Tuesday, 30 December 2008

အနတ္တရှာပုံတော်

ဒုက္ခကို ရေလုံပြုတ်သောက်ပြီး
သုခတွေကို ချောင်ထိုး
မရိုးနိုင်တဲ့ အတ္တတွေနဲ့
အနိစ္စတရားကို သုတေသနပြုနေမိခဲ့တယ်။

အသုဘကို သုဘရာဇာတွေ
လောင်တိုက်သွင်းခိုက်
သုဘတရားတွေက
လောကအပြင်ဘက် ပြေးထွက်သွားကြတယ်။

ဥပေက္ခာဝတ်ရုံလွှာကို ခြုံပြီး
မေတ္တာတရားကို ဒေါသဆီပူအိုးထဲ ထိုးထည့်
ငဲ့ကွက်စရာ ကရုဏာမျက်ဝန်းတစ်စုံက မဟာဒုက်အသွင်ဆောင်လေတော့
သူများအောင်မြင်ရင် ပျော်ရွှင်တတ်တဲ့ မုဒိတာလေး
ဟိုး အဝေးတစ်နေရာမှာ
ဆွေးလို့ ဆွေးလို့။

နိစ္စပဉ္စလက်နောက် လိုက်ကစားရင်း
ဒဏ္ဍာရီတွေေ၀၀ါးနေခိုက်မှာ
အလမ္ပါယ်ဆရာရဲ့  လှည့်ကွက်အောက်က မြွေဟောက်လို
အတ္တတွေတစ်ဖွားဖွား မွေးထုတ်ရင်း
အနတ္တတရားကို ရှာဖွေထွက်ခဲ့တယ်။


No comments:

Post a Comment

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။