Thursday, 31 December 2015

နှစ်ဟောင်းနှစ်သစ် တောင်းဆုစစ်

နှစ်ဟောင်းကိုကွယ် စွန့်ကာထားလို့
နှစ်သစ်များနဲ့ ပျော်ကြမယ်။

မကောင်းမှုတွေကို ထားကျန်ရစ်ပေါ့
ကောင်းတာဖြစ်ဖို့ အားထုတ်ကွယ်။

လွှင့်ပစ်ပါကွယ် အမုန်းများကို
အပြုံးများနဲ့ အစားထိုးမယ်။

ဒုက္ခတွေကို မေ့ကာထားလို့
သုခပွါးဖို့ ကြိုးစားကွယ်။

ကျန်းမာချမ်းသာ လာဘ်တွေကောင်းဖို့
ဆုတွေတောင်းလို့ ပေးလိုက်တယ်။

ကိုယ်စိတ်နှစ်ဖြာ မှန်စွာသစ်လို့
နိုင်ငံသစ်သို့ ချီတက်မယ်။

တက်မယ် တက်မယ်။

.

3 comments:

  1. ချီတက်ကြပါစို့ သကြီးရေ... :P

    ReplyDelete
  2. ချီတက်ကြမယ်လေ။
    ပျောက်ချက်သားကောင်းလှတဲ့ ဦးအွတ်ထောင်။

    ReplyDelete
  3. အွတ်ထောင်လဲပျောက်
    သူကြီးလည်းပျောက်
    ဗာလင်တိုင်းရောက်မှမြင်လိုက်ရတဲ့ နှစ်ယောက် :P

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။