Monday, 29 December 2008

အမှောင်ကိုဝတ်ဆင်ကြသူများ


အချစ်ကလေးရေ......

ကော်ဖီကောင်းတစ်ခွက်က
မျက်နှာပေါ်လောင်းချဖို့မဟုတ်ဘူး။

ယုန်တွေရေသောက်တဲ့နေ့က
တော်ပေါ်မှာ ပဒုမ္မာကြာပန်းတွေ ငွါးငွါးစွင့်စွင့်ပွင့်လို့။

ထုံးမပါတဲ့ကွမ်းယာကိုဝါးရင်း
ဆားမပါတဲ့ဟင်းအကြောင်းစဉ်းစားနေမိခဲ့တယ်။

ချစ်ကြည်နူးလို့ မျက်ရည်လည်ရင်း
မုန်းလို့ကျခဲ့တဲ့မျက်ရည်အကြောင်း ခေါင်းထဲပြည့်နေဆဲ။

ရယ်မောသံတွေကို မဟူရာညက ၀ါးစားနေခိုက်
ငိုရှိုက်သံတွေ မိုးရေထဲ စီးမျောနေလေရဲ့ ။

ဝံပုလွေတစ်ကောင်ရဲ့  မေတ္တာတေးသီချင်းက
ဖျံတစ်ကောင်အတွက် လွမ်းဆွတ်စေတယ်။

အချစ်ကလေးရေ.....
မင်းလေးသောက်သုံးနေတဲ့
မိုးရေအေးအေးတစ်စက်ဟာ
တိမ်မဲညိုတွေရဲ့  ကြေကွဲမှုကြောင့်ကျတဲ့
မျက်ရည်တွေဆိုရင်
ခေါင်းလောင်းထိုးသံကြားတိုင်း
သာဓုခေါ်နိုင်ပါ့မလား။ ။



1 comment:

  1. အချစ်ကလေးရေ......

    ဘီယာကောင်းတခွက်က
    ရှူရှူးကောင်းကောင်း ပေါက်ထွက်ဖို့ မဟုတ်ဘူး။

    တပ်ချုပ်ကြီးတွေ ယူနီဖောင်းလဲတဲ့နေ့က
    မော်ဒယ်မလေးတွေ လုံလုံခြုံခြုံ ၀တ်လို့ … ။

    အမြှုပ်မပါတဲ့ ဘီယာကို သောက်ရင်း
    အမြည်းမပါတဲ့ အရက်ဝိုင်းအကြောင်း စဉ်းစားနေမိတယ်။

    ဗိုက်တွေနူးလို့ လေလည်ရင်း
    ရင်တွေပြည့်လို့ လေချဉ်တက်တဲ့အကြောင်း ခေါင်းထဲ ပြည့်နေဆဲ။

    ဟီလာထ-သံတွေကို အရုဏ်တက်မှာ ကြားနေခိုက်
    နှပ်ချေးညှစ်သံတွေ လေပြေထဲ စီးမျောနေလေရဲ့

    နွားတကောင်ရဲ့ ဘွတ်အဲတေးသီချင်းဟာ
    မျောက်တကောင်အတွက် နားညည်းစေတယ်။

    အချစ်ကလေးရေ …
    မင်းလေးခပ်ချိုးနေတဲ့
    ရေညစ်ထေးထေး တခွက်ဟာ
    ဧရာဝတီမြစ်ကမ်းစပ်ကနေ
    ကျွဲပခုံးထအောင် ငါထမ်းထားတဲ့
    ရွှံ့ပုပ်ရေတွေဆိုရင်
    ရေပုံးထမ်းပိုးသံကြားတိုင်း
    ရေချိုးချင်နေမှာလားးးးးးးးး ။ :D

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။