ချမ်းသာစေရေး၊ မေတ္တာပေး
ယီးလေ့လေး ယီးလေ့လေး။
သန့်ရှင်းသုတ်သင်၊ ကိုယ်ကိုပြင်
ကြည်လင်စိတ်အေး၊ ကျန်းမာရေး
ယီးလေ့လေး ယီးလေ့လေး။
ရောင်းရင်းတို့ရေ၊ တို့တတွေ
တို့မြေသာရေး၊ စဉ်းစားတွေး
ယီးလေ့လေး ယီးလေ့လေး။
ဒေါသအရောင်၊ စိတ်အမှောင်
ပယ်ရှောင်ခွါပေး၊ ထားခဲ့လေး
ယီးလေ့လေး ယီးလေ့လေး။
ကျေးငှက်သာရကာ၊ သံသာသာ
ချိုစွာသီပေး၊ လှသည့်တေး
ယီးလေ့လေး ယီးလေ့လေး။
နေ့ရက်တခွင်၊ ပြုံးပန်းဆင်
ပျော်ရွှင်စေရေး၊ ဦးစားပေး
ယီးလေ့လေး ယီးလေ့လေး။
ကိုယ့်မြို့ကိုယ့်ရွာ၊ ညီညွတ်စွာ
ပညာတတ်ရေး၊ လုပ်ဆောင်ပေး
ယီးလေ့လေး ယီးလေ့လေး။
ဆုတောင်းမင်္ဂလာ၊ အောင်ကြောင်းဖြာ
မှန်စွာပြည့်ရေး၊ ကောင်းချီးပေး
ယီးလေ့လေး ယီးလေ့လေး။
(တုံးဖလားသူကြီးမင်း
၀၄၊၁၀၊၂၀၁၅ တနင်္ဂနွေ နံနက် ၁ နာရီ)
.
ဘလော့ရွာကြီး စည်ပင်ဘို့အရေး
ReplyDeleteသူကြီးခေါင်းဆောင်လို့ လုပ်ဆောင်ပေး
ယီးလေလေ့ ယီးလေလေး ..... ^_^
မတွေ့တာကြာလို့
ReplyDeleteနှုတ်ခွန်းဆက်ပေး
ကောမက်လေးလာရေး
ယီးလေလေ့ ယီးလေလေးးး
PLEASE ORGANIZE YOUR BLOGGER FRIENDS LIKE BEFORE .A LOT OF BLOGGERS DISAPPEAR FROM BLOG.I FEEL SO SAD ABOUT THAT. THANKS THU GYI MIN.
ReplyDeleteWITH GREAT EXPECTATION........
MAY