Saturday, 6 September 2014

ချန်ပီယံများသို့ ဂုဏ်ပြုတေးထပ်



ဖလားတွေ ဆင် ဆင် ဆင့်
မြင် မြင် မြှင့်တင်ပုံ။
ရင် ရင် ရင့်အခုန်
ကြင်ကြင့်စုံ ရွှေဘော။
ပျော် ပျော် ပျော့် မော် မော့ မော်တယ်
ကျော် ကျော့် ကျော် နိမိတ်အဟော။

ရွှေ ရွှေ ရွှေ့  ရွှေပြည်ခွင်မယ်
ဆွေကြည်ရွှင် မနော။
နေခြည်ဆင် အစောထတော့
သဘောကျ လန်းပုံ။
ရွှင် ရွှင့် ရွှင် ရွှင်မဆုံး
ခင်ခင့်ပြုံး ဇောကပ်လို့ တုန်။

တင်တင့်လို့  ညင်ညင့်ခုန်သည်
လျင်လျင့်ပုံ အပြုံးနဲ့။
မရှုံးကွဲ့ မြန် မြန့် မြန်
ငါတို့ရဲ့ စံ။
အောင်ပွဲရ မှန် မှန့် မှန်တယ်
ချန် ချန့် ချန် ပီယံတဲ့လေး။  ။


(တုံးဖလားရွာစား သူကြီးမင်း)း)



မဒမ်ကိုး(ဒေါ်စိန်တင်) ရဲ့ BPP Challenge ကို အောင်ပွဲရ မြန်မာဘောလုံးချန်ပီယံနှစ်သင်းအတွက် ဂုဏ်ပြုတေးထပ်ဖြင့် ပြန်လည်တုန့်ပြန်ပေးလိုက်ပါတယ်။ အောက်ပါ ဘလော့ဂါများကိုလည်း ထပ်မံ၍ BPP Challenge  လုပ်ပေးလိုက်ပါတယ်။ အချိန်လေး အနည်းငယ်ရှိရင်ဖြင့် ဘကုန်းရွာကြီးအား မစတော်မူကြပါ ခင်ဗျား။း)


.


6 comments:

  1. တုံးဖလားရွာစား သူကြီးမင်းရဲ့
    ချန်ပီယံများသို့ ဂုဏ်ပြုတေးထပ် ကို ဦးဆုံး
    ဂုဏ်ပြုခဲ့ပါကြောင်း

    ReplyDelete
  2. ချန်ပီယံများသို့ ဂုဏ်ပြုတေးထပ်လေး အားပေးသွားတယ် သူကြီးမင်းရေ … :D
    စိတ်ရှုပ်ထွေးမှု အာရုံနောက်မှု စိတ်လေးလံထိုင်းမှိုင်းမှုတို့ကို တိုတောင်းတဲ့ အချိန်အတွင်းမှာ ပကတိ ပျောက်ကင်းသွားအောင် ကုသပေးနိုင်တာ ဘလော့ဂါတို့ရဲ့တုနှိုင်းမမှီ ပို့စ်တွေပါလားနော် … :P
    အခုသူကြီးမင်းရဲ့ တေးထပ်လေးကြောင့် ပြုံးနိုင်ပြီ ... :)

    ReplyDelete
  3. အကိုရေ.. ညီမရေးပြိးပါကြောင်းနဲ့ ချန်ပီယံလောင်း များကိုလည်း ဂုဏ်ပြုသွားပါကြောင်း... :)))

    ReplyDelete
  4. ဟုတ်တယ် သူကြီးအဲလူတွေကျန်နေသေးတယ် ခုက တစ်ယောက်တစ်ယောက်ချဲလန့်ပတ်ချာလှည့်ခေါ်နေကြတာ...မရေးရသေးသူများကို ခေါ်ရမယ်..း)

    ReplyDelete
  5. သဂျီးမင်းရယ်...
    ကြင်ကြင့်စုံ ရွှေဘော..ဆိုလို့ တေးထက်ဖတ်ရင်းလန့်သွားရတာ။ တော်သေး..မြန်မာဘောလုံးအသင်း ဂုဏ်ပြုခြင်းကိုး..။ ကောင်းလေစွ..ကောင်းလေစွ..

    ReplyDelete
  6. ချန်ပီယံဆိုလို့ဘလော့ဂါများနပန်းသတ်ပွဲကိုချန်ပီယံဆုဆိုဘယ်လိုနေမလဲနော် တဂျီး စဉ်းစားမိတာပြောပါတယ်
    wwe လိုမျိုးလေ ဟီးး

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။