Tuesday, 26 May 2015

ပွင့်ပါ


ပွင့်ပါ
ဖြူဖြူစင်စင်ပွင့်ပါ။

ပွင့်ပါ
ပင်လုံးကျွတ်ပွင့်ပါ။

ပွင့်ပါ
မြင်သာထင်သာပွင့်ပါ။

ပွင့်ပါ
လွတ်လွတ်လပ်လပ်ပွင့်ပါ။

ပွင့်ပါ
လှလှပပပွင့်ပါ။

ပွင့်ပါ
ရဲရဲဝံ့ဝံ့ပွင့်ပါ။

ပွင့်ပါ
ယုံယုံကြည်ကြည်ပွင့်ပါ။

ပွင့်ပါ
ဖြောင့်ဖြောင့်မတ်မတ်ပွင့်ပါ။

ပွင့်ပါ...

ပွင့်ကြပါ....

ကိုယ့်ရဲ့နှင်းဆီ
ကိုယ်ယုံကြည်က
ပီပြင်စွာသာ
ပွင့်ကြပါလေ။

3 comments:

  1. ပြောရင်ယုံတယ်မဟုတ်လား သူကြီးမင်းရေ ...
    ကဗျာလေးဖတ်ပြီး သဘောကျလို့ တန်ပြန်ကဗျာလေးပြန်စပ်နေတာ နာရီဝက်ကျော်သွားပြီ။
    ပါရမီအရင်းခံအားနည်းတော့ ကဘောက်တိကဘောက်ချာဖြစ်နေဆဲမို့ :P
    ကဗျာလေးက အတွေးနက်နက်နဲ့ အဓိပ္ပာယ်ကျယ်ကျယ် စပ်ထားပုံရတယ် ...

    ReplyDelete
  2. သာဂျီးမင်းရေးတဲ့ကဗျာ အရသာရှိလိုက်တာ
    ဟုတ်တာပေါ့
    ပွင့်ပါ ဖြူဖြူစင်စင်ပွင့်ကြပါ.....။

    ReplyDelete
  3. တီတင့်။
    တီတင့်က ဘာဘဲလုပ်လုပ် လုပ်ရင် အကုန်ဖြစ်ပါတယ်။
    သူကြီးကသာ ဟိုယောင်ယောင် ဒီယောင်ယောင်ရယ်။

    စံပယ်ချို။
    ကျေးဇူးတင်ပါတယ် ကြောင်စမင်း။ ပွင့်ကြမှာပါ ဖြူဖြူစင်စင်။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။