်းသီချင်းမရှိပါဘူး
အော်
ငါ့နှလုံးသားဟာ
ပျားသလက်မဟုတ်ဘူးလို့ ယုံကြည်တယ်။
နေကမြင့်ပြီး
လူတွေက ရင့်လာပေမဲ့
ငါ့အတွက် သင်္ချိုင်းမတွေ့သေးဘူး။
အထီးကျန်ခြင်း
နွမ်းပါးခြင်း
လမ်းသလားခြင်း
ငါ့ကိုမွမ်းမံတဲ့
စိတ္တဇနာမ်တွေလေ။
သဲကန္တာရမှာ ရေကြီးပြီး
ပင်လယ်ရေငတ်တဲ့နေ့က
ငါနိဗ္ဗာန်ရောက်ကြောင်း
အိပ်မက်မက်တယ်။
ပစ္စလက်ခတ် ဘ၀တစ်ခုကို
သေသေသပ်သပ်ဖန်တီးရင်း
အတ္တတွေနဲ့ဘောင်ခတ်ခဲ့တော့
သံသရာဝဲဂယက်ထဲက
ငါ့ရဲ့ တယောအိုလေးကလဲ
အဖျားမကျ
သေရာပါဗလပွဘဲ။
ချည့်နဲ့နဲ့ရာဇ၀င်တွေကို ငါပိုင်တယ်။
ငါက
ငွေရဖို့ဆိုရင်
ငါ့လက်ဖ၀ါးပေါ်က
ဆော်လမွန်လက်စွပ်တောင်ရောင်းလိုက်ချင်တာ။ (ပွဲစားမလို)
အမှတ်တရဖွင့်ရလောက်တဲ့
အလွမ်းသီချင်းမရှိပါဘူး
အော်
ငါ့နှလုံးသားဟာ
ပျားသလက်မဟုတ်ဘူးလို့ ယုံကြည်တယ်။
နေကမြင့်ပြီး
လူတွေက ရင့်လာပေမဲ့
ငါ့အတွက် သင်္ချိုင်းမတွေ့သေးဘူး။
အထီးကျန်ခြင်း
နွမ်းပါးခြင်း
လမ်းသလားခြင်း
ငါ့ကိုမွမ်းမံတဲ့
စိတ္တဇနာမ်တွေလေ။
သဲကန္တာရမှာ ရေကြီးပြီး
ပင်လယ်ရေငတ်တဲ့နေ့က
ငါနိဗ္ဗာန်ရောက်ကြောင်း
အိပ်မက်မက်တယ်။
ပစ္စလက်ခတ် ဘ၀တစ်ခုကို
သေသေသပ်သပ်ဖန်တီးရင်း
အတ္တတွေနဲ့ဘောင်ခတ်ခဲ့တော့
သံသရာဝဲဂယက်ထဲက
ငါ့ရဲ့ တယောအိုလေးကလဲ
အဖျားမကျ
သေရာပါဗလပွဘဲ။
No comments:
Post a Comment
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။